တာခ်ီလိတ္ၿမိဳ႕တြင္ အိမ္ငွားရမ္းေနထုိင္သည့္ ထိုိင္းနိုင္ငံသား သံုးဦးအား မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ အိမ္ငွားရမ္းေနထုိင္သည့္ ထိုိင္းနိုင္ငံသား သံုးဦးအား မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိ
ဧပြီ 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္ အာခါေစ်းလမ္းတြင္ ထိုင္းႏုိင္ငံသားမ်ား ငွားရမ္း ေနထိုင္သည့္ ေနအိမ္အား ဧၿပီလ (၁)ရက္ေန႔ နံနက္ (၈)နာရီဝန္းက်င္တြင္ ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ မူးယစ္ေဆးဝါးအခ်ိဳ႕ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းတို႔သည္ ထုိင္းႏိုင္ငံသားမ်ား ငွားရမ္းေနထိုင္သည့္ အဆိုပါေနအိမ္သို႔ သြားေရာက္ရွာေဖြရာ ခ်ာခ်ိဳင္းက်ဴေတာင္းဆိုသူအား ေနအိမ္ေရွ႕ ၿခံ၀င္းအတြင္း၌ လည္းေကာင္း၊ ထာနင္း၀ိေစ ႏွင့္ ကင္းစက္ဖြန္းစင္ တို႔အား ေနအိမ္ အိပ္ခန္းတို႔တြင္ လည္းေကာင္း ေတြ႔ရွိရၿပီး ဆက္လက္ရွာေဖြရာ ခ်ာခ်ဳိင္းက်ဴေတာင္း၏   ေဘာင္းဘီရွည္အိတ္ကပ္အတြင္းမွ  ကတ္တမင္းအျဖဴေရာင္ (၁)ဂရမ္ခန္႔၊ ထာနင္းဝိေစႏွင့္ ကင္းစက္ဖြန္းစင္တို႔၏ အိပ္ခန္းအတြင္းမွ ေဆးေျခာက္ စုုစုေပါင္း (၆၀)ဂရမ္ခန္႔တို႔အား ရွာေဖြေတြ႔ရိွရျခင္း ျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ခ်ာခ်ိဳင္းက်ဴေတာင္းအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ) ၂၂/၂၀၁၈ ၊ မူး/စိတ္ပုဒ္မ ၁၆(၈)အရ လည္းေကာင္း ထားနင္းဝိေစ(ခ)ဖြန္းႏွင့္ ကင္းစက္ဖြန္းစင္ တို႔ႏွစ္ဦးအား မယ(ပ) ၂၃/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(၈)/၂၁ အရ လည္းေကာင္း အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

အဆိုပါ ထိုင္းႏိုင္ငံသား(၃)ဦးသည္ ထိုင္းႏိုင္ငံ ပထံုဌာနီခရိုင္ ႏွင့္ နခြန္နယုတ္ခရိုင္တို႔တြင္ ေနထိုင္ၾကသူမ်ားျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အာခါဈေးလမ်းတွင် ထိုင်းနိုင်ငံသားများ ငှါးရမ်း နေထိုင်သည့် နေအိမ်အား ဧပြီလ (၁)ရက်နေ့ နံနက် (၈)နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးအချို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းတို့သည် ထိုင်းနိုင်ငံသားများ ငှါးရမ်းနေထိုင်သည့် အဆိုပါနေအိမ်သို့ သွားရောက်ရှာဖွေရာ ချာချိုင်းကျူတောင်းဆိုသူအား နေအိမ်ရှေ့ ခြံဝင်းအတွင်း၌ လည်းကောင်း၊ ထာနင်းဝိစေ နှင့် ကင်းစက်ဖွန်းစင် တို့အား နေအိမ် အိပ်ခန်းတို့တွင် လည်းကောင်း တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ချာချိုင်းကျူတောင်း၏ ဘောင်းဘီရှည်အိတ်ကပ်အတွင်းမှ ကတ်တမင်းအဖြူရောင် (၁)ဂရမ်ခန့်၊ ထာနင်းဝိစေနှင့် ကင်းစက်ဖွန်းစင်တို့၏ အိပ်ခန်းအတွင်းမှ ဆေးခြောက် စုစုပေါင်း (၆၀)ဂရမ်ခန့်တို့အား ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ချာချိုင်းကျူတောင်းအား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ) ၂၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(၈)အရ လည်းကောင်း ထားနင်းဝိစေ(ခ)ဖွန်းနှင့် ကင်းစက်ဖွန်းစင် တို့နှစ်ဦးအား မယ(ပ) ၂၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(၈)/၂၁ အရ လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသား(၃)ဦးသည် ထိုင်းနိုင်ငံ ပထုံဌာနီခရိုင် နှင့် နခွန်နယုတ်ခရိုင်တို့တွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~