၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
ဧပွီ 6, 2018
By Tachileik News Agency

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံ အဖြစ် နေပြည်တော်၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း လက်ခံကျင်းပသွားမည် ဖြစ်ပြီး နိုင်ငံပေါင်း (၁၁) နိုင်ငံမှ အားကစားသမား (၃၁၀၀) ကျော်ခန့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။


အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ(ASEAN University Games-AUG) ကို ၁၉၈၁ ခုနှစ်က စတင်၍ (၂)နှစ် တစ်ကြိမ် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ တက္ကသိုလ်များ အားကစား အဖွဲ့အနေဖြင့် ၂၀၁၀ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ပထမဦးဆုံးအနေဖြင့် စတင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရေးအတွက် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီကို နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ အမိန့်ကြော်ငြာ စာအမှတ်(၂၀/၂၀၁၈)ဖြင့် ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်၍ အဖွဲ့ဝင် (၂၀)ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်နေပြီး ဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရန်အတွက် လုပ်ငန်းကော်မတီ (၁၅) ခုနှင့် ဆပ်ကော်မတီ (၁၇) ခုတို့ကို ဖွဲ့စည်းပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇာနှင်း
ဓါတ်ပုံ - MOI

~~~~~~~~⊰❂ unicode ~~~~~~~~
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံ အဖြစ် နပြေည်တော်၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း လက်ခံကျင်းပသွားမည် ဖြစ်ပြီး နိုင်ငံပေါင်း (၁၁) နိုင်ငံမှ အားကစားသမား (၃၁၀၀) ကျော်ခန့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲ၌ မြှားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ စစ်တုရင်၊ ဘောလုံး၊ ဂေါက်သီး၊ ကရာတေးဒို၊ ပီတန်း၊ လှေလှော်၊ ပိုက်ကျော်ခြင်း/ ခြင်းလုံး၊ ရေကူး၊ ဝူရှူး၊ စားပွဲတင်တင်းနစ်၊ ဘောလီဘောနှင့် ဗိုဗီနမ် အပါအဝင် အားကစားနည်း (၁၆) နည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ(ASEAN University Games-AUG) ကို ၁၉၈၁ ခုနှစ်က စတင်၍ (၂)နှစ် တစ်ကြိမ် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ တက္ကသိုလ်များ အားကစား အဖွဲ့အနဖြေင့် ၂၀၁၀ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ပထမဦးဆုံးအနဖြေင့် စတင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရေးအတွက် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီကို နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ အမိန့်ကြော်ငြာ စာအမှတ်(၂၀/၂၀၁၈)ဖြင့် ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်၍ အဖွဲ့ဝင် (၂၀)ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်နပြေီး ဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရန်အတွက် လုပ်ငန်းကော်မတီ (၁၅) ခုနှင့် ဆပ်ကော်မတီ (၁၇) ခုတို့ကို ဖွဲ့စည်းပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံ အချင်းချင်း အားကစားမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာလာစေရေး၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အချင်းချင်း ပညာရပ်အတွေ့အကြုံ များနှင့် ယဉ်ကျေးမှုများကို ဖလှယ်ခွင့်ရရှိရေးတို့အတွက် ဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - MOI

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~