ဘာလီယူႏိုက္တက္အသင္းႏွင့္ ဧၿပီလ ၁၁ ရက္ေန႔တြင္ ကစားမည့္ ရန္ကုန္ယူႏိုက္တက္အသင္းတြင္ ဒဏ္ရာရ ကစားသမား ၆ ဦးရိွေန

ဘာလီယူႏိုက္တက္အသင္းႏွင့္ ဧၿပီလ ၁၁ ရက္ေန႔တြင္ ကစားမည့္ ရန္ကုန္ယူႏိုက္တက္အသင္းတြင္ ဒဏ္ရာရ ကစားသမား ၆ ဦးရိွေန
ဧပြီ 10, 2018
By 🌸
AFC Cup 2018 ၿပိဳင္ပြဲ ပြဲစဥ္တစ္ခုအျဖစ္ ရန္ကုန္ၿမိဳ႕ သုဝဏၰအားကစားကြင္း၌ ဘာလီယူႏုိက္တက္အသင္းျဖင့္ ဧၿပီလ (၁၁)ရက္ေန႔တြင္ ယွဥ္ၿပိဳင္မည့္ ရန္ကုန္ယူႏုိက္တက္အသင္းမွာ လတ္တေလာ ဒဏ္ရာရ ကစားသမား (၆) ဦး ရိွေနေၾကာင္း ရန္ကုန္ယူႏုိက္တက္အသင္း၏ နည္းျပခ်ဳပ္က သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားလုိက္သည္။

"ပထမအေက်ာ့မွာ ၃-၁ ဂိုးနဲ႔ အႏုိင္ရရွိထားတာ မွန္ပါတယ္။ သို႔ေသာ္လည္း ဒီပြဲစဥ္မွာ ဘာလီအသင္းက သူတို႔အသင္းရဲ႕ အမာခံကစားသမား အကုန္နီးပါး ျပန္ပါမယ္လို႔ သိထားပါတယ္။ ဘာလီအသင္းက ဒီအုပ္စုမွာ အေကာင္းဆံုးအသင္းလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔အသင္း ခက္ခက္ခဲခဲ ကစားရမွာပါ။ ေနာက္တစ္ခုက ဒီပြဲစဥ္မွာ ရန္ကုန္အသင္းက သေရတစ္မွတ္ ရရွိတာနဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္မွာပါ။ ဒါေပမဲ့ သေရရလဒ္အတြက္ ဦးတည္ကစားမွာ မဟုတ္ပါဘူး။ အႏုိင္သံုးမွတ္အတြက္ပဲ အားထည့္ ကစားသြားမွာျဖစ္ပါတယ္။ တစ္ခုရွိတာက အသင္းမွာ လတ္တေလာ ဒဏ္ရာရ ကစားသမား (၆) ဦးေလာက္ ရွိေနပါတယ္။ ဒီအခ်က္ကေတာ့ အသင္းကို အနည္းငယ္ အခက္အခဲေတြ႕ႏုိင္ပါတယ္"ဟု ရန္ကုန္ယူႏုိက္တက္အသင္း နည္းျပခ်ဳပ္ ဦးမ်ဳိးမင္းထြန္းက ဆိုသည္။

AFC Cup 2018 ၿပိဳင္ပြဲ၊ အုပ္စု (ဆ)၏ ပြဲစဥ္တစ္ပြဲျဖစ္ေသာ Yangon United အသင္းႏွင့္ အင္ဒိုနီးရွားကလပ္ Bali United အသင္းတို႔ ဧၿပီလ (၁၁) ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ သုဝဏၰကြင္းတြင္ ညေန သံုးနာရီခြဲအခ်ိန္၌ ယွဥ္ၿပိဳင္ကစားၾကမည္ျဖစ္ရာ ဧၿပီလ (၁၀)ရက္ေန႔က သု၀ဏၰကြင္း၌ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲ က်င္းပျခင္းျဖစ္သည္။

" နက္ျဖန္ပြဲစဥ္က ႏွစ္သင္းစလံုးအတြက္ အေရးႀကီးတဲ့ ပြဲစဥ္တစ္ပြဲပါ။ ရန္ကုန္ယူႏိုက္တက္အသင္းက တစ္ကယ့္ကို မာေက်ာတဲ့ အသင္းတစ္သင္းျဖစ္ၿပီး ကၽြန္ေတာ္တို႔အတြက္ ကစားရခက္ေစတဲ့ ၿပိဳင္ဘက္ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ရန္ကုန္ယူႏိုက္တက္နဲ႔ အေဝးကြင္းပြဲစဥ္အတြက္ ျပင္ဆင္မႈေတြ ျပဳလုပ္ထားပါတယ္။ ဒီပြဲစဥ္မွာ အႏုိင္သံုးမွတ္ ရယူႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”ဟု ဘာလီယူႏိုက္တက္အသင္း နည္းျပခ်ဳပ္ ဝီဒိုဒို ပူထရာက သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

ရန္ကုန္ၿမိဳ႕ သုဝဏၰအားကစားကြင္းတြင္က်င္းပမည့္ အဆုိပါပြဲစဥ္တြင္ ဘာလီအသင္း၏ ပရိသတ္ (၅၀) ဝန္းက်င္ လာေရာက္အားေပးၾကမည္ျဖစ္ေၾကာင္း ဘာလီယူႏုိက္တက္အသင္းနည္းျပခ်ဳပ္က ဆုိသည္။

အဆိုပါ ပြဲစဥ္အား For Sports ႏွင့္ Fox Sports တြင္လည္း တုိက္ရိုက္ထုတ္လႊင့္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဇာႏွင္း
ဓါတ္ပံု #MNL

~~~~~~~~⊰❂ unicode ~~~~~~~~
ဘာလီယူနိုက်တက်အသင်းနှင့် ဧပြီလ ၁၁ ရက်နေ့တွင် ကစားမည့် ရန်ကုန်ယူနိုက်တက်အသင်းတွင် ဒဏ်ရာရ ကစားသမား ၆ ဦးရှိနေ
***********
AFC Cup 2018 ပြိုင်ပွဲ ပွဲစဉ်တစ်ခုအဖြစ် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဘာလီယူနိုက်တက်အသင်းဖြင့် ဧပြီလ (၁၁)ရက်နေ့တွင် ယှဉ်ပြိုင်မည့် ရန်ကုန်ယူနိုက်တက်အသင်းမှာ လတ်တလော ဒဏ်ရာရ ကစားသမား (၆) ဦး ရှိနေကြောင်း ရန်ကုန်ယူနိုက်တက်အသင်း၏ နည်းပြချုပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

"ပထမအကျော့မှာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိထားတာ မှန်ပါတယ်။ သို့သော်လည်း ဒီပွဲစဉ်မှာ ဘာလီအသင်းက သူတို့အသင်းရဲ့ အမာခံကစားသမား အကုန်နီးပါး ပြန်ပါမယ်လို့ သိထားပါတယ်။ ဘာလီအသင်းက ဒီအုပ်စုမှာ အကောင်းဆုံးအသင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်း ခက်ခက်ခဲခဲ ကစားရမှာပါ။ နောက်တစ်ခုက ဒီပွဲစဉ်မှာ ရန်ကုန်အသင်းက သရေတစ်မှတ် ရရှိတာနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ။ ဒါပေမဲ့ သရေရလဒ်အတွက် ဦးတည်ကစားမှာ မဟုတ်ပါဘူး။ အနိုင်သုံးမှတ်အတွက်ပဲ အားထည့် ကစားသွားမှာဖြစ်ပါတယ်။ တစ်ခုရှိတာက အသင်းမှာ လတ်တလော ဒဏ်ရာရ ကစားသမား (၆) ဦးလောက် ရှိနေပါတယ်။ ဒီအချက်ကတော့ အသင်းကို အနည်းငယ် အခက်အခဲတွေ့နိုင်ပါတယ်"ဟု ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ဆိုသည်။

AFC Cup 2018 ပြိုင်ပွဲ၊ အုပ်စု (ဆ)၏ ပွဲစဉ်တစ်ပွဲဖြစ်သော Yangon United အသင်းနှင့် အင်ဒိုနီးရှားကလပ် Bali United အသင်းတို့ ဧပြီလ (၁၁) ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ညနေ သုံးနာရီခွဲအချိန်၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဧပြီလ (၁၀)ရက်နေ့က သုဝဏ္ဏကွင်း၌ ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကျင်းပခြင်းဖြစ်သည်။

" နက်ဖြန်ပွဲစဉ်က နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲပါ။ ရန်ကုန်ယူနိုက်တက်အသင်းက တစ်ကယ့်ကို မာကျောတဲ့ အသင်းတစ်သင်းဖြစ်ပြီး ကျွန်တော်တို့အတွက် ကစားရခက်စေတဲ့ ပြိုင်ဘက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရန်ကုန်ယူနိုက်တက်နဲ့ အဝေးကွင်းပွဲစဉ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီပွဲစဉ်မှာ အနိုင်သုံးမှတ် ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဘာလီယူနိုက်တက်အသင်း နည်းပြချုပ် ဝီဒိုဒို ပူထရာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင်ကျင်းပမည့် အဆိုပါပွဲစဉ်တွင် ဘာလီအသင်း၏ ပရိသတ် (၅၀) ဝန်းကျင် လာရောက်အားပေးကြမည်ဖြစ်ကြောင်း ဘာလီယူနိုက်တက်အသင်းနည်းပြချုပ်က ဆိုသည်။

အဆိုပါ ပွဲစဉ်အား For Sports နှင့် Fox Sports တွင်လည်း တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဇာနှင်း
ဓါတ်ပုံ #MNL

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~