ထိုင်းနိုင်ငံ ချင်းရိုင်းတွင် အခမဲ့ ပို့ချ သင်ကြားပေးနေသည့် ကွန်ပျူတာသင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၁၉)ဦး သွားရောက် သင်ယူ

ထိုင်းနိုင်ငံ ချင်းရိုင်းတွင် အခမဲ့ ပို့ချ သင်ကြားပေးနေသည့် ကွန်ပျူတာသင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၁၉)ဦး သွားရောက် သင်ယူ
မတျ 5, 2018
By Tachileik News Agency


အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်၊ ကျိုင်းတုံ နှင့် မိုင်းဖြတ်မြို့တို့မှ အမျိုးသား(၁၅)ဦး နှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း (၁၉)ဦးမှ တက်ရောက်သင်ယူနေကြခြင်း ဖြစ်ကြောင်း နှင့် သင်တန်းအား မတ်လ(၅)ရက်နေ့တွင် စတင်ကာ မတ်လ (၉)ရက်နေ့ အထိပို့ချ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ တက်ရောက်လိုသူများ အနေဖြင့် ကွန်ပျူတာအခြေခံတတ်မြောက်ထားရန်လိုကြောင်း သတ်မှတ်ထားရှိပြီး ထိုင်းနိုင်ငံ ချင်းဆဲန်အပြည်ပြည်ဆိုင်ရာလုပ်သားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ကွန်ပျူတာပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်ရန်အတွက် သင်တန်းကာလအတွင်း သင်တန်း သားများ တည်းခိုနေထိုင်ရေး၊ ယာဉ်၊ အစားအသောက်၊ သင်တန်းသုံးပစ္စည်း ကိရိယာများနှင့် ပညာရှင်များ အတွက် ကုန်ကျစရိတ်များကို အကုန်အကျခံကာ တာချီလိတ်နယ်စပ်ကုန်သည်များအသင်းနှင့် ချိတ်ဆက်ပြီး ချင်းရိုင်းသို့ ခေါ်ဆောင်ကာ သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကွန်ပျူတာအခြေခံတတ်မြောက်ထားသူများအား အသုပ်လိုက် အနေဖြင့် ကွန်ပျူတာပြုပြင်ခြင်း နှင့် ကွန်ပျူတာ ၀င်းဒိုးတင်ခြင်း( windows os installation)သင်တန်းအား ထိုင်းနိုင်ငံ ချင်းဆဲန်အပြည်ပြည်ဆိုင်ရာလုပ်သားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ပို့ချသင်ကြားပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းသား အယောက်(၂၀)ပြည့်ပါက တစ်ကြိမ်ခွဲ၍ ပို့ပေး သွားမည်ဖြစ်ကြောင်း နှင့် အဆိုပါ သင်တန်းများသို့ တက်ရောက်လိုသူများ အနေဖြင့် တာချီလိတ်မြို့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး အနီးရှိ တာချီလိတ်နယ်စပ် ကုန်သည်ကြီးများအသင်းရုံးတွင် လည်းကောင်း၊ မရွှေစင်ထွန်း ဖုန်း - 09250474144 သို့ ဖြစ်စေ ဆက်သွယ်စုံစမ်းကာ ကြိုတင် စာရင်းပေးသွင်း နိုင်မည်ဖြစ်ကြောင်း တာချီလိတ်နယ်စပ် ကုန်သည်ကြီးများအသင်းရုံးထံက သိရသိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်းနိုင်ငံ ချင်းဆဲန်အပြည်ပြည်ဆိုင်ရာလုပ်သားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကွန်ပျူတာပညာတတ်မြောက် လိုသူများအား စရိတ်ငြိမ်းအဖြစ် ချင်းရိုင်းသို့ ခေါ်ဆောင်ကာ အခမဲ့ ကွန်ပျူတာပြုပြင်ခြင်း သင်တန်းနှင့်အတူ ကွန်ပျူတာ အချင်းချင်း ကွန်ရက်(Network)ချိတ်ဆက် တပ်ဆင်ခြင်း သင်တန်းအား မတ်လ(၅)ရက်နေ့ နံနက်ပိုင်းက စတင်၍ ပို့ချသင်ကြားပေးနေရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ စုစုပေါင်း (၁၉)ဦးမှ သင်ယူနေကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်၊ ကျိုင်းတုံ နှင့် မိုင်းဖြတ်မြို့တို့မှ အမျိုးသား(၁၅)ဦး နှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း (၁၉)ဦးမှ တက်ရောက်သင်ယူနကြခြေင်း ဖြစ်ကြောင်း နှင့် သင်တန်းအား မတ်လ(၅)ရက်နေ့တွင် စတင်ကာ မတ်လ (၉)ရက်နေ့ အထိပို့ချ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ တက်ရောက်လိုသူများ အနဖြေင့် ကွန်ပျူတာအခြေခံတတ်မြောက်ထားရန်လိုကြောင်း သတ်မှတ်ထားရှိပြီး ထိုင်းနိုင်ငံ ချင်းဆဲန်အပြည်ပြည်ဆိုင်ရာလုပ်သားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ကွန်ပျူတာပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်ရန်အတွက် သင်တန်းကာလအတွင်း သင်တန်း သားများ တည်းခိုနေထိုင်ရေး၊ ယာဉ်၊ အစားအသောက်၊ သင်တန်းသုံးပစ္စည်း ကိရိယာများနှင့် ပညာရှင်များ အတွက် ကုန်ကျစရိတ်များကို အကုန်အကျခံကာ တာချီလိတ်နယ်စပ်ကုန်သည်များအသင်းနှင့် ချိတ်ဆက်ပြီး ချင်းရိုင်းသို့ ခေါ်ဆောင်ကာ သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကွန်ပျူတာအခြေခံတတ်မြောက်ထားသူများအား အသုပ်လိုက် အနဖြေင့် ကွန်ပျူတာပြုပြင်ခြင်း နှင့် ကွန်ပျူတာ ဝင်းဒိုးတင်ခြင်း( windows os installation)သင်တန်းအား ထိုင်းနိုင်ငံ ချင်းဆဲန်အပြည်ပြည်ဆိုင်ရာလုပ်သားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ပို့ချသင်ကြားပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းသား အယောက်(၂၀)ပြည့်ပါက တစ်ကြိမ်ခွဲ၍ ပို့ပေး သွားမည်ဖြစ်ကြောင်း နှင့် အဆိုပါ သင်တန်းများသို့ တက်ရောက်လိုသူများ အနဖြေင့် တာချီလိတ်မြို့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး အနီးရှိ တာချီလိတ်နယ်စပ် ကုန်သည်ကြီးများအသင်းရုံးတွင် လည်းကောင်း၊ မရွှေစင်ထွန်း ဖုန်း - 09250474144 သို့ ဖြစ်စေ ဆက်သွယ်စုံစမ်းကာ ကြိုတင် စာရင်းပေးသွင်း နိုင်မည်ဖြစ်ကြောင်း တာချီလိတ်နယ်စပ် ကုန်သည်ကြီးများအသင်းရုံးထံက သိရသိရသည်။

ဓာတ်ပုံ - Zaw G. Rtd၊ Shwe Sin Tun

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~