အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)မှ သင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်မောင်းသူများ လိုက်နာရန် အသိပေးနှိုးဆော်ချက်များ

အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)မှ သင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်မောင်းသူများ လိုက်နာရန် အသိပေးနှိုးဆော်ချက်များ
ဧပြီ 7, 2018
By Tachileik News Agency
အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)မှ သင်္ကြန်ပွဲတော်ကာလအတွင်း 
ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်မောင်းသူများ လိုက်နာရန် 
အသိပေးနှိုးဆော်ချက်များ
****

၂၀၁၇ခုနှစ် မဟာသင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံးအနေဖြင့် ယာဉ်မတော်တဆမှု(၃၅၇)မှု၊ ဒဏ်ရာရ(၇၅၉)ဦး၊ သေဆုံး(၁၃၉)ဦး ရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ၂၀၁၈ခုနှစ်၊ မဟာသင်္ကြန်ကာလအတွင်း မိဘပြည်သူများ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်နစ်နာမှု မရှိစေရေး၊ ယာဉ်အန္တရာယ်မဖြစ်ပွားစေရေးတို့အတွက် ယာဉ်မောင်းသူများအနေဖြင့် အောက်ပါ

စည်းကမ်းချက်များအား တိကျစွာ လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် -

  • ၁။ မူးယစ်သောက်စား၍ ယာဉ်မောင်းနှင်ခြင်း မပြုရ။
  • ၂။ အပျော်လွန်ကျူး စည်းကမ်းမဲ့မောင်းနှင်ခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်းမောင်းခြင်း မပြုရ။
  • ၃။ ယာဉ်နံပါတ်ပြား မပါဘဲ မောင်းနှင်ခြင်း မပြုရ။
  • ၄။ ယာဉ်၏ ဘေးတံခါးများ၊ နောက်ဖုံးများဖြုတ်၍ မောင်းနှင်ခြင်း မပြုရ။
  • ၅။ ဖျက်သိမ်းထားသော ယာဉ်အို ယာဉ်ဟောင်းများနှင့် ပြုပြင်ဆဲ ယာဉ်များအား မောင်းနှင်ခြင်း မပြုရ။
  • ၆။ ယာဉ်ကြောပြောင်းပြန် စီးနင်းမောင်းနှင်ခြင်း မပြုရ။
  • ၇။ ထော်လာဂျီကဲ့သို့ အနှေးယာဉ်များကို အသုံးပြု၍ ရေကစားခြင်း မပြုရ။
  • ၈။ မော်တော်ဆိုင်ကယ်များ အိတ်ဇောပိုက်ဖြုတ်၍ စီးခြင်း၊ အသံကျယ်လောင်စွာ စီးခြင်း၊ နံပါတ်မမြင်အောင် တွန့်ခေါက်၍ စီးခြင်း၊ ရှေ့/နောက် နံပါတ်ပြား မပါဘဲစီးခြင်း၊ နှစ်ဦးထက်ပို၍ စီးခြင်း၊ ဆိုင်ကယ်စီးဦးထုပ်မပါဘဲ စီးခြင်းများ မပြုရ။
  • ၉။ သံစုံဟွန်းများတပ်ဆင်ကာ အသုံးမပြုရ။
  • ၁၀။ မော်တော်ယာဉ်များတွင် ညစ်ညမ်းသော စာသားများ၊ ဆိုင်းဘုတ်၊ ပန်းချီ၊ ရုပ်ပုံ၊ အခြား မသင့်လျော်သော ပစ္စည်းများ ရေးသားချိတ်ဆွဲ၍ မောင်းနှင်ခြင်း မပြုရ။
အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)