အိမ္ေျခ(၁၅၄)လံုး မီးေဘးသင့္ခဲ့သည့္ သစ္ႀကီးေတာေက်းရြာမွ မီးေဘးသင့္ အိမ္ေထာင္စုမ်ားအား ေထာက္ပံ့ေငြႏွင့္ပစၥည္းမ်ား ေပးအပ္

အိမ္ေျခ(၁၅၄)လံုး မီးေဘးသင့္ခဲ့သည့္ သစ္ႀကီးေတာေက်းရြာမွ မီးေဘးသင့္ အိမ္ေထာင္စုမ်ားအား ေထာက္ပံ့ေငြႏွင့္ပစၥည္းမ်ား ေပးအပ္
မတ် 8, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ပခုကၠဴခရုိင္၊ ေရစႀကိဳၿမိဳ႕နယ္ သစ္ႀကီးေတာေက်းရြာမွ မီးေဘးသင့္ အိမ္ေထာင္စု(၁၆၇)စုအား  မေကြးတိုင္း ေဒသႀကီး အစိုးရ အဖဲြ႕က မတ္လ (၈) ရက္ေန႔တြင္ ေထာက္ပံ့ေငြႏွင့္ပစၥည္းမ်ား သြားေရာက္ ေပးအပ္ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၀န္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳက မီးေဘးသင့္ျပည္သူမ်ားအတြက္ တစ္အိမ္ေထာင္လွ်င္ (၃)သိန္းက်ပ္ႏႈန္း၊ လုံျခံဳေရးႏွင့္နယ္စပ္ေရးရာ ၀န္ႀကီးဗိုလ္မွဴးႀကီး မင္းဦးက က်ပ္(၃)သိန္း၊ တိုင္းေဒသႀကီးေဆာက္လုပ္ေရး အသင္းက က်ပ္(၁၀)သိန္း၊ မေကြးတိုင္းေဒသႀကီး ရဲတပ္ ဖြဲ႔မွဴး ရဲမွဴးုႀကီးခင္ေမာင္ေအးက မာမားေခါက္ တန္ဘိုးေငြ (၁၃၀၃၅၀ိ)ရိွ ဆြဲေျခာက္ထုပ္ (၁၀၀၀)ထုပ္၊ ဘိုးရ တနာေရသန္႔ဗူး (၁၀၀၈) ဗူး၊ မူးယစ္တပ္ဖြဲ႔စု မွ မာမားေခါက္ဆြဲ ေျခာက္ထုပ္ (၁၀၀၀၀)ထုပ္၊ ေငြနဒီ ေသာက္ေရသန္႔မွ ေရသန္႔ဗူး(၃၆၀)ဗူး၊သဂၤဟ ေဖာင္ေဒး ရွင္း မွ ေငြ က်ပ္သိန္း(၄၀၀)၊ ၿမိဳင္ၿမိဳ႕နယ္၊ မက်ီး ေလးပင္ေက်းရြာ၊က်ြဲ/ႏြား/သိုး/ဆိတ္ ေမြးျမဴ ထုတ္လုပ္ေရး ကိုယ္စားလွယ္ ဦးေမာင္စိုးမွ ေငြက်ပ္သိန္း(၄၀)တုိ႔အား အသီးသီးေထာက္ပံ့ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ေရစႀကိဳၿမိဳ႕မွ (၁၂)မိုင္ခန္႔အကြာ ေရစႀကိဳ - ေခ်ာင္းဦးလမ္းမႀကီးမွ (၃)မိုင္ခန္႔အကြာရိွ သစ္ႀကီးေတာ ေက်းရြာအုပ္စု၊ သစ္ႀကီးေတာေက်းရြာမွ ဦးေပၚဦး၏ ေနအိမ္ မီးဖိုမီးၾကြင္းမီးက်န္မွ မတ္လ(၃)ရက္ ည(၈)နာရီခဲြအခ်ိန္ခန္႔တြင္ မီးစတင္ေလာင္ကၽြမ္းျခင္းျဖစ္ၿပီး မတ္လ(၃)ရက္ ည(၉)နာရီခဲြအခ်ိန္ခန္႔တြင္ မီးညြန္႔က်ိဳးကာ မတ္လ (၄)ရက္ေန႔  နံနက္ (၁)နာရီမထိုးမီတြင္ မီးၿငိမ္းသြားျခင္းျဖစ္ေၾကာင္း ႏွင့္ အဆိုပါ  မီးေလာင္မႈေၾကာင္႔ စုစုေပါင္းခန္႔မွန္း အိမ္ေျခ(၁၅၄)လံုး ႏွင္႔ ဝက္ (၂)ေကာင္ မီးသင္႔ခံရၿပီး က်ား/မ စုစုေပါင္း (၈၉၃)ဦး အိုးမဲ႔အိမ္မဲ႔ျဖစ္ ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေထာက္ပံ့ကူညီမႈျပဳလုပ္ရာသို႔ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔ ၀န္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳ၊ လံုျခံဳေရးႏွင့္နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီး မင္းဦး၊ မေကြး တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွဴးရဲမွဴးႀကီးခင္ေမာင္ေအး၊ ယာယီတိုင္းမီးသတ္ဦးစီးမွဴး ဒုညႊန္မွဴး ဦးေဇာ္၀င္းထြန္း၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးကိုကိုလြင္၊ ပခုကၠဴခရုိင္ ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီး ေက်ာ္စိုး၊ ခရိုင္ေဆာက္လုပ္ေရး ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးေနဇင္ထြန္း၊ တိုင္းေဒသႀကီး (၁)လႊတ္ေတာ္ကိုယ္စားလွယ္ဦးတင္ေသာင္း၊ တိုင္းေဒသႀကီး(၂) လႊတ္ေတာ္ကိုယ္စား လွယ္ ဦးမင္းဟန္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး မွဴး ဦးေအာင္ျမင့္၊ ေရစႀကိဳၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴး ျမင့္ေဖ၊သစ္ႀကီးေတာေက်းရြာအုပ္ခ်ဳပ္ ေရးမွဴး ဦးေက်ာ္သူရတို႔ သြားေရာက္ၾကေၾကာင္း သိရသည္။

သတင္း - ဖီးနစ္




~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စု(၁၆၇)စုအား မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က မတ်လ (၈) ရက်နေ့တွင် ထောက်ပံ့ငွေနှင့်ပစ္စည်းများ သွားရောက် ပေးအပ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက မီးဘေးသင့်ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် (၃)သိန်းကျပ်နှုန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မင်းဦးက ကျပ်(၃)သိန်း၊ တိုင်းဒေသကြီးဆောက်လုပ်ရေး အသင်းက ကျပ်(၁၀)သိန်း၊ မကွေးတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူး ရဲမှူးုကြီးခင်မောင်အေးက မာမားခေါက် တန်ဘိုးငွေ (၁၃၀၃၅၀ိ)ရှိ ဆွဲခြောက်ထုပ် (၁၀၀၀)ထုပ်၊ ဘိုးရ တနာရေသန့်ဗူး (၁၀၀၈) ဗူး၊ မူးယစ်တပ်ဖွဲ့စု မှ မာမားခေါက်ဆွဲ ခြောက်ထုပ် (၁၀၀၀၀)ထုပ်၊ ငွေနဒီ သောက်ရေသန့်မှ ရေသန့်ဗူး(၃၆၀)ဗူး၊သဂငှ် ဖောင်ဒေး ရှင်း မှ ငွေ ကျပ်သိန်း(၄၀၀)၊ မြိုင်မြို့နယ်၊ မကျီး လေးပင်ကျေးရွာ၊ကျွဲ/နွား/သိုး/ဆိတ် မွေးမြူ ထုတ်လုပ်ရေး ကိုယ်စားလှယ် ဦးမောင်စိုးမှ ငွေကျပ်သိန်း(၄၀)တို့အား အသီးသီးထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

ရေစကြိုမြို့မှ (၁၂)မိုင်ခန့်အကွာ ရေစကြို - ချောင်းဦးလမ်းမကြီးမှ (၃)မိုင်ခန့်အကွာရှိ သစ်ကြီးတော ကျေးရွာအုပ်စု၊ သစ်ကြီးတောကျေးရွာမှ ဦးပေါ်ဦး၏ နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှ မတ်လ(၃)ရက် ည(၈)နာရီခွဲအချိန်ခန့်တွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မတ်လ(၃)ရက် ည(၉)နာရီခွဲအချိန်ခန့်တွင် မီးညွန့်ကျိုးကာ မတ်လ (၄)ရက်နေ့ နံနက် (၁)နာရီမထိုးမီတွင် မီးငြိမ်းသွားခြင်းဖြစ်ကြောင်း နှင့် အဆိုပါ မီးလောင်မှုကြောင့် စုစုပေါင်းခန့်မှန်း အိမ်ခြေ(၁၅၄)လုံး နှင့် ဝက် (၂)ကောင် မီးသင့်ခံရပြီး ကျား/မ စုစုပေါင်း (၈၉၃)ဦး အိုးမဲ့အိမ်မဲ့ဖြစ် ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထောက်ပံ့ကူညီမှုပြုလုပ်ရာသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦး၊ မကွေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီးခင်မောင်အေး၊ ယာယီတိုင်းမီးသတ်ဦးစီးမှူး ဒုညွှန်မှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်စိုး၊ ခရိုင်ဆောက်လုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေဇင်ထွန်း၊ တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ်ဦးတင်သောင်း၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စား လှယ် ဦးမင်းဟန် မြို့နယ်အုပ်ချုပ်ရေး မှူး ဦးအောင်မြင့်၊ ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဖေ၊သစ်ကြီးတောကျေးရွာအုပ်ချုပ် ရေးမှူး ဦးကျော်သူရတို့ သွားရောက်ကြကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~