ေလေၾကာင္းလူငယ္ အေျခခံသင္တန္း လိြဳင္ေကာ္တြင္ ဖြင့္လွစ္

ေလေၾကာင္းလူငယ္ အေျခခံသင္တန္း လိြဳင္ေကာ္တြင္ ဖြင့္လွစ္
ဧပြီ 23, 2018
By Tachileik News Agency

ကာကြယ္ေရးဦးစီးခ်ဳပ္ရုံး (ေလ)၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစုိးရအဖြဲ႕၊ ေဒသကြပ္ကဲမႈ စစ္ဌာနခ်ဳပ္ (လြဳိင္ေကာ္) တုိ႔ ပူးေပါင္းစီစဥ္ဖြင့္လွစ္သည့္ ေလေၾကာင္းလူငယ္အေျခခံသင္တန္း အမွတ္စဥ္ (၁/၂၀၁၈) အား ဧၿပီလ (၂၃)ရက္ေန႔တြင္ လြဳိင္ေကာ္ၿမိဳ႕၊ ျပည္နယ္ခန္းမတြင္ က်င္းပေၾကာင္း သိရသည္။

ေလေၾကာင္း သိပံၸပညာရပ္မ်ားႏွင့္ ပတ္သက္ၿပီး လက္နက္မဲ့ စစ္ေရးျပ ဘာသာရပ္၊ ေလေၾကာင္းသမုိင္း ဘာသာရပ္၊ ေလယာဥ္ ပ်ံသန္းမႈ အေျခခံဘာသာရပ္ (RC ေလယာဥ္ႏွင့္ Simulator ေမာင္းႏွင္ ပ်ံသန္းျခင္း)၊ ေလယာဥ္ တည္ေဆာက္မႈ ဘာသာရပ္၊ စက္အုံတည္ ေဆာက္မႈ ဘာသာရပ္၊ ေလယာဥ္ ပုံစံငယ္ တည္ေဆာက္မႈ ဘာသာရပ္ (RC ေလယာဥ္ႏွင့္ Solid Model ေလယာဥ္ပုံစံငယ္) စသည့္ ဘာသာရပ္ (၆) မ်ဳိး အား သင္ၾကားပုိ႕ခ် ေပးမည့္ အဆိုပါ သင္တန္းကို ေမလ (၁၈) ရက္ေန႔ အထိ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းမ်ားကို ေလတပ္စခန္း ဌာနခ်ဳပ္ရွိရာ ေနရာေဒသမ်ားအျပင္ လိြဳင္ေကာ္၊ မႏၱေလး၊ မုံရြာႏွင့္ ေတာင္ႀကီးၿမိဳ႕ မ်ားတြင္ တစ္ၿပိဳင္တည္းဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရၿပီး ကယားျပည္နယ္တြင္ ၂၀၁၇ ခုႏွစ္က ဖြင့္လွစ္သည့္ ပထမဆုံးအႀကိမ္ ေလေၾကာင္း လူငယ္သင္တန္းမွ ထူးခြ်န္သင္တန္းသား (၃)ဦးမွာ ေလေၾကာင္းလူငယ္တန္းျမင့္ သင္တန္းသို႔ တက္ေရာက္ခြင့္ရေနၿပီျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္ တြင္ ပထမအႀကိမ္ ဖြင့္လွစ္ခဲ့သည့္ (၁/၂၀၁၇) သင္တန္းမွ သင္တန္းသား(၁)ဦးသည္ RC ေလယာဥ္ေမာင္းၿပိဳင္ပြဲတြင္ ဒုတိယ ဆုရရွိခဲ့ၿပီး အျခား (၁)ဦးမွာ RC Simulator ၿပိဳင္ပြဲတြင္ တတိယဆု ရရွိခဲ့ကာ ျမန္မာတစ္ႏုိင္ငံလုံးအေနျဖင့္ လြဳိင္ေကာ္ သင္တန္းမွ တတိယအဆင့္ ရရွိခဲ့ေၾကာင္း သိရသည္။

ယေန႔ဖြင့္လွစ္သို႔ အခမ္းအနားသုိ႕ ကယားျပည္နယ္အစုိးရအဖြဲ႕၊ ၀န္ႀကီးခ်ဳပ္၊ ျပည္နယ္ အစုိးရအဖြဲ႕၀င္ ၀န္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္ စာရင္း စစ္ခ်ဳပ္၊ ေဒသ ကြပ္ကဲမႈ စစ္ဌာနခ်ဳပ္(လြဳိင္ေကာ္)မွ တာ၀န္ရွိသူမ်ား၊ ေတာင္ငူေလတပ္စခန္း ဌာနခ်ဳပ္မွ တာ၀န္ရွိသူမ်ား၊ ဌာနဆုိင္ရာ တာ၀န္ရွိသူမ်ား၊ သင္တန္းတက္ေရာက္မည့္ သင္တန္းသား/ သင္တန္းသူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

ဓါတ္ပံု - ကယားျပည္နယ္အစုိးရအဖြဲ႕ရုံး


~~~~~~~~⊰❂ unicode ~~~~~~~~

ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် လေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၁၈) အား ဧပြီလ (၂၃)ရက်နေ့တွင် လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပကြောင်း သိရသည်။

လေကြောင်း သိပံ္ပပညာရပ်များနှင့် ပတ်သက်ပြီး လက်နက်မဲ့ စစ်ရေးပြ ဘာသာရပ်၊ လေကြောင်းသမိုင်း ဘာသာရပ်၊ လေယာဉ် ပျံသန်းမှု အခြေခံဘာသာရပ် (RC လေယာဉ်နှင့် Simulator မောင်းနှင် ပျံသန်းခြင်း)၊ လေယာဉ် တည်ဆောက်မှု ဘာသာရပ်၊ စက်အုံတည် ဆောက်မှု ဘာသာရပ်၊ လေယာဉ် ပုံစံငယ် တည်ဆောက်မှု ဘာသာရပ် (RC လေယာဉ်နှင့် Solid Model လေယာဉ်ပုံစံငယ်) စသည့် ဘာသာရပ် (၆) မျိုး အား သင်ကြားပို့ချ ပေးမည့် အဆိုပါ သင်တန်းကို မေလ (၁၈) ရက်နေ့ အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများကို လေတပ်စခန်း ဌာနချုပ်ရှိရာ နေရာဒေသများအပြင် လွိုင်ကော်၊ မန္တလေး၊ မုံရွာနှင့် တောင်ကြီးမြို့ များတွင် တစ်ပြိုင်တည်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပြီး ကယားပြည်နယ်တွင် ၂၀၁၇ ခုနှစ်က ဖွင့်လှစ်သည့် ပထမဆုံးအကြိမ် လေကြောင်း လူငယ်သင်တန်းမှ ထူးချွန်သင်တန်းသား (၃)ဦးမှာ လေကြောင်းလူငယ်တန်းမြင့် သင်တန်းသို့ တက်ရောက်ခွင့်ရနပြေီဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ် တွင် ပထမအကြိမ် ဖွင့်လှစ်ခဲ့သည့် (၁/၂၀၁၇) သင်တန်းမှ သင်တန်းသား(၁)ဦးသည် RC လေယာဉ်မောင်းပြိုင်ပွဲတွင် ဒုတိယ ဆုရရှိခဲ့ပြီး အခြား (၁)ဦးမှာ RC Simulator ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့ကာ မြန်မာတစ်နိုင်ငံလုံးအနဖြေင့် လွိုင်ကော် သင်တန်းမှ တတိယအဆင့် ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ဖွင့်လှစ်သို့ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်း စစ်ချုပ်၊ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)မှ တာဝန်ရှိသူများ၊ တောင်ငူလေတပ်စခန်း ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~