တာခ်ီလိတ္ၿမိဳ႕ NIEC မွ ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္ ေအာင္လက္မွတ္ ႏွင့္ ထူးခြ်န္ဆုေပးပြဲ က်င္းပ

တာခ်ီလိတ္ၿမိဳ႕ NIEC မွ ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္ ေအာင္လက္မွတ္ ႏွင့္ ထူးခြ်န္ဆုေပးပြဲ က်င္းပ
မတ် 30, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ ပံုလို႔လမ္းတြင္ ဖြင့္လွစ္ထားရွိသည့္ ႏိုင္ငံတကာအဆင့္မွီ မူလတန္းႏွင့္အထက္တန္းေက်ာင္း ( NIEC ) က ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္ ေအာင္လက္မွတ္ ႏွင့္ ထူးခြ်န္ဆု ေပးအပ္သည့္ အခမ္းအနားအား ၂၀၁၈ခုႏွစ္ မတ္လ(၂၉)ရက္ေန႔ ညေနပိုင္းက စ၍ က်င္းပျပဳလုပ္ခဲ့ၾကသည္။

အဆိုပါ အခမ္းအနားတြင္ ႏိုင္ငံတကာအဆင့္မွီ မူလတန္းႏွင့္ အထက္တန္းေက်ာင္း ( NIEC )၌ တက္ေရာက္ေနသည့္ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားက အဆို အကမ်ားျဖင့္ ေဖ်ာ္ေျဖခဲ့ၾကသည္။

ေဖ်ာ္ေျဖပြဲၿပီးေနာက္တြင္ အဆိုပါ ေက်ာင္းမွ ၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္အတြင္း ကြန္ပ်ဴတာပိုင္းဆိုင္ရာပညာရပ္မ်ားတြင္ ထူးခြ်န္သူ ေက်ာင္းသား/သူမ်ားအား လည္းေကာင္း၊ အားကစားနည္းမ်ားတြင္ ထူးခြ်န္သူ ေက်ာင္းသား/သူမ်ားအား လည္းေကာင္း၊ ဂီတႏွင့္ပန္းခ်ီ ပညာမ်ားတြင္ ထူးခြ်န္သူ ေက်ာင္းသား/သူမ်ားအား လည္းေကာင္း အျခားဘာသာရပ္ပိုင္းမ်ားအလိုက္ ထူးခြ်န္သည့္ ေက်ာင္းသား/သူမ်ားအား ဆုမ်ားအား NIEC မွ တာ၀န္ရွိသူမ်ားက ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ရွိ  ႏိုင္ငံတကာအဆင့္မွီ မူလတန္းႏွင့္အထက္တန္းေက်ာင္း ( The Nelson International Education Center - NIEC )အား ၂၀၁၄ခုႏွစ္ ဇြန္လ(၁၆)ရက္ေန႔က စတင္ဖြင့္လွစ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ ပုံလို့လမ်းတွင် ဖွင့်လှစ်ထားရှိသည့် နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့်အထက်တန်းကျောင်း ( NIEC ) က ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် အောင်လက်မှတ် နှင့် ထူးချွန်ဆု ပေးအပ်သည့် အခမ်းအနားအား ၂၀၁၈ခုနှစ် မတ်လ(၂၉)ရက်နေ့ ညနေပိုင်းက စ၍ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့် အထက်တန်းကျောင်း ( NIEC )၌ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူလေးများက အဆို အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ဖျော်ဖြေပွဲပြီးနောက်တွင် အဆိုပါ ကျောင်းမှ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွင်း ကွန်ပျူတာပိုင်းဆိုင်ရာပညာရပ်များတွင် ထူးချွန်သူ ကျောင်းသား/သူများအား လည်းကောင်း၊ အားကစားနည်းများတွင် ထူးချွန်သူ ကျောင်းသား/သူများအား လည်းကောင်း၊ ဂီတနှင့်ပန်းချီ ပညာများတွင် ထူးချွန်သူ ကျောင်းသား/သူများအား လည်းကောင်း အခြားဘာသာရပ်ပိုင်းများအလိုက် ထူးချွန်သည့် ကျောင်းသား/သူများအား ဆုများအား NIEC မှ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

တာချီလိတ်ရှိ နိုင်ငံတကာအဆင့်မှီ မူလတန်းနှင့်အထက်တန်းကျောင်း ( The Nelson International Education Center - NIEC )အား ၂၀၁၄ခုနှစ် ဇွန်လ(၁၆)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~