သက္ငယ္မုဒိမ္းႏွင့္ မုဒိမ္းမႈက်ဴးလြန္သူမ်ားအား ေသဒဏ္ေပးေရး တာခ်ီလိတ္တြင္ လူတစ္ေထာင္ေက်ာ္ လက္မွတ္ေရးထိုး

သက္ငယ္မုဒိမ္းႏွင့္ မုဒိမ္းမႈက်ဴးလြန္သူမ်ားအား ေသဒဏ္ေပးေရး တာခ်ီလိတ္တြင္ လူတစ္ေထာင္ေက်ာ္ လက္မွတ္ေရးထိုး
ဧပြီ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္း၌ သက္ငယ္မုဒိမ္းႏွင့္ မုဒိမ္းမႈမ်ားအား ေသဒဏ္ေပးရန္ ေတာင္းဆိုသည့္ စုေပါင္းလက္မွတ္ေရးထုိးပြဲ ဒုတိယေန႔ျဖစ္သည့္ ဧၿပီလ(၂)ရက္ေန႔တြင္ လူဦးေရ (၅၅၀)ဝန္းက်င္ လာေရာက္လက္မွတ္ေရးထိုးၿပီး လြယ္ေတာ္ခမ္းေက်းရြာအုပ္စုတြင္ ဧၿပီလ(၅)ရက္ေန႔၌ လက္မွတ္လုိက္လံေကာက္ယူမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းရိုးမကြင္းတြင္ ဧၿပီလ (၁)ရက္ႏွင့္ (၂)ရက္ေန႔မ်ားတြင္ နံနက္(၉)နာရီက ည (၆)နာရီအထိ လက္မွတ္ေရးထိုးရာ ပထမေန႔တြင္ လူဦးေရ (၅၆၀)နီးပါး၊ ဒုတိယေန႔တြင္ လူဦးေရ (၅၅၀)နီးပါး စုစုေပါင္း လူဦးေရ တစ္ေထာင္ေက်ာ္က လက္မွတ္ေရးထိုးထားၿပီျဖစ္ေၾကာင္း သိရသည္။

လက္မွတ္ေရးထိုးရာသို႔ တာခ်ီလိတ္ၿမိဳ႕အျပင္ တာေလႏွင့္ မုိင္းျဖတ္ၿမိဳ႕မ်ားကပါ လာေရာက္ လက္မွတ္ ေရးထုိးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင္႔ သက္ငယ္မုဒိမ္းျဖစ္ပြားမႈႏႈန္းမွာ ၂၀၁၇ ခုႏွစ္ မႈခင္းစာရင္းမ်ားအရ ပ်မ္းမွ်အားျဖင့္ ေန႔စဥ္ ကေလးငယ္ (၂)ဦးႏႈန္း မုဒိမ္းမႈက်ဴးလြန္ခံေနၾကရျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - SSK ၊ TTH



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ သက်ငယ်မုဒိမ်းနှင့် မုဒိမ်းမှုများအား သေဒဏ်ပေးရန် တောင်းဆိုသည့် စုပေါင်းလက်မှတ်ရေးထိုးပွဲ ဒုတိယနေ့ဖြစ်သည့် ဧပြီလ(၂)ရက်နေ့တွင် လူဦးရေ (၅၅၀)ဝန်းကျင် လာရောက်လက်မှတ်ရေးထိုးပြီး လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် ဧပြီလ(၅)ရက်နေ့၌ လက်မှတ်လိုက်လံကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းရိုးမကွင်းတွင် ဧပြီလ (၁)ရက်နှင့် (၂)ရက်နေ့များတွင် နံနက်(၉)နာရီက ည (၆)နာရီအထိ လက်မှတ်ရေးထိုးရာ ပထမနေ့တွင် လူဦးရေ (၅၆၀)နီးပါး၊ ဒုတိယနေ့တွင် လူဦးရေ (၅၅၀)နီးပါး စုစုပေါင်း လူဦးရေ တစ်ထောင်ကျော်က လက်မှတ်ရေးထိုးထားပြီဖြစ်ကြောင်း သိရသည်။

လက်မှတ်ရေးထိုးရာသို့ တာချီလိတ်မြို့အပြင် တာလေနှင့် မိုင်းဖြတ်မြို့များကပါ လာရောက် လက်မှတ် ရေးထိုးကြခြင်းဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းမှာ ၂၀၁၇ ခုနှစ် မှုခင်းစာရင်းများအရ ပျမ်းမျှအားဖြင့် နေ့စဉ် ကလေးငယ် (၂)ဦးနှုန်း မုဒိမ်းမှုကျူးလွန်ခံနကြေရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - SSK၊ TTH

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~