ဆီဆိုင္ၿမိဳ႕နယ္ နားေစးေစာက္ရြာတြင္ ဘိန္းစိမ္း ၇၄ ကီလို သိမ္းဆည္းရမိ

ဆီဆိုင္ၿမိဳ႕နယ္ နားေစးေစာက္ရြာတြင္ ဘိန္းစိမ္း ၇၄ ကီလို သိမ္းဆည္းရမိ
မတ် 3, 2018
By 🌸
ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဆီဆိုင္ၿမိဳ႕နယ္၊ ဘန္႔ဗြီးေက်းရြာအုပ္စု၊ နားေစးေစာက္ေက်းရြာမွ ေနအိမ္တစ္လံုးတြင္ မတ္လ (၁)ရက္ေန႔ နံနက္ (၄)နာရီခြဲအခ်ိန္က ဝင္ေရာက္ရွာေဖြရာ ဘိန္းစိမ္း (၇၄) ကီလို ရွာေဖြသိမ္းဆည္းရမိေၾကာင္း သိရသည္။

နားေစးေစာက္ေက်းရြာမွ ေမာင္မ်ိဳး၏ေနအိမ္အား ဘန္းယဥ္နယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ဝင္ေရာက္ရွာေဖြရာ ပီနံအိတ္ေလးအိတ္အတြင္းမွ ဘိန္းစိမ္း (၇၄) ကီလို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဘိန္းစိမ္းမ်ားရွာေဖြေတြ႔ရိွရသည့္ ေနအိမ္မွ အသက္(၁၉)ႏွစ္အရြယ္ ေမာင္မ်ိဳးအား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္္ပံု #ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
ဆီဆိုင်မြို့နယ် နားစေးစောက်ရွာတွင် ဘိန်းစိမ်း ၇၄ ကီလို သိမ်းဆည်းရမိ
*********
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စု၊ နားစေးစောက်ကျေးရွာမှ နေအိမ်တစ်လုံးတွင် မတ်လ (၁)ရက်နေ့ နံနက် (၄)နာရီခွဲအချိန်က ဝင်ရောက်ရှာဖွေရာ ဘိန်းစိမ်း (၇၄) ကီလို ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

နားစေးစောက်ကျေးရွာမှ မောင်မျိုး၏နေအိမ်အား ဘန်းယဉ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ ပီနံအိတ်လေးအိတ်အတွင်းမှ ဘိန်းစိမ်း (၇၄) ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းစိမ်းများရှာဖွေတွေ့ရှိရသည့် နေအိမ်မှ အသက်(၁၉)နှစ်အရွယ် မောင်မျိုးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~