ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး ေလ့လာသံုးသပ္ခ်က္ မေကြးတြင္ ျဖန္႔ေဝ

ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး ေလ့လာသံုးသပ္ခ်က္ မေကြးတြင္ ျဖန္႔ေဝ
ဧပြီ 8, 2018
By Tachileik News Agency

၂၀၀၈ ဖဲြ႔စည္းပံု အေျခခံဥပေဒ အခန္း(၅) ပုဒ္မ၂၈၈ ႏွင့္ ပုဒ္မ ၂၈၉ တို႔ကို ျပင္ဆင္ႏိုင္ေရး ေလ့လာ သံုးသပ္ခ်က္ အစီရင္ခံစာကို ဒီမိုကေရစီဖံြ႔ၿဖိဳးတိုးတက္ေရး လႈပ္ရွားေဆာင္ရြက္မႈေကာ္မတီ (ACDD)က  မေကြးၿမိဳ႕တြင္ ဧၿပီလ (၇)ရက္ေန႔ ညေနပိုင္းက ျဖန္႔ေဝေၾကာင္း သိရသည္။

" ရပ္ကြက္(သို႔)ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးဥပေဒကို ျပင္ဆင္ဖုိ႔အတြက္ စစ္တမ္းေတြေကာက္ယူၿပီး အခန္း(၅) ပုဒ္မ၂၈၈ နဲ႔ ပုဒ္မ ၂၈၉ တို႔ကို ျပင္ဆင္ႏိုင္ေရးအတြက္ ေလ႔လာသံုးသပ္ခ်က္ ျပည္သူ႔သေဘာထားအစီ ရင္ခံစာတစ္ေစာင္ ထုတ္နိုင္ခဲ့ပါတယ္။ အဲဒီ အစီရင္ခံစာပါအခ်က္အလက္ေတြကို ျဖန္႔ေဝရွင္းလင္းတာပါ။ ရွင္းလင္းပြဲေတြကရတဲ့ အခ်က္အလက္ေတြကုိ ျပန္စုစည္းၿပီးေတာ့ လႊတ္ေတာ္ကို ထပ္တင္နုိင္ဖို႔အတြက္ ေဆာင္ရြက္သြားမွာပါ"ဟု ACDD မွ သင္တန္းမွဴး ရဲရင္႔ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ACDD ကို ၂၀၁၃ ခုနွစ္တြင္ စတင္ဖြဲ႕စည္းၿပီး အေျခခံဥပေဒျပင္ဆင္ေရးအတြက္ ေလ့လာမႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္သည္ဟု ဆိုသည္။

"ပုဒ္မ ၂၈၈ မွာ ခရိုင္နဲ႔ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးေတြကို ႏိုင္ငံဝန္ထမ္းမ်ားကိုသာ တာဝန္ေပးခန္႔အပ္ ရမည္လို႔ ပါတယ္။ ပုဒ္မ ၂၈၉ မွာက်ေတာ႔လည္း ရပ္ကြက္/ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးေတြကို ရပ္ကြက္ေက်း ရြာက အမ်ားၾကည္ညိဳေလးစားခံရတဲ႔ ၾသဇာရိွသူကို ေရြးခ်ယ္ရမည္လို႔ ျပဌာန္းထားတယ္။ ဒီမိုကေရစီစံ ႏွဳန္းအရဆိုရင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဆိုတာ အဲဒီၿမိဳ႕မွာရိွတဲ႔ ျပည္သူလူထုက ေရြးခ်ယ္တင္ေျမႇာက္ရမယ္။ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးကိုလည္း ခရိုင္ အတြင္းမွာရိွတဲ႔ ၿမိဳ႕နယ္အသီးသီးက ေရြးခ်ယ္တင္ေျမႇက္တာမ်ိဳးျဖစ္ ရမယ္။ ဒါေၾကာင္႔ ပုဒ္မ ၂၈၈ ကို ျပင္ဆင္သင္႔တယ္။ တစ္ခါ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးက်ေတာ႔ ျပည္သူ လူထုက ေရြးခ်ယ္ေပးရတာမွန္တယ္။ သို႔ေသာ္ ျပည္ထဲေရးေအာက္မွာရိွတဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ခရိုင္ အုပ္ခ်ဳပ္ေရးမွဴးကို တင္ျပအတည္ျပဳခ်က္ယူၿပီးမွ ခန္႔ထားတာျဖစ္လို႔ ဒါလည္း ဒီမိုကေရစီစံႏွဳန္းနဲ႔ မကိုက္ညီ ဘူး။ ဒါေၾကာင္႔ ပုဒ္မ ၂၈၉ ကိုလည္း ျပင္ဆင္သင္႔တဲ႔အတြက္ ACDD ရဲ႕ အစီရင္ခံစာအေပၚ ေထာက္ခံ ပါတယ္"ဟု ကံျပား ေက်းရြာမွ တက္ေရာက္လာသည္႔ ဦးေဇာ္မိုးထြန္းက ေျပာသည္။

အဆိုပါ အစီရင္ခံစာျဖန္႔ေဝရွင္းလင္းပဲြသို႔ မေကြး၊ ဆိတ္ျဖဴ၊ ေရနံေခ်ာင္း၊ ေခ်ာက္၊ မင္းဘူး၊ မင္းလွ ၿမိဳ႕နယ္ အသီးသီးရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ျပည္သူလူထုအလႊာစံု စုစုေပါင္း (၁၂၀)ဦး ခန္႔ တက္ ေရာက္ ၾကေၾကာင္းသိရသည္။

သတင္း - ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၅) ပုဒ်မ၂၈၈ နှင့် ပုဒ်မ ၂၈၉ တို့ကို ပြင်ဆင်နိုင်ရေး လေ့လာ သုံးသပ်ချက် အစီရင်ခံစာကို ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (ACDD)က မကွေးမြို့တွင် ဧပြီလ (၇)ရက်နေ့ ညနေပိုင်းက ဖြန့်ဝေကြောင်း သိရသည်။

" ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ဖို့အတွက် စစ်တမ်းတွေကောက်ယူပြီး အခန်း(၅) ပုဒ်မ၂၈၈ နဲ့ ပုဒ်မ ၂၈၉ တို့ကို ပြင်ဆင်နိုင်ရေးအတွက် လေ့လာသုံးသပ်ချက် ပြည်သူ့သဘောထားအစီ ရင်ခံစာတစ်စောင် ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာပါအချက်အလက်တွေကို ဖြန့်ဝေရှင်းလင်းတာပါ။ ရှင်းလင်းပွဲတွေကရတဲ့ အချက်အလက်တွေကို ပြန်စုစည်းပြီးတော့ လွှတ်တော်ကို ထပ်တင်နိုင်ဖို့အတွက် ဆောင်ရွက်သွားမှာပါ"ဟု ACDD မှ သင်တန်းမှူး ရဲရင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ACDD ကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး အခြေခံဥပဒပြေင်ဆင်ရေးအတွက် လေ့လာမှုများ လုပ်ဆောင်နခြေင်းဖြစ်သည်ဟု ဆိုသည်။

"ပုဒ်မ ၂၈၈ မှာ ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို နိုင်ငံဝန်ထမ်းများကိုသာ တာဝန်ပေးခန့်အပ် ရမည်လို့ ပါတယ်။ ပုဒ်မ ၂၈၉ မှာကျတော့လည်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ရပ်ကွက်ကျေး ရွာက အများကြည်ညိုလေးစားခံရတဲ့ သြဇာရှိသူကို ရွေးချယ်ရမည်လို့ ပြဌာန်းထားတယ်။ ဒီမိုကရေစီစံ နှုန်းအရဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးဆိုတာ အဲဒီမြို့မှာရှိတဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ရမယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကိုလည်း ခရိုင် အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက ရွေးချယ်တင်မြှေက်တာမျိုးဖြစ် ရမယ်။ ဒါကြောင့် ပုဒ်မ ၂၈၈ ကို ပြင်ဆင်သင့်တယ်။ တစ်ခါ ရပ်/ကျေးအုပ်ချုပ်ရေးမှူးကျတော့ ပြည်သူ လူထုက ရွေးချယ်ပေးရတာမှန်တယ်။ သို့သော် ပြည်ထဲရေးအောက်မှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ခရိုင် အုပ်ချုပ်ရေးမှူးကို တင်ပြအတည်ပြုချက်ယူပြီးမှ ခန့်ထားတာဖြစ်လို့ ဒါလည်း ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီ ဘူး။ ဒါကြောင့် ပုဒ်မ ၂၈၉ ကိုလည်း ပြင်ဆင်သင့်တဲ့အတွက် ACDD ရဲ့ အစီရင်ခံစာအပေါ် ထောက်ခံ ပါတယ်"ဟု ကံပြား ကျေးရွာမှ တက်ရောက်လာသည့် ဦးဇော်မိုးထွန်းက ပြောသည်။

အဆိုပါ အစီရင်ခံစာဖြန့်ဝေရှင်းလင်းပွဲသို့ မကွေး၊ ဆိတ်ဖြူ၊ ရေနံချောင်း၊ ချောက်၊ မင်းဘူး၊ မင်းလှ မြို့နယ် အသီးသီးရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုအလွှာစုံ စုစုပေါင်း (၁၂၀)ဦး ခန့် တက် ရောက် ကြကြောင်းသိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~