ထိုင္း - ျမန္မာနယ္စပ္ မယ္ဆိုင္ဘက္ရွိ ခ်စ္ၾကည္ေရးတံတား(၁)ထိပ္တြင္ ဆိုင္ကယ္မ်ား စနစ္တက် ရပ္တန္႔ေရးအတြက္ သတ္မွတ္မ်ဥ္မ်ားေရးဆြဲ

ထိုင္း - ျမန္မာနယ္စပ္ မယ္ဆိုင္ဘက္ရွိ ခ်စ္ၾကည္ေရးတံတား(၁)ထိပ္တြင္ ဆိုင္ကယ္မ်ား စနစ္တက် ရပ္တန္႔ေရးအတြက္ သတ္မွတ္မ်ဥ္မ်ားေရးဆြဲ
မတ် 28, 2018
By Tachileik News Agency

ထိုင္း - ျမန္မာ နယ္စပ္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတား ၀န္းက်င္ရွိ လမ္းေဘးတစ္ေလွ်ာက္တြင္ ဆိုင္ကယ္မ်ား စနစ္တက်ရပ္တန္႔ထားရွိေရးအတြက္ သတ္မွတ္ မ်ဥ္းသားမႈကို မယ္ဆိုင္ယာဥ္ထိန္းရဲတပ္ဖြဲ႔မ်ားက မတ္လ(၂၈)ရက္ေန႔ နံနက္ပိုင္းက လုပ္ေဆာင္ေနေၾကာင္း သိရသည္။

မယ္ဆိုင္ၿမိဳ႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားထိပ္၀န္းက်င္တြင္ တာခ်ီလိတ္ဘက္သို႔ လာေရာက္ေသာ သူမ်ားႏွင့္ တာခ်ီလိတ္မွ လာေရာက္သည့္ ဆိုင္ကယ္မ်ား ရပ္တန္႔ေလ့ရွိရာတြင္ ဆိုင္ကယ္မ်ားအား စည္းကမ္းမရွိ ရပ္တန္႔ျခင္းေၾကာင္း ယင္းကဲ့သို႔ ျပဳလုပ္ရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေနရာတြင္ ဆိုင္ကယ္မ်ားအား တစ္စီးစာရပ္တန္႔ရန္အတြက္ မ်ဥ္းမ်ားျပဳလုပ္ထားရွိၿပီးေနာက္ သတ္မွတ္မ်ဥ္းအတြင္း ရပ္တန္႔ျခင္းမရွိသည့္ ဆိုင္ကယ္မ်ားအား အေရးယူမည္ျဖစ္ေၾကာင္းလည္း သိရွိရသည္။

ဓါတ္ပံု - Sunny Maesai



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်း - မြန်မာ နယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား ဝန်းကျင်ရှိ လမ်းဘေးတစ်လျှောက်တွင် ဆိုင်ကယ်များ စနစ်တကျရပ်တန့်ထားရှိရေးအတွက် သတ်မှတ် မျဉ်းသားမှုကို မယ်ဆိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့များက မတ်လ(၂၈)ရက်နေ့ နံနက်ပိုင်းက လုပ်ဆောင်နေကြောင်း သိရသည်။

မယ်ဆိုင်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်ဝန်းကျင်တွင် တာချီလိတ်ဘက်သို့ လာရောက်သော သူများနှင့် တာချီလိတ်မှ လာရောက်သည့် ဆိုင်ကယ်များ ရပ်တန့်လေ့ရှိရာတွင် ဆိုင်ကယ်များအား စည်းကမ်းမရှိ ရပ်တန့်ခြင်းကြောင်း ယင်းကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာတွင် ဆိုင်ကယ်များအား တစ်စီးစာရပ်တန့်ရန်အတွက် မျဉ်းများပြုလုပ်ထားရှိပြီးနောက် သတ်မှတ်မျဉ်းအတွင်း ရပ်တန့်ခြင်းမရှိသည့် ဆိုင်ကယ်များအား အရေးယူမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ဓာတ်ပုံ - Sunny Maesai 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~