ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် CI စာအုပ်ထုတ်ယူနိုင်မည့် နေရာ (၄)ခု ဖွင့်လှစ်ပေးထား

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် CI စာအုပ်ထုတ်ယူနိုင်မည့် နေရာ (၄)ခု ဖွင့်လှစ်ပေးထား
ဧပွီ 27, 2018
By Tachileik News Agency

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အနေဖြင့် CI စာအုပ်ထုတ်ယူရန် ကျန်ရှိသူများ အနေဖြင့် ဆူရတ်ဌာနီ(DOE ရုံး)၊ ချွန်ဘူရီ (DOE ရုံး)၊ ဘန်ကောက် Ministry of Labourနှင့် စမုပရာကန်ခရိုင်ရှိ Imperial ကုန်တိုက်တို့တွင် ၂၀၁၈ ခုနှစ် မေလ (၆)ရက်နေ့မတိုင်မီ ထုတ်ယူထားကြရန် ထိုင်းနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးက ဧပြီလ (၂၅)ရက်နေ့က တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ စာရင်းအရ CI စာအုပ်ထုတ်ယူရန် ကျန်ရှိသူဦးရေ (၂၈,၁၉၄) ဦးရှိနေကြောင်း သိရပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် စာအုပ်ထုတ်ယူရ လွယ်ကူစေရန် ထိုင်းနိုင်ငံ Ministry Of Labour နှင့် အလုပ်သမားသံအရာရှိရုံးတို့ ညှိနှိုင်းပြီး အဆိုပါ (၄)နေရာတွင် ထုတ်ပေးရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အနဖြေင့် CI စာအုပ်ထုတ်ယူရန် ကျန်ရှိသူများ အနဖြေင့် ဆူရတ်ဌာနီ(DOE ရုံး)၊ ချွန်ဘူရီ (DOE ရုံး)၊ ဘန်ကောက် Ministry of Labourနှင့် စမုပရာကန်ခရိုင်ရှိ Imperial ကုန်တိုက်တို့တွင် ၂၀၁၈ ခုနှစ် မေလ (၆)ရက်နေ့မတိုင်မီ ထုတ်ယူထားကြရန် ထိုင်းနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးက ဧပြီလ (၂၅)ရက်နေ့က တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ စာရင်းအရ CI စာအုပ်ထုတ်ယူရန် ကျန်ရှိသူဦးရေ (၂၈,၁၉၄) ဦးရှိနေကြောင်း သိရပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနဖြေင့် စာအုပ်ထုတ်ယူရ လွယ်ကူစေရန် ထိုင်းနိုင်ငံ Ministry Of Labour နှင့် အလုပ်သမားသံအရာရှိရုံးတို့ ညှိနှိုင်းပြီး အဆိုပါ (၄)နေရာတွင် ထုတ်ပေးရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာ(၄)ခုတွင် CI စာအုပ်ထုတ်ယူရန်နှင့် VISA၊ WorkPermit များအား တစ်ပြိုင်တည်း ဆောင်ရွက်နိုင်သကဲ့သို့ ယခင်ဖွင့်လှစ်ပေးထားသည့် မိမိတို့နေထိုင်ရာနှင့် နီးစပ်သည့် CI စခန်းများတွင်လည်း CI စာအုပ်ပြုလုပ်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~