တာလေမြို့တွင် ကိုယ်ပိုင်နေအိမ်အား မီးပြန်ရှို့ကာ ဆိုင်ကယ်မောင်း၍ ထွက်ပြေးသွား

တာလေမြို့တွင် ကိုယ်ပိုင်နေအိမ်အား မီးပြန်ရှို့ကာ ဆိုင်ကယ်မောင်း၍ ထွက်ပြေးသွား
မတျ 27, 2018
By Tachileik News Agency

တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ နားအွန်ကျေးရွာတွင် မိမိနေအိမ်ကို မီးပြန်ရှို့မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးရှို့သူမှာ ဆိုင်ကယ်မောင်းကာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ နားအွန်ကျေးရွာတွင် ၂၀၁၈ခုနှစ် မတ်လ(၂၇)ရက်နေ့အကူး နံနက်(၁)နာရီဝန်းအချိန်တွင် အသက်(၃၉)နှစ်ဝန်းကျင်ရှိ ယုတ(ကျား) ဆိုသူသည် ၎င်း၏ နေအိမ်အား မီးရှို့ထွက်ပြေးသွားခြင်း ဖြစ်သည့်အတွက် သက်ဆိုင်ရာမှ အမြန်ဆုံးဖမ်းဆီးရမိရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း သိရသည်။



မီးလောင်မှုဖြစ်ပွားရာ နေရာသို့ တာလေမြို့မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ တာလေနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်သိ ပြည်သူများမှ စုပေါင်း မီးငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

သတင်း - ဇန်ထွန်း
ဓါတ်ပုံ - ဦးငြိမ်း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ တာလမြေို့ရှိ နားအွန်ကျေးရွာတွင် မိမိနေအိမ်ကို မီးပြန်ရှို့မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးရှို့သူမှာ ဆိုင်ကယ်မောင်းကာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

တာလမြေို့၊ နားယောင်းကျေးရွာအုပ်စု၊ နားအွန်ကျေးရွာတွင် ၂၀၁၈ခုနှစ် မတ်လ(၂၇)ရက်နေ့အကူး နံနက်(၁)နာရီဝန်းအချိန်တွင် အသက်(၃၉)နှစ်ဝန်းကျင်ရှိ ယုတ(ကျား) ဆိုသူသည်၎င်း၏ နေအိမ်အား မီးရှို့ထွက်ပြေးသွားခြင်း ဖြစ်သည့်အတွက် သက်ဆိုင်ရာမှ အမြန်ဆုံးဖမ်းဆီးရမိရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း သိရသည်။

နေအိမ်အား မီးရှို့မှုကြောင့် ပျဉ်ကာပျဉ်ခင်း သွပ်မိုးနေအိမ်တစ်လုံးမှာ မီးလောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။

"မိန်းမနဲ့ကွဲတာတော့ (၃)လကျော်ပဲရှိသေးတယ်၊ တစ်ယောက်တည်းနေတာ၊ သူ့အမေကိုတော့ အိမ်မီးရှို့ခဲ့တယ်လို့ ပြောပြီး ဆိုင်ကယ်နဲ့ထွက်ပြေးသွားတာလို့ သိရတယ်ဗျ"ဟု တာလေဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်မှုဖြစ်ပွားရာ နေရာသို့ တာလမြေို့မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ တာလေနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်သိ ပြည်သူများမှ စုပေါင်း မီးငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

သတင်း - ဇန်ထွန်း
ဓာတ်ပုံ - ဦးငြိမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~