တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းေက်းရြာအတြင္း အမ်ဳိးသမီးတစ္ဦးထံက မူးယစ္ေဆး၀ါးဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းေက်းရြာအတြင္း အမ်ဳိးသမီးတစ္ဦးထံက မူးယစ္ေဆး၀ါးဖမ္းဆီးရမိ
မတ် 5, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းေက်းရြာအတြင္း၌ မူးယစ္ေဆး၀ါးႏွင့္အတူ အမ်ဳိးသမီးတစ္ဦးအား ေနအိမ္၌ ဖမ္းဆီးရမိ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

ဖန္မင္ေက်းရြာအုပ္စု၊ မယ္ယန္းေက်းရြာအတြင္းရွိ နန္းေဟြ႕ရွဲန္၏ ေနအိမ္အား မူးယစ္ေဆး၀ါးသတင္းအရ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔က ၂၀၁၈ခုႏွစ္ မတ္လ(၅)ရက္ေန႔ နံနက္(၇)နာရီ၀န္းက်င္ အခ်ိန္က ၀င္ေရာက္ စစ္ေဆးရာမွ ေနအိမ္ေခါင္းရင္းဘက္တြင္ နန္းေဟြ႕ရွဲန္အား အသင့္ ေတြ႔ရွိရ၍​ ၎ထံရွာေဖြရာ အမ်ဳိးသမီးအတြင္းခံေဘာလီဇစ္အိတ္ကပ္အတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၄၄)ျပားအား ရွာေဖြေတြ႔ရွိရေၾကာင္း သိရသည္။

ဆက္လက္၍ ရွာေဖြမႈမ်ား ျပဳလုပ္ရာတြင္ ၾကမ္းျပင္ေပၚရွိ လြယ္အိတ္အတြင္းမွ စုစုေပါင္း အေလးခ်ိန္(၁၇၀)ဂရမ္ ၀န္းက်င္ရွိသည့္ ဘိန္းစိမ္းအမဲေရာင္အေစး ႏွင့္အတူ စိတ္ၾကြေဆးရႈရာတြင္ အသံုးျပဳသည့္ ဆက္စပ္ ပစၥည္းမ်ားအား ေတြ႔ရွိရသည့္ အတြက္ အဆိုပါ ပူးေပါင္းအဖြဲ႔မွ ရွာေဖြပံုစံျဖင့္ သိမ္းဆည္းခဲ့ၾကေၾကာင္း သိရသည္။

ဆက္လက္၍ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၄၃)ႏွစ္၀န္းက်င္ရွိ နန္းေဟြ႕ရွဲန္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၇/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - ရဲတပ္ဖြဲ႔





~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ မယ်ယန်းကျေးရွာအတွင်း၌ မူးယစ်ဆေးဝါးနှင့်အတူ အမျိုးသမီးတစ်ဦးအား နေအိမ်၌ ဖမ်းဆီးရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာအတွင်းရှိ နန်းဟွေ့ရှဲန်၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ၂၀၁၈ခုနှစ် မတ်လ(၅)ရက်နေ့ နံနက်(၇)နာရီဝန်းကျင် အချိန်က ဝင်ရောက် စစ်ဆေးရာမှ နေအိမ်ခေါင်းရင်းဘက်တွင် နန်းဟွေ့ရှဲန်အား အသင့် တွေ့ရှိရ၍​၎င်းထံရှာဖွေရာ အမျိုးသမီးအတွင်းခံဘောလီဇစ်အိတ်ကပ်အတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၄၄)ပြားအား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ ရှာဖွေမှုများ ပြုလုပ်ရာတွင် ကြမ်းပြင်ပေါ်ရှိ လွယ်အိတ်အတွင်းမှ စုစုပေါင်း အလေးချိန်(၁၇၀)ဂရမ် ဝန်းကျင်ရှိသည့် ဘိန်းစိမ်းအမဲရောင်အစေး နှင့်အတူ စိတ်ကြွဆေးရှုရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား တွေ့ရှိရသည့် အတွက် အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၄၃)နှစ်ဝန်းကျင်ရှိ နန်းဟွေ့ရှဲန်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~