တာခ်ီလိတ္၌ က်င္းပမည့္ ၂၀၁၈ခုႏွစ္ အစိုးရပါဠိ ပထမျပန္ စာေမးပြဲႏွင့္ စာေအာင္သံဃာေတာ္မ်ားအား ေအာင္လက္မွတ္ ဆက္ကပ္လွဴဒါန္းပြဲအတြက္ လိုအပ္သည့္ အလွဴေငြမ်ားရရွိရန္ ရွမ္းရိုးမကြင္းေရွ႕တြင္ အလွဴခံဌာန ဖြင့္လွစ္ထား

တာခ်ီလိတ္၌ က်င္းပမည့္ ၂၀၁၈ခုႏွစ္ အစိုးရပါဠိ ပထမျပန္ စာေမးပြဲႏွင့္ စာေအာင္သံဃာေတာ္မ်ားအား ေအာင္လက္မွတ္ ဆက္ကပ္လွဴဒါန္းပြဲအတြက္ လိုအပ္သည့္ အလွဴေငြမ်ားရရွိရန္ ရွမ္းရိုးမကြင္းေရွ႕တြင္ အလွဴခံဌာန ဖြင့္လွစ္ထား
မတ် 5, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ မတ္လေနာက္ဆံုးပတ္အတြင္း စတင္၍ က်င္းပျပဳလုပ္မည့္  ၂၀၁၈ခုႏွစ္ အစိုးရပါဠိ ပထမျပန္ စာေမးပြဲႏွင့္ စာေအာင္သံဃာေတာ္မ်ားအား ေအာင္လက္မွတ္ ဆက္ကပ္လွဴဒါန္းပြဲအတြက္ က်ပ္သိန္း(၂၀)ေက်ာ္ ကုန္က်မည္ျဖစ္ရာ ေစတနာရွင္ အလွဴရွင္မ်ား ပါ၀င္လွဴဒါန္းႏုိင္ရန္ အလွဴေငြလက္ခံရာဌာနအား ရွမ္းရိုးမကြင္းေရွ႕၌ မတ္လ(၅)ရက္ေန႔တြင္ စတင္၍ ဖြင့္လွစ္ထားရွိေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ အစိုးရပါဠိပထမျပန္စာေမးပြဲႏွင့္ စာေအာင္သံဃာေတာ္မ်ားအား ေအာင္လက္မွတ္ ဆက္ကပ္လွဴဒါန္းပြဲကို ၂၀၁၈ခုႏွစ္ မတ္လ(၂၈)ရက္ေန႔မွ စတင္ကာ ဧၿပီလ(၅)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္သည့္ အတြက္ လိုအပ္သည့္ ကုန္က်မႈမ်ားႏွင့္ ပတ္သက္၍ ေစတနာရွင္မ်ား တတ္ႏိုင္သည့္ ဘက္မွ ပါ၀င္လွဴဒါန္းႏိုင္ရန္  ရွမ္းရိုးမကြင္းေရွ႕တြင္ အလွဴခံဌာနအား မတ္လ(၅)ရက္ေန႔မွ မတ္လ(၂၂)ရက္ေန႔အထိ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အလွဴခံဌာနတြင္ အလင္းေရာင္ပရဟိတအသင္း၊ မဇၥ်ိမလူမႈကူညီေရးအသင္း၊ ေမတၱာရွင္ သာေရး/နာေရးကူညီမႈအသင္း၊ ေရႊတာခ်ီလူမႈကူညီေရးအသင္း၊ ရခိုင္လူမႈကူညီေရးအသင္း၊ ဗမာတုိင္းရင္းသားယဥ္ေက်းမႈအဖြဲ႕၊ သဘင္ပညာရွင္မ်ားအစည္းအရံုး၊ ႏုိင္ငံ့၀န္ထမ္းေဟာင္းမ်ားအသင္း(တာခ်ီလိတ္)၊ တာခ်ီလိတ္နာေရးကူညီမႈအသင္း၊ ေဂၚရခါးလူမႈကူညီေရးအသင္း ႏွင့္ ဗုဒၶဘာသာ သာသနာ ကိုယ္သာေစာင့္ေရွာက္ရာအဖြဲ႔ စသည့္ လူမႈေရးအသင္းအဖြဲ႔မ်ားက သတ္မွတ္ရက္မ်ားအလိုက္ တာ၀န္မ်ားခြဲကာ နံနက္(၈)နာရီမွ ည(၈)နာရီအထိ ဖြင့္လွစ္ကာ ေကာက္ခံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ အစိုးရပါဠိပထမျပန္စာေမးပြဲတြင္ အတန္းလိုက္ စာေျဖသံဃာေတာ္ စုစုေပါသ္း(၉၃)ပါး ၀င္ေရာက္ ေျဖဆိုၾကမည္ျဖစ္ၿပီး ေအာင္လက္မွတ္ ဆက္ကပ္လွဴဒါန္းရမည့္ ယခုႏွစ္အတြက္ စာေအာင္ သံဃာေတာ္ စုစုေပါင္းမွာ (၃၆)ပါး ရွိသည့္အတြက္ အဆိုပါ အခမ္းအနား ႏွစ္ခုလံုးအတြက္ စုစုေပါင္း ကုန္က်မႈမွာ က်ပ္သိန္း(၂၀)ေက်ာ္ရွိမည္ျဖစ္သည့္အတြက္ တာခ်ီလိတ္မွ ေစတနာရွင္မ်ားအေနျဖင့္ ပါ၀င္လွဴဒါန္းႏိုင္ရန္ အလွဴခံမဌာနဖြင့္လိုက္ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

ဓါတ္ပံု - Daw Khaing Marlar



~~~~~~~~⊰❂ unicode ~~~~~~~~


တာချီလိတ်မြို့တွင် မတ်လနောက်ဆုံးပတ်အတွင်း စတင်၍ ကျင်းပပြုလုပ်မည့် ၂၀၁၈ခုနှစ် အစိုးရပါဠိ ပထမပြန် စာမေးပွဲနှင့် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲအတွက် ကျပ်သိန်း(၂၀)ကျော် ကုန်ကျမည်ဖြစ်ရာ စေတနာရှင် အလှူရှင်များ ပါဝင်လှူဒါန်းနိုင်ရန် အလှူငွေလက်ခံရာဌာနအား ရှမ်းရိုးမကွင်းရှေ့၌ မတ်လ(၅)ရက်နေ့တွင် စတင်၍ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

၂၀၁၈ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲကို ၂၀၁၈ခုနှစ် မတ်လ(၂၈)ရက်နေ့မှ စတင်ကာ ဧပြီလ(၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့် အတွက် လိုအပ်သည့် ကုန်ကျမှုများနှင့် ပတ်သက်၍ စေတနာရှင်များ တတ်နိုင်သည့် ဘက်မှ ပါဝင်လှူဒါန်းနိုင်ရန် ရှမ်းရိုးမကွင်းရှေ့တွင် အလှူခံဌာနအား မတ်လ(၅)ရက်နေ့မှ မတ်လ(၂၂)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလှူခံဌာနတွင် အလင်းရောင်ပရဟိတအသင်း၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်း၊ ရွှေတာချီလူမှုကူညီရေးအသင်း၊ ရခိုင်လူမှုကူညီရေးအသင်း၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၊ သဘင်ပညာရှင်များအစည်းအရုံး၊ နိုင်ငံ့ဝန်ထမ်းဟောင်းများအသင်း(တာချီလိတ်)၊ တာချီလိတ်နာရေးကူညီမှုအသင်း၊ ဂေါ်ရခါးလူမှုကူညီရေးအသင်း နှင့် ဗုဒ္ဓဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာအဖွဲ့ စသည့် လူမှုရေးအသင်းအဖွဲ့များက သတ်မှတ်ရက်များအလိုက် တာဝန်များခွဲကာ နံနက်(၈)နာရီမှ ည(၈)နာရီအထိ ဖွင့်လှစ်ကာ ကောက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အတန်းလိုက် စာဖြေသံဃာတော် စုစုပေါသ်း(၉၃)ပါး ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ပြီး အောင်လက်မှတ် ဆက်ကပ်လှူဒါန်းရမည့် ယခုနှစ်အတွက် စာအောင် သံဃာတော် စုစုပေါင်းမှာ (၃၆)ပါး ရှိသည့်အတွက် အဆိုပါ အခမ်းအနား နှစ်ခုလုံးအတွက် စုစုပေါင်း ကုန်ကျမှုမှာ ကျပ်သိန်း(၂၀)ကျော်ရှိမည်ဖြစ်သည့်အတွက် တာချီလိတ်မှ စေတနာရှင်များအနဖြေင့် ပါဝင်လှူဒါန်းနိုင်ရန် အလှူခံမဌာနဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - Daw Khaing Marlar

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~