နမ့္ခမ္းၿမိဳ႕ဝင္မုခ္ဦးကို ဝင္တုိက္သည့္ တရားမဝင္သစ္ ၂၂ တန္ သယ္လာေသာ ယာဥ္သံုးစီးအား ပိုင္ရွင္မဲ့ဖမ္းမိ

နမ့္ခမ္းၿမိဳ႕ဝင္မုခ္ဦးကို ဝင္တုိက္သည့္ တရားမဝင္သစ္ ၂၂ တန္ သယ္လာေသာ ယာဥ္သံုးစီးအား ပိုင္ရွင္မဲ့ဖမ္းမိ
မတ် 4, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ခမ္းၿမိဳ႕တြင္ တရားမဝင္သစ္သယ္လာသည့္ကား ၿမိဳ႕အဝင္မုခ္ဦးအား ဝင္တုိက္မိ၍ ယာဥ္ေမာင္းမ်ား ထြက္ေျပးတိမ္းေရွာင္သြားသျဖင့္ ယာဥ္သံုးစီးတြင္ တင္ေဆာင္လာသည့္ ကၽြန္းႏွင့္ ပိေတာက္သစ္ခြဲသား (၂၂)တန္ခန္႔အား ပိုင္ရွင္မဲ့ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

နမ့္ခမ္းၿမိဳ႕ဝင္မုခ္ဦးအား ၂၀၁၈ ခုႏွစ္၊ မတ္လ (၃) ရက္ေန႔ နံနက္ (၅)နာရီဝန္းက်င္က ဆယ္ဘီးယာဥ္တစ္စီး ဝင္တုိက္မိထားသျဖင့္  မုခ္ဦးၿပိဳက်ပ်က္စီးသြားေၾကာင္း သတင္းအရ တပ္မေတာ္သားမ်ား၊ နမ့္ခမ္းၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ သတင္းရဲတပ္ဖြဲ႕မွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ နမ့္ခမ္းစရဖမွ တပ္မေတာ္သားမ်ားႏွင့္၊ ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ဝန္ထမ္းတို႔ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သြားေရာက္စစ္ေဆးခဲ့ရာ ၿမိဳ႕ဝင္မုခ္ဦး၌ မိုးကာအုပ္ၿပီး ရပ္တန္႔ထားေသာ (၁၀)ဘီးယာဥ္သံုးစီးအား ေတြ႔ရေၾကာင္း သိရသည္။

အဆိုပါ ေမာ္ေတာ္ယာဥ္သံုးစီးအနက္ ေရွ႕ဆံုးယာဥ္က မုခ္ဦးအား ဝင္တုိက္မိထားၿပီး ယာဥ္သံုးစီးလံုးတြင္ တရားမဝင္တင္ေဆာင္လာသည့္ ကြၽန္း သစ္လုံး/ခြဲသား၊ ပိေတာက္ဓားေ႐ြတုံးမ်ား စုစုေပါင္းအေလးခ်ိန္ (၂၂) တန္ခန္႔ တင္ေဆာင္ထားသည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း သိရသည္။

 အဆိုပါ ယာဥ္မ်ားမွ ယာဥ္ေမာင္းမ်ားမွာ ထြက္ေျပးတိမ္းေရွာင္သြားသျဖင့္ ဖမ္းဆီးရမိျခင္းမရိွဘဲ ယာဥ္မ်ားႏွင့္ သစ္မ်ားအား နမ့္ခမ္းၿမိဳ႕ ေလယာဥ္ကြင္းေဟာင္းသို႔ သယ္ေဆာင္ထိန္းသိမ္းထားၿပီး အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
နမ့်ခမ်းမြို့ဝင်မုခ်ဦးကို ဝင်တိုက်သည့် တရားမဝင်သစ် ၂၂ တန် သယ်လာသော ယာဉ်သုံးစီးအား ပိုင်ရှင်မဲ့ဖမ်းမိ
************** 
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် တရားမဝင်သစ်သယ်လာသည့်ကား မြို့အဝင်မုခ်ဦးအား ဝင်တိုက်မိ၍ ယာဉ်မောင်းများ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ယာဉ်သုံးစီးတွင် တင်ဆောင်လာသည့် ကျွန်းနှင့် ပိတောက်သစ်ခွဲသား (၂၂)တန်ခန့်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိထားကြောင်း သိရသည်။
နမ့်ခမ်းမြို့ဝင်မုခ်ဦးအား ၂၀၁၈ ခုနှစ်၊ မတ်လ (၃) ရက်နေ့ နံနက် (၅)နာရီဝန်းကျင်က ဆယ်ဘီးယာဉ်တစ်စီး ဝင်တိုက်မိထားသဖြင့်  မုခ်ဦးပြိုကျပျက်စီးသွားကြောင်း သတင်းအရ တပ်မတော်သားများ၊ နမ့်ခမ်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ နမ့်ခမ်းစရဖမှ တပ်မတော်သားများနှင့်၊ မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မြို့ဝင်မုခ်ဦး၌ မိုးကာအုပ်ပြီး ရပ်တန့်ထားသော (၁၀)ဘီးယာဉ်သုံးစီးအား တွေ့ရကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်သုံးစီးအနက် ရှေ့ဆုံးယာဉ်က မုခ်ဦးအား ဝင်တိုက်မိထားပြီး ယာဉ်သုံးစီးလုံးတွင် တရားမဝင်တင်ဆောင်လာသည့် ကျွန်း သစ်လုံး/ခွဲသား၊ ပိတောက်ဓားရွေတုံးများ စုစုပေါင်းအလေးချိန် (၂၂) တန်ခန့် တင်ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
 အဆိုပါ ယာဉ်များမှ ယာဉ်မောင်းများမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖမ်းဆီးရမိခြင်းမရှိဘဲ ယာဉ်များနှင့် သစ်များအား နမ့်ခမ်းမြို့ လေယာဉ်ကွင်းဟောင်းသို့ သယ်ဆောင်ထိန်းသိမ်းထားပြီး အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်ထဲရေး
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~