ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၀)ဦးကို တာချီလိတ်သို့ ထပ်မံလွှဲပြောင်း

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၀)ဦးကို တာချီလိတ်သို့ ထပ်မံလွှဲပြောင်း
ဧပွီ 11, 2018
By Tachileik News Agency



ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံမှ တာဝန် ရှိသူများက မြန်မာ - ထိုင်းနယ်စပ်မြို့များဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့များတွင် မြန်မာတာဝန်ရှိသူများထံ လွှဲပြောင်းလေ့ရှိရာ ၂၀၁၇ ခုနှစ်က တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားဦးရေမှာ အမျိုးသား (၇၆၂)ဦး၊ အမျိုးသမီး (၃၄၃)ဦးနှင့် ကလေး (၅၉)ဦး စုစုပေါင်း (၁၁၆၄)ဦးရှိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့စသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအပြင် တာချီလိတ်တွင် အခြေစိုက်ဖွဲ့စည်းထားသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ( CNCMC ) တို့က လက်ခံပြီး ၎င်းတို့ နေရပ်အသီးသီးပြန်နိုင်ရေး ကူညီနေခြင်းဖြစ်ကြောင်း သိရသည်။


သတင်း #စိုင်းဇေယျာ


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင်း တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံ မြန်မာနိုင်ငံသား (၁၀)ဦးကို ထိုင်းတာဝန်ရှိသူများက ဧပြီလ (၁၁)ရက်နေ့တွင် လာရောက်လွှဲပြောင်းပေးရာ ယခုနှစ်အတွင်း လွှဲပြောင်းပေးလာသူဦးရေ စုစုပေါင်း (၂၁၇)ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား အမျိုးသား(၄)ဦးကို ဧပြီလ (၁၀)ရက်နေ့က လာရောက် လွှဲပြောင်းပေးထားပြီး ဧပြီလ (၁၁)ရက်နေ့တွင် အမျိုးသား (၇)ဦး၊ အမျိုးသမီး (၂)ဦးနှင့် ကလေး(၁)ဦး စုစုပေါင်း (၁၀)ဦးကို ထပ်မံလွှဲပြောင်းပေးခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံမှ တာဝန် ရှိသူများက မြန်မာ - ထိုင်းနယ်စပ်မြို့များဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့များတွင် မြန်မာတာဝန်ရှိသူများထံ လွှဲပြောင်းလေ့ရှိရာ ၂၀၁၇ ခုနှစ်က တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနို်င်ငံသားဦးရေမှာ အမျိုးသား (၇၆၂)ဦး၊ အမျိုးသမီး (၃၄၃)ဦးနှင့် ကလေး (၅၉)ဦး စုစုပေါင်း (၁၁၆၄)ဦးရှိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့စသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအပြင် တာချီလိတ်တွင် အခြေစိုက်ဖွဲ့စည်းထားသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ( CNCMC ) တို့က လက်ခံပြီး၎င်းတို့ နေရပ်အသီးသီးပြန်နိုင်ရေး ကူညီနခြေင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း လွှဲပြောင်းလာသူများတွင် အမျိုးသား (၁၄၈)ဦး၊ အမျိုးသမီး (၆၂)ဦးနှင့် ကလေး (၇)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓာတ်ပုံ #မြို့နယ်ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~