ရွမ္းျပည္နယ္အတြင္း စံျပၿမိဳ႕နယ္ေဆးရံုဆုႏွင့္ က်န္းမာေရးက႑ သံတမန္ခန္႔အပ္ရန္အတြက္ ေရြးခ်ယ္ေန

ရွမ္းျပည္နယ္အတြင္း စံျပၿမိဳ႕နယ္ေဆးရံုဆုႏွင့္ က်န္းမာေရးက႑ သံတမန္ခန္႔အပ္ရန္အတြက္ ေရြးခ်ယ္ေန
မတ် 10, 2018
By Tachileik News Agency
ရွမ္းျပည္နယ္အတြင္းရိွ ေဆးရံုမ်ားအနက္ စံျပေဆးရံုေရြးခ်ယ္ဆုခ်ီးျမႇင့္ရန္ႏွင့္ က်န္းမာေရးက႑အတြက္ သံတမန္ခန္႔အပ္ရန္ ေရြးခ်ယ္ေနေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ထံမွ သိရသည္။

“ေတာင္ႀကီးမွာ က်န္းမာေရးဆိုင္ရာပြဲလုပ္ရင္ က်န္းမာေရးဆိုင္ရာသတင္းအခ်က္အလက္စာအုပ္ေတြကို ျပည္ေထာင္စုဝန္ႀကီးက မိတ္ဆက္ေပးမွာပါ။ ရွမ္းျပည္နယ္တြင္းက ေဆးရံုေတြကို ၿမိဳ႕နယ္စံျပ ေဆးရံုေရြးခ်ယ္ ဆုခ်ီးျမႇင့္ဖို႔ အစီအစဥ္ရိွပါတယ္။ ေနာက္တစ္ခုက ရွမ္းျပည္နယ္ အတြင္း Health Ambassador (က်န္းမာေရးက႑ သံတမန္)ခန္႔အပ္ဖို႔အတြက္ပါ။ ေလာေလာဆယ္ေတာ့ ရွမ္းျပည္နယ္ တြင္းက စာရင္းလ်ာထားတုန္းပဲရိွပါေသးတယ္။ ရွမ္းျပည္နယ္တြင္းက နာမည္ႀကီးဆိုေတာ့ ပထမက စိုင္းစိုင္းခမ္းလိႈင္တို႔ နန္းခင္ေဇယ်ာတို႔နဲ႔ ညိႇတာ အဆင္မေျပဘူးလုိ႔ ေျပာတယ္။ အခုေတာ့ နမ့္ခမ္းက Miss တစ္ေယာက္လို႔ သိရတယ္။ အတိအက်ေတာ့ မသိရေသးဘူး။ ျပည္နယ္က်န္းမာကေန ေရြးေနတာ” ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေတာင္ႀကီးၿမိဳ႕တြင္ မတ္လ (၂၁)ရက္ေန႔၌က်င္းပမည့္ က်န္းမာေရးဆုိင္ရာပြဲတြင္ က်န္းမာေရးဆိုင္ရာ အခ်က္အလက္ စာအုပ္မိတ္ဆက္ျခင္း၊ ျပည္နယ္တြင္း စံျပေဆးရံုဆု ခ်ီးျမႇင့္ျခင္းႏွင့္ ျပည္နယ္၏ က်န္းမာေရးက႑ သံတမန္ခန္႔အပ္ျခင္းတုိ႔ကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာငး္ သိရသည္။

သတင္း #ဇာႏွင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်းရှိ ဆေးရုံများအနက် စံပြဆေးရုံရွေးချယ်ဆုချီးမြှင့်ရန်နှင့် ကျန်းမာရေးကဏ္ဍအတွက် သံတမန်ခန့်အပ်ရန် ရွေးချယ်နေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

“တောင်ကြီးမှာ ကျန်းမာရေးဆိုင်ရာပွဲလုပ်ရင် ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်စာအုပ်တွေကို ပြည်ထောင်စုဝန်ကြီးက မိတ်ဆက်ပေးမှာပါ။ ရှမ်းပြည်နယ်တွင်းက ဆေးရုံတွေကို မြို့နယ်စံပြဆေးရုံရွေးချယ် ဆုချီးမြှင့်ဖို့ အစီအစဉ်ရှိပါတယ်။ နောက်တစ်ခုက ရှမ်းပြည်နယ် အတွင်း Health Ambassador (ကျန်းမာရေးကဏ္ဍ သံတမန်)ခန့်အပ်ဖို့အတွက်ပါ။ လောလောဆယ်တော့ ရှမ်းပြည်နယ် တွင်းက စာရင်းလျာထားတုန်းပဲရှိပါသေးတယ်။ ရှမ်းပြည်နယ်တွင်းက နာမည်ကြီးဆိုတော့ ပထမက စိုင်းစိုင်းခမ်းလှိုင်တို့ နန်းခင်ဇေယျာတို့နဲ့ ညှိတာ အဆင်မပြေဘူးလို့ ပြောတယ်။ အခုတော့ နမ့်ခမ်းက Miss တစ်ယောက်လို့ သိရတယ်။ အတိအကျတော့ မသိရသေးဘူး။ ပြည်နယ်ကျန်းမာကနေ ရွေးနေတာ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တောင်ကြီးမြို့တွင် မတ်လ (၂၁)ရက်နေ့၌ကျင်းပမည့် ကျန်းမာရေးဆိုင်ရာပွဲတွင် ကျန်းမာရေးဆိုင်ရာ အချက်အလက် စာအုပ်မိတ်ဆက်ခြင်း၊ ပြည်နယ်တွင်း စံပြဆေးရုံဆု ချီးမြှင့်ခြင်းနှင့် ပြည်နယ်၏ ကျန်းမာရေးကဏ္ဍ သံတမန်ခန့်အပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောငး် သိရသည်။

သတင်း #ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~