တာခ်ီလိတ္ရွိ ႏိုင္ငံတကာအဆင့္မွီ အဂၤလိပ္စကားေျပာ သင္တန္းေက်ာင္း(NELC)မွ ဆုေပးပြဲ ႏွင့္ ေက်ာင္းကပြဲက်င္းပ

တာခ်ီလိတ္ရွိ ႏိုင္ငံတကာအဆင့္မွီ အဂၤလိပ္စကားေျပာ သင္တန္းေက်ာင္း(NELC)မွ ဆုေပးပြဲ ႏွင့္ ေက်ာင္းကပြဲက်င္းပ
မတ် 28, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆုိင္း(ခ)ရပ္ကြက္ရွိ ႏိုင္ငံတကာအဆင့္မွီ အဂၤလိပ္စကားေျပာ သင္တန္းေက်ာင္း (တာခ်ီလိတ္ေက်ာင္းခြဲ) NELC က ဆုေပးပြဲႏွင့္ ေက်ာင္းကပြဲကို မတ္လ (၂၈)ရက္ေန႔ ညေနပိုင္းက တာခ်ီလိတ္ၿမိဳ႕ ပါလွ်ံတရုတ္ဘုံေက်ာင္းရွိ မဂၤလာခန္းမတြင္ က်င္းပ ျပဳလုပ္ခဲ့ၾကသည္။

အဆိုပါေက်ာင္း အခမ္းအနားအား NELC Pre School ႏွင့္ Young Learner မွ ဆုရ ေက်ာင္းသား ေက်ာင္းသူမ်ားအား ဂုဏ္ျပဳလက္မွတ္မ်ားေပးအပ္ျခင္း၊ ေက်ာင္းသားေက်ာင္းသူမ်ား၏ အဂၤလိပ္၊ ျမန္မာသီခ်င္းမ်ားျဖင့္ သရုပ္ေဖၚေဖ်ာ္ေျဖမႈမ်ား၊ တုိင္းရင္းသားရိုးရာ အကေဖ်ာ္ေျဖမႈမ်ားျဖင့္ တင္ဆက္ျခင္းမ်ားျဖင့္ က်င္းပျပဳလုပ္ျခင္း ျဖစ္သည္။

ဆုေပးပြဲႏွင့္ ပေဒသာကပြဲသို႔ ေက်ာင္းသားမိဘမ်ား၊ ဆရာ၊ဆရာမမ်ားႏွင့္အတူ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား စုစုေပါင္း (၁၂၀၀)ေက်ာ္ တက္ေရာက္ခဲ့ေၾကာင္း ႏွင့္  ႏိုင္ငံတကာအဆင့္မွီ အဂၤလိပ္စကားေျပာ သင္တန္းေက်ာင္း(တာခ်ီလိတ္ေက်ာင္းခြဲ) NELC တြင္ လက္ရွိ၌ ေက်ာင္းသား/သူဦးေရ (၆၀၀)၀န္းက်င္ရွိေၾကာင္း သိရွိရသည္။

ဓါတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ နိုင်ငံတကာအဆင့်မှီ အင်္ဂလိပ်စကားပြော သင်တန်းကျောင်း (တာချီလိတ်ကျောင်းခွဲ) NELC က ဆုပေးပွဲနှင့် ကျောင်းကပွဲကို မတ်လ (၂၈)ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့ ပါလျှံတရုတ်ဘုံကျောင်းရှိ မင်္ဂလာခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

အဆိုပါကျောင်း အခမ်းအနားအား NELC Pre School နှင့် Young Learner မှ ဆုရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်များပေးအပ်ခြင်း၊ ကျောင်းသားကျောင်းသူများ၏ အင်္ဂလိပ်၊ မြန်မာသီချင်းများဖြင့် သရုပ်ဖော်ဖျော်ဖြေမှုများ၊ တိုင်းရင်းသားရိုးရာ အကဖျော်ဖြေမှုများဖြင့် တင်ဆက်ခြင်းများဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

ဆုပေးပွဲနှင့် ပဒေသာကပွဲသို့ ကျောင်းသားမိဘများ၊ ဆရာ၊ဆရာမများနှင့်အတူ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၁၂၀၀)ကျော် တက်ရောက်ခဲ့ကြောင်း နှင့် နိုင်ငံတကာအဆင့်မှီ အင်္ဂလိပ်စကားပြော သင်တန်းကျောင်း(တာချီလိတ်ကျောင်းခွဲ) NELC တွင် လက်ရှိ၌ ကျောင်းသား/သူဦးရေ (၆၀၀)ဝန်းကျင်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~