တာခ်ီလိတ္သို႔ သယ္ေဆာင္လာမည့္ ေသနတ္ႏွင့္က်ည္မ်ားအား မယ္ဆုိင္ဘက္ တံတား(၁)တြင္ ဖမ္းဆီးရမိ

တာခ်ီလိတ္သို႔ သယ္ေဆာင္လာမည့္ ေသနတ္ႏွင့္က်ည္မ်ားအား မယ္ဆုိင္ဘက္ တံတား(၁)တြင္ ဖမ္းဆီးရမိ
မတ် 30, 2018
By Tachileik News Agency

တာခ်ီလိတ္သို႔ သယ္ေဆာင္လာမည့္ ရိုင္ဖယ္ေသနတ္ႏွင့္ က်ည္မ်ားအား ျမန္မာ - ထိုင္းနယ္စပ္၊ မယ္ဆိုင္ၿမိဳ႕ဘက္ ခ်စ္ၾကည္ေရး အမွတ္(၁)တံတားရွိ ထိုင္းစစ္ေဆးေရးေနရာတြင္ သယ္ေဆာင္လာသူ ျမန္မာႏုိင္ငံသား ႏွင့္အတူ လက္နက္ေရာင္းခ်ေပးသည့္ ထိုင္းႏုိင္ငံသားကို  ဖမ္းဆီးရမိေၾကာင္း သိရသည္။

စိုင္းေနာ္ ေမာင္းႏွင္လာသည့္ ခရီးသည္တင္ မွန္လံုယာဥ္နံရံတြင္ သို၀ွက္ကာ သယ္ေဆာင္လာေသာ  Czech Republic ႏိုင္ငံထုတ္ CZ455 အမ်ိဳးအစား (.၂၂) ရိုင္ဖယ္ေသနတ္ (၃) လက္ႏွင့္ က်ည္(၂၅၀၀)ေတာင့္အား မတ္လ (၂၉)ရက္ေန႔က ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁) ထုိင္းႏုိင္ငံ မယ္ဆုိင္ဘက္တြင္ ပူးေပါင္းအဖြဲ႔မွ  ဖမ္းဆီးရမိေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိမႈႏွင့္ ပတ္သက္၍ မယ္ဆိုင္ဘက္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၂)တံတားရွိ အေကာက္ခြန္ဌာန အစည္းအေဝးခန္းမတြင္ မတ္လ (၂၉)ရက္ေန႔က သတင္းစာရွင္းလင္းပြဲျပဳလုပ္ေၾကာင္း သိရသည္။

၎သတင္းစာရွင္းလင္းပြဲသို႔ ခ်င္း႐ိုင္းခ႐ိုင္ အေကာက္ခြန္ဦးစီးဌာနမွ အေကာက္ခြန္ၫႊန္ၾကားေရးမွဴး ႏိုင္းလိစုမ္ဘတ္စီရီ၊ ခ႐ိုင္အေကာက္ခြန္ လက္ေထာက္ၫႊန္ၾကားေရးမွဴး ႏိုင္းႏိုင္းေအြ႕ခ်ိဳင္းကြန္ထိမြန္တရီ၊ ခ႐ိုင္အေကာက္ခြန္ဝန္ေထာက္ နန္ခ်လီဒါဖန္းကရဝီ၊ မယ္ဆိုင္ၿမိဳ႕နယ္အေကာက္ခြန္ဝန္ေထာက္ နန္ဖတ္ရီစူက်စ္ဖိထလုမ္၊ အမွတ္(၃)လွဳပ္ရွားယႏၲရားတပ္ဖြဲ႕ဝင္မ်ားႏွင့္ မယ္ဆိုင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ဝင္မ်ား စုစုေပါင္းအင္အား(၂၅)ဦးခန္႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

လက္နက္မ်ား တင္ေဆာင္လာသည့္ ျမန္မာႏိုင္ငံသား စိုင္းေနာ္အား ၂၀၁၇ ထိုင္းအေကာက္ခြန္ အက္ဥပေဒပုဒ္မ ၂၄၂ ျဖင့္ အမႈဖြင့္ထားၿပီး အဆိုပါ ေသနတ္မ်ားအား အေထာက္အထားမရိွဘဲ ေရာင္းခ်သည့္ ထုိင္းႏုိင္ငံသားကိုလည္း အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - MSCT




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်သို့ သယ်ဆောင်လာမည့် ရိုင်ဖယ်သေနတ်နှင့် ကျည်များအား မြန်မာ - ထိုင်းနယ်စပ်၊ မယ်ဆိုင်မြို့ဘက် ချစ်ကြည်ရေး အမှတ်(၁)တံတားရှိ ထိုင်းစစ်ဆေးရေးနေရာတွင် သယ်ဆောင်လာသူ မြန်မာနိုင်ငံသား နှင့်အတူ လက်နက်ရောင်းချပေးသည့် ထိုင်းနိုင်ငံသားကို ဖမ်းဆီးရမိကြောင်း သိရသည်။

စိုင်းနော် မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်နံရံတွင် သိုဝှက်ကာ သယ်ဆောင်လာသော Czech Republic နိုင်ငံထုတ် CZ455 အမျိုးအစား (.၂၂) ရိုင်ဖယ်သေနတ် (၃) လက်နှင့် ကျည်(၂၅၀၀)တောင့်အား မတ်လ (၂၉)ရက်နေ့က မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁) ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မယ်ဆိုင်ဘက် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားရှိ အကောက်ခွန်ဌာန အစည်းအဝေးခန်းမတွင် မတ်လ (၂၉)ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ကြောင်း သိရသည်။

၎င်းသတင်းစာရှင်းလင်းပွဲသို့ ချင်းရိုင်းခရိုင် အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်ညွှန်ကြားရေးမှူး နိုင်းလိစုမ်ဘတ်စီရီ၊ ခရိုင်အကောက်ခွန် လက်ထောက်ညွှန်ကြားရေးမှူး နိုင်းနိုင်းအွေ့ချိုင်းကွန်ထိမွန်တရီ၊ ခရိုင်အကောက်ခွန်ဝန်ထောက် နန်ချလီဒါဖန်းကရဝီ၊ မယ်ဆိုင်မြို့နယ်အကောက်ခွန်ဝန်ထောက် နန်ဖတ်ရီစူကျစ်ဖိထလုမ်၊ အမှတ်(၃)လှုပ်ရှားယန္တရားတပ်ဖွဲ့ဝင်များနှင့် မယ်ဆိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၂၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

လက်နက်များ တင်ဆောင်လာသည့် မြန်မာနိုင်ငံသား စိုင်းနော်အား ၂၀၁၇ ထိုင်းအကောက်ခွန် အက်ဥပဒေပုဒ်မ ၂၄၂ ဖြင့် အမှုဖွင့်ထားပြီး အဆိုပါ သေနတ်များအား အထောက်အထားမရှိဘဲ ရောင်းချသည့် ထိုင်းနိုင်ငံသားကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - MSCT

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~