တာခ်ီလိတ္ခရိုင္ ကုတင္(၁၀၀)ဆံ့ေဆးရံုဝန္းတြင္ သႀကၤန္အတြင္း စတုဒီသာ ေကြ်းေမြး

တာခ်ီလိတ္ခရိုင္ ကုတင္(၁၀၀)ဆံ့ေဆးရံုဝန္းတြင္ သႀကၤန္အတြင္း စတုဒီသာ ေကြ်းေမြး
ဧပြီ 15, 2018
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ ကုတင္(၁၀၀)ဆံ့ေဆးရံုဝန္းတြင္ သႀကၤန္အၾကတ္ေန႔ျဖစ္သည့္ ဧၿပီလ (၁၅)ရက္ေန႔ႏွင့္ အတက္ေန႔ျဖစ္သည့္ (၁၆)ရက္ေန႔မ်ားတြင္ စတုဒိသာေကၽြးေနသျဖင့္ လာေရာက္ သံုးေဆာင္ႏိုင္ရန္ ဖိတ္ေခၚထားသည္။

ဧၿပီလ (၁၅)ရက္ေန႔တြင္ တိုဟူးေႏြး ႏွင့္ ေရႊရင္ေအးစတုဒိသာေကၽြးေမြးေနရာ ေဆးရုံတက္လူနာမ်ား၊ ျပင္ပလူနာမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ဧည့္ပရိသတ္မ်ားကို ဖိတ္ေခၚထားသည္။

အဆိုပါ စတုဒိသာေကၽြးေမြးျခင္းအား ရုံးခန္း၊ ေဆးလူမွဴဆက္ဆံေရးဌာန၊ ေဆးစတိုဌာန၊ ေဆးမွတ္တမ္းထိန္းဌာန၊ သြားႏွင့္ခံတြင္းဌာန၊ ျပင္ပလူနာဌာန၊ ဓာတ္ခြဲဌာန၊ ဓာတ္မွန္ဌာန (၈)ခုေပါင္း၍ လုပ္ေဆာင္ၾကျခင္းျဖစ္ေၾကာင္းသိရသည္။

သႀကၤန္အတက္ေန႔ျဖစ္သည့္ ဧၿပီလ (၁၆)ရက္ေန႔တြင္လည္း အဆိုပါ ေဆးရုံႀကီး၏ ဖ်ားနာေဆာင္ႏွင့္ ကေလးလူနာေဆာင္တို႔ ပူးေပါင္းကာ ရခိုင္မုန္႔တီ စတုဒိသာေကၽြးမည္ျဖစ္သျဖင့္ လာေရာက္ သံုးေဆာင္ႏိုင္ေၾကာင္းကိုလည္း အသိေပး ဖိတ္ၾကားထားသည္။

ဓာတ္ပံု - Thein Shwe



~~~~~~~~⊰❂ unicode ~~~~~~~~


တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ဆေးရုံဝန်းတွင် သင်္ကြန်အကြတ်နေ့ဖြစ်သည့် ဧပြီလ (၁၅)ရက်နေ့နှင့် အတက်နေ့ဖြစ်သည့် (၁၆)ရက်နေ့များတွင် စတုဒိသာကျွေးနေသဖြင့် လာရောက် သုံးဆောင်နိုင်ရန် ဖိတ်ခေါ်ထားသည်။

ဧပြီလ (၁၅)ရက်နေ့တွင် တိုဟူးနွေး နှင့် ရွှေရင်အေးစတုဒိသာကျွေးမွေးနေရာ ဆေးရုံတက်လူနာများ၊ ပြင်ပလူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဧည့်ပရိသတ်များကို ဖိတ်ခေါ်ထားသည်။

အဆိုပါ စတုဒိသာကျွေးမွေးခြင်းအား ရုံးခန်း၊ ဆေးလူမှူဆက်ဆံရေးဌာန၊ ဆေးစတိုဌာန၊ ဆေးမှတ်တမ်းထိန်းဌာန၊ သွားနှင့်ခံတွင်းဌာန၊ ပြင်ပလူနာဌာန၊ ဓာတ်ခွဲဌာန၊ ဓာတ်မှန်ဌာန (၈)ခုပေါင်း၍ လုပ်ဆောင်ကြခြင်းဖြစ်ကြောင်းသိရသည်။

သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ (၁၆)ရက်နေ့တွင်လည်း အဆိုပါ ဆေးရုံကြီး၏ ဖျားနာဆောင်နှင့် ကလေးလူနာဆောင်တို့ ပူးပေါင်းကာ ရခိုင်မုန့်တီ စတုဒိသာကျွေးမည်ဖြစ်သဖြင့် လာရောက် သုံးဆောင်နိုင်ကြောင်းကိုလည်း အသိပေး ဖိတ်ကြားထားသည်။

ဓာတ်ပုံ - Thein Shwe

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~