ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဖန္မင္အုပ္စု၊ ဧဒင္ရြာမွ ဝမ္လံုးရြာသို႔ ည (၈)နာရီဝန္းက်င္တြင္ ဆုိင္ကယ္ေမာင္းႏွင္သြားသူထံမွ ဆိုင္ကယ္လုယူၿပီး ဓါးျဖင့္ျပန္ထိုးကာ ထြက္ေျပးသူအား ဆိုင္ကယ္ႏွင့္ အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။
ဧဒင္ရြာမွ ကိုရွာေမြလွသည္ မတ္လ (၂၉)ရက္ေန႔ ည (၈)နာရီဝန္းက်င္က ဝမ္လံုးရြာသို႔ ဆုိင္ကယ္ျဖင့္ သြားရင္း ဗိုက္နာလာသျဖင့္ လမ္းေဘးတြင္ ဆိုင္ကယ္အား ဇက္ေသာ့ခပ္၍ ရပ္ထားခဲ့သည့္ (၅)မိနစ္ခန္႔ အတြင္း လူတစ္ဦးက ဆုိင္ကယ္အား ဓါးျဖင့္ ထိုးကာဖ်က္ဆီးေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။
ကိုရွာေမြလွက ဟန္႔တားရာ ဆိုင္ကယ္အား ဖ်က္ေနသည့္ အမ်ိဳးသားက ဓါးျဖင့္လုိက္ထိုးသျဖင့္ နီးစပ္ရာ ဝမ္လံုးရြာအတြင္း ထြက္ေျပးၿပီး ရြာသူႀကီးႏွင့္အဖြဲ႕အား အကူအညီေတာင္းစဥ္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ေျမလွည့္ကင္းရဲတပ္ဖြဲ႕ႏွင့္ ေတြ႔ဆံုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ရဲတပ္ဖြဲ႕က ခ်က္ခ်င္း လုိက္လံရွာေဖြရာ လမ္းမေပၚတြင္ ဆိုင္ကယ္လုယူသြားသူအား ဆုိင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
ဆိုင္ကယ္လုယူၿပီး ဆိုင္ကယ္ပိုင္ရွင္အား ဓါးျဖင့္ထိုးရန္ႀကိဳးစားခဲ့သည့္ သန္းေထြးဆိုသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - ရဲစခန္း
ဧဒင်ရွာမှ ကိုရှာမွေလှသည် မတ်လ (၂၉)ရက်နေ့ ည (၈)နာရီဝန်းကျင်က ဝမ်လုံးရွာသို့ ဆိုင်ကယ်ဖြင့် သွားရင်း ဗိုက်နာလာသဖြင့် လမ်းဘေးတွင် ဆိုင်ကယ်အား ဇက်သော့ခပ်၍ ရပ်ထားခဲ့သည့် (၅)မိနစ်ခန့် အတွင်း လူတစ်ဦးက ဆိုင်ကယ်အား ဓားဖြင့် ထိုးကာဖျက်ဆီးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုရှာမွေလှက ဟန့်တားရာ ဆိုင်ကယ်အား ဖျက်နေသည့် အမျိုးသားက ဓားဖြင့်လိုက်ထိုးသဖြင့် နီးစပ်ရာ ဝမ်လုံးရွာအတွင်း ထွက်ပြေးပြီး ရွာသူကြီးနှင့်အဖွဲ့အား အကူအညီတောင်းစဉ် တာချီလိတ်မြို့မရဲစခန်းမှ နယ်မြေလှည့်ကင်းရဲတပ်ဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ချက်ချင်း လိုက်လံရှာဖွေရာ လမ်းမပေါ်တွင် ဆိုင်ကယ်လုယူသွားသူအား ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်လုယူပြီး ဆိုင်ကယ်ပိုင်ရှင်အား ဓားဖြင့်ထိုးရန်ကြိုးစားခဲ့သည့် သန်းထွေးဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - ရဲစခန်း