တာလေမြို့တွင် တရုတ်နိုင်ငံသားတစ်ဦး လျှိုအတွင်း ကားထိုးကျသွား၍ သေဆုံး

တာလေမြို့တွင် တရုတ်နိုင်ငံသားတစ်ဦး လျှိုအတွင်း ကားထိုးကျသွား၍ သေဆုံး
ဧပွီ 5, 2018
By Tachileik News Agency

တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုအတွင်း တရုတ်နိုင်ငံသား တစ်ဦး ပေ(၁၀၀)ခန့်ရှိ လျှိုထဲသို့ ကားထိုးကျသွား၍ သေဆုံးသွားကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ်ကြောင့်  တရုတ်နိုင်ငံသား Liang Yi Weng သည် ဦးခေါင်းကွဲဒဏ်ရာ၊ ၀ဲဘက်ဗိုက်ညိုမဲဒဏ်ရာ၊ ယာဘက်မျက်ခုံးနှင့် ပါးရိုးညိုမဲဒဏ်ရာများ အသီးသီးရရှိကာ သေဆုံးသွားခြင်း ကြောင်းနှင့် ရုပ်အလောင်းအား တာလေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။


သတင်း - စိုင်းဇေယျာ
ဓါတ်ပုံ - တာလေ ထွေ/အုပ်



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ တာလမြေို့၊ နားယောင်းကျေးရွာအုပ်စုအတွင်း တရုတ်နိုင်ငံသား တစ်ဦး ပေ(၁၀၀)ခန့်ရှိ လျှိုထဲသို့ ကားထိုးကျသွား၍ သေဆုံးသွားကြောင်း သိရသည်။

အသက်(၅၀)ဝန်းကျင်ရှိ တရုတ်နိုင်ငံသား Liang Yi Wengသည် ၂၀၁၈ခုနှစ် ဧပြီလ(၄)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်က Vigo အဖြူရောင် မော်တော်ယာဉ်ဖြင့် တာချီလိတ်ဘက်သို့ အလာတွင် လမ်း၏ ညာဘက် ပေ(၁၀၀)ခန့်ရှိ လျှိုထဲသို့ ထိုးကျသွားရာမှ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် တရုတ်နိုင်ငံသား Liang Yi Weng သည် ဦးခေါင်းကွဲဒဏ်ရာ၊ ဝဲဘက်ဗိုက်ညိုမဲဒဏ်ရာ၊ ယာဘက်မျက်ခုံးနှင့် ပါးရိုးညိုမဲဒဏ်ရာများ အသီးသီးရရှိကာ သေဆုံးသွားခြင်း ကြောင်းနှင့် ရုပ်အလောင်းအား တာလပြေည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။

ယာဉ်ထိုးကျမှုနှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သည့် သေဆုံးသူ တရုတ်နိုင်ငံသားအား ဥပဒေအရ တာလေနယ်မြေရဲစခန်းမှ ဒုရဲအုပ်ဇော်မိုးလှိုင်က တရားလိုပြုလုပ်ကာ ယာဉ်(ပ)၃/၂၀၁၈၊ ရာဇာသတ်ကြီးပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာလေ ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~