လာဘ်ငွေရယူသည့် တရားသူကြီးနှင့် ကူညီသည့် အထက်တန်းရှေ့နေတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်

လာဘ်ငွေရယူသည့် တရားသူကြီးနှင့် ကူညီသည့် အထက်တန်းရှေ့နေတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်
ဧပွီ 1, 2018
By Tachileik News Agency

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တရားရုံးမှ အမှုတစ်ခု၏ တရားလိုထံမှ လာဘ်ငွေလက်ခံရယူကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် တရားသူကြီးနှင့် အထက်တန်းရှေ့နေတို့အား ဧပြီလ (၁)ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် သံတွဲမြို့မရဲစခန်း၌ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။


အဆိုပါ တိုင်ကြားစာနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ မြို့နယ်တရားသူကြီး ဦးဦးသိန်းထွန်း(တ-၂၆၀၈)သည် သံတွဲမြို့နယ်တွင် တာဝန်ထမ်း ဆောင်စဉ် တရားလိုထံမှ ငွေကြေးရယူခဲ့သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် မြို့နယ် တရားသူကြီးတစ်ဦး အနေဖြင့် လုပ်ပိုင်ခွင့်အာဏာ၊ ရာထူးတာဝန်ကို အလွဲသုံးစားပြုသဖြင့် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အမှုဖွင့်ပြီး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။



အဂတိလိုက်စားမှုများနှင့်ပတ်သက်၍ တိုင်ကြားလိုသူများရှိပါက ဥက္ကဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ အုပ်စု(၁)၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ ၀ဏ္ဏသိဒ္ဓိရပ်ကွက်၊ ဇမ္ဘူသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူသည့်တိုင်စာကို  ကော်မရှင်ရုံးသို့ လူကိုယ်တိုင် လာရောက်ပေးအပ်နိုင်သည့်အပြင် စာတိုက်မှလည်း ပေးပို့နိုင်ကြောင်း သိရသည်။


သတင်း - ဇာနှင်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တရားရုံးမှ အမှုတစ်ခု၏ တရားလိုထံမှ လာဘ်ငွေလက်ခံရယူကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် တရားသူကြီးနှင့် အထက်တန်းရှေ့နေတို့အား ဧပြီလ (၁)ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒဖြေင့် သံတွဲမြို့မရဲစခန်း၌ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် တရားသူကြီး ဦးဦးသိန်းထွန်းက ယခင် သံတွဲမြို့နယ်တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင်စဉ်က ရာဇဝတ်ကြီးမှုအမှတ် ၁၃၅/၂၀၁၆ အမှုတွင် အမှု၏ တရားလိုထံမှ လာဘ်ငွေကျပ် (ကျပ်ခြောက်ဆယ့်နှစ်သိန်းတစ်သောင်းခုနှစ်ထောင်) ကို ရယူခဲ့ပြီးနောက် တရားခံဘက်မှ ငွေကျပ်သိန်း (၁၀၀) ရယူပြီး အမှုအနိုင်ပေးခြင်း၊ သက်သေထွက်ဆိုချက်များအား ပြင်ဆင်ဖြည့်စွက်ခြင်းတို့ ပြုလုပ်ခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ အမှု၏တရားလိုက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်ကြားစာနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ မြို့နယ်တရားသူကြီး ဦးဦးသိန်းထွန်း(တ-၂၆၀၈)သည် သံတွဲမြို့နယ်တွင် တာဝန်ထမ်း ဆောင်စဉ် တရားလိုထံမှ ငွေကြေးရယူခဲ့သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် မြို့နယ် တရားသူကြီးတစ်ဦး အနဖြေင့် လုပ်ပိုင်ခွင့်အာဏာ၊ ရာထူးတာဝန်ကို အလွဲသုံးစားပြုသဖြင့် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အမှုဖွင့်ပြီး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှု၏ တရားလိုထံမှ ငွေကြေးလက်ခံရယူရာတွင် အထက်တန်းရှေ့နေ ဒေါ်ခင်ချိုဝင်း(စဉ်-၃၅၇၀၂) သည် ရာဇဝတ်ကြီးမှုအမှတ် ၁၃၅/၂၀၁၆ အမှု၏ တရားလိုက မြို့နယ်တရားသူကြီး ဦးဦးသိန်းထွန်းအား စုစုပေါင်း ငွေကျပ် (၆,၂၁၇,ဝဝဝ) ပေးခဲ့သည့်အနက် ငွေကျပ် (၄,၇၅၅,ဝဝဝ) ကို တရားလိုထံမှ တောင်းယူပြီး မြို့နယ် တရားသူကြီး ဦးဦးသိန်းထွန်းထံသို့ ပေးခဲ့ခြင်းဖြင့် အားပေးကူညီခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

အထက်တန်းရှေ့နေ ဒေါ်ခင်ချိုဝင်း အား ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ အမှုဖွင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုများနှင့်ပတ်သက်၍ တိုင်ကြားလိုသူများရှိပါက ဥက္ကဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ အုပ်စု(၁)၊ နပြေည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဇမ္ဘူသီရိမြို့နယ်၊ နပြေည်တော်သို့ လိပ်မူသည့်တိုင်စာကို ကော်မရှင်ရုံးသို့ လူကိုယ်တိုင် လာရောက်ပေးအပ်နိုင်သည့်အပြင် စာတိုက်မှလည်း ပေးပို့နိုင်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ဆက်သွယ်လိုပါက [email protected] သို့ လည်းကောင်း ဖုန်းနံပါတ် ဝ၆၇-၈၁၀၃၃၄၇၊ ၈၁၀၃၂၇၃ သို့ လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~