အဆိုေတာ္ အစၥဏီ မုဒိမ္းမႈ၊ နာက်င္ေစမႈတို႔ျဖင့္ ဖမ္းခံရ

အဆိုေတာ္ အစၥဏီ မုဒိမ္းမႈ၊ နာက်င္ေစမႈတို႔ျဖင့္ ဖမ္းခံရ
ဧပြီ 13, 2018
By Tachileik News Agency

အဆိုေတာ္ အစၥဏီ ေခၚ ဟန္ထြန္းေဇာ္အား ရည္းစားေဟာင္းျဖစ္သူ ေမာ္ဒယ္က ဧၿပီလ (၁၂)ရက္ေန႔တြင္ မုဒိမ္းမႈ၊ နာက်င္ေစမႈတို႔ျဖင့္ တာေမြၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္တုိင္ၾကားလိုက္ေၾကာင္း သိရသည္။

အသက္ (၂၇)ႏွစ္အရြယ္ ေမာ္ဒယ္ျဖစ္သူသည္ သူငယ္ခ်င္းမ်ားႏွင့္အတူ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ (၁၁) ရက္ေန႔ ည(၁၁)နာရီအခ်ိန္တြင္ ဆယ္လီဘားသို႔ ေရာက္ရွိေနစဥ္ ဧၿပီလ (၁၂) ရက္ေန႔ နံနက္ (၂)နာရီ (၄၅)မိနစ္ဝန္းက်င္၌ ရည္းစားေဟာင္းျဖစ္သူ ဟန္ထြန္းေဇာ္(ခ) အစၥဏီက ဘားအတြင္းဝင္ေရာက္ ျပႆနာ ရွာေနသျဖင့္ ေမာ္ဒယ္ျဖစ္သူက ၎ငွားရမ္းေနထိုင္သည့္ တိုက္ခန္းသို႔ ဟန္ထြန္းေဇာ္(ခ) အစၥဏီႏွင့္အတူ ျပန္လာျခင္းျဖစ္ေၾကာင္း တိုင္တန္းခ်က္တြင္ ေဖၚျပထားခ်က္အရ သိရသည္။

ေနအိမ္သို႔ အေရာက္တြင္ ဟန္ထြန္းေဇာ္(ခ) အစၥဏီက ေမာ္ဒယ္၏ အက်ႌအား အတင္းဆြဲခၽြတ္သျဖင့္ ႐ုန္းကန္စဥ္ ဦးေခါင္းျဖင့္ မွန္ဗီဒိုအား တိုက္မိခဲ့၍ ဦးေခါင္း နာက်င္ခဲ့သည့္ အျပင္ တစ္ကိုယ္လုံးအား ဖ်စ္ညႇစ္ျခင္း၊ ယာလက္ညႇိုး၊ လက္ခလယ္ႏွင့္ လက္သူႂကြယ္တို႔၏ လက္သည္းခြံမ်ားကို လွန္ခ်ိဳးသျဖင့္ နာက်င္၍ သတိေမ့ေနစဥ္ သားမယား ႏွစ္ႀကိမ္ျပဳက်င့္ခဲ့ၿပီး သတိျပန္ရလာစဥ္ ပတ္ဝန္းက်င္အား အကူအညီ ေတာင္းခံရန္ ႀကိဳးစားခဲ့ရာ ဟန္ထြန္းေဇာ္ (ခ) အစၥဏီက ၎၏ ယာေျခေထာက္အား ဗီဒိုမွန္ကြဲစျဖင့္ ျခစ္ခဲ့၍ ျပတ္ရွဒဏ္ရာ (မစိုးရိမ္ရ) ရရွိခဲ့ေၾကာင္း တုိင္ၾကားစာတြင္ ေဖၚျပထားသည္။

ထို႔ေနာက္ ေမာ္ဒယ္အမ်ိဳးသမီးက အိမ္သာအသုံးျပဳမည္ဟု အေၾကာင္းျပကာ အိမ္သာ တံခါးအား ေလာ့ခ်ၿပီး သူငယ္ခ်င္းျဖစ္သူ အမ်ိဳးသမီးတစ္ဦးထံ ဖုန္းျဖင့္ အကူအညီေတာင္းခံခဲ့ရာ နံနက္(၅)နာရီခြဲအခ်ိန္တြင္ သူငယ္ခ်င္းျဖစ္သူသည္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားျဖင့္ ေရာက္ရွိလာၿပီး ၎အားကယ္တင္နိုင္ခဲ့ေၾကာင္း ေဖၚျပထားသည္။

ဟန္ထြန္းေဇာ္ (ခ) အစၥဏီအား တာေမြၿမိဳ႕မရဲစခန္းတြင္ (ပ)၃၆၂/၂၀၁၈၊ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၂၅/၃၂၄(မုဒိမ္းမႈ/တုံးေသာ လက္နက္ျဖင့္ ျပင္းထန္နာက်င္ေစမႈ/ခၽြန္ေသာလက္နက္ျဖင့္ သာမန္နာက်င္ေစမႈ)တို႔ျဖင့္ အမႈဖြင့္စစ္ေဆး ဖမ္းဆီးထားေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

အဆိုတော် အစ္စဏီ ခေါ် ဟန်ထွန်းဇော်အား ရည်းစားဟောင်းဖြစ်သူ မော်ဒယ်က ဧပြီလ (၁၂)ရက်နေ့တွင် မုဒိမ်းမှု၊ နာကျင်စေမှုတို့ဖြင့် တာမွမြေို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားလိုက်ကြောင်း သိရသည်။

အသက် (၂၇)နှစ်အရွယ် မော်ဒယ်ဖြစ်သူသည် သူငယ်ချင်းများနှင့်အတူ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ ည(၁၁)နာရီအချိန်တွင် ဆယ်လီဘားသို့ ရောက်ရှိနေစဉ် ဧပြီလ (၁၂) ရက်နေ့ နံနက် (၂)နာရီ (၄၅)မိနစ်ဝန်းကျင်၌ ရည်းစားဟောင်းဖြစ်သူ ဟန်ထွန်းဇော်(ခ) အစ္စဏီက ဘားအတွင်းဝင်ရောက် ပြဿနာ ရှာနေသဖြင့် မော်ဒယ်ဖြစ်သူက၎င်းငှါးရမ်းနေထိုင်သည့် တိုက်ခန်းသို့ ဟန်ထွန်းဇော်(ခ) အစ္စဏီနှင့်အတူ ပြန်လာခြင်းဖြစ်ကြောင်း တိုင်တန်းချက်တွင် ဖော်ပြထားချက်အရ သိရသည်။

နေအိမ်သို့ အရောက်တွင် ဟန်ထွန်းဇော်(ခ) အစ္စဏီက မော်ဒယ်၏ အင်္ကျီအား အတင်းဆွဲချွတ်သဖြင့် ရုန်းကန်စဉ် ဦးခေါင်းဖြင့် မှန်ဗီဒိုအား တိုက်မိခဲ့၍ ဦးခေါင်း နာကျင်ခဲ့သည့် အပြင် တစ်ကိုယ်လုံးအား ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့၏ လက်သည်းခွံများကို လှန်ချိုးသဖြင့် နာကျင်၍ သတိမေ့နေစဉ် သားမယား နှစ်ကြိမ်ပြုကျင့်ခဲ့ပြီး သတိပြန်ရလာစဉ် ပတ်ဝန်းကျင်အား အကူအညီ တောင်းခံရန် ကြိုးစားခဲ့ရာ ဟန်ထွန်းဇော် (ခ) အစ္စဏီက၎င်း၏ ယာခြေထောက်အား ဗီဒိုမှန်ကွဲစဖြင့် ခြစ်ခဲ့၍ ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

ထို့နောက် မော်ဒယ်အမျိုးသမီးက အိမ်သာအသုံးပြုမည်ဟု အကြောင်းပြကာ အိမ်သာ တံခါးအား လော့ချပြီး သူငယ်ချင်းဖြစ်သူ အမျိုးသမီးတစ်ဦးထံ ဖုန်းဖြင့် အကူအညီတောင်းခံခဲ့ရာ နံနက်(၅)နာရီခွဲအချိန်တွင် သူငယ်ချင်းဖြစ်သူသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ရောက်ရှိလာပြီး၎င်းအားကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဟန်ထွန်းဇော် (ခ) အစ္စဏီအား တာမွမြေို့မရဲစခန်းတွင် (ပ)၃၆၂/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄(မုဒိမ်းမှု/တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု)တို့ဖြင့် အမှုဖွင့်စစ်ဆေး ဖမ်းဆီးထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~