ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္းနွင့္ ဂုတ္တြင္းတံတားသစ္စီမံကိန္းေၾကာင့္ ေျမယာနစ္နာသူမ်ားအား ေလ်ာ္ေၾကးစတင္ ေပးအပ္

ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္းနွင့္ ဂုတ္တြင္းတံတားသစ္စီမံကိန္းေၾကာင့္ ေျမယာနစ္နာသူမ်ားအား ေလ်ာ္ေၾကးစတင္ ေပးအပ္
မတ် 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္စီမံကိန္းအတြက္ ေျမယာနစ္နာရသည့္ ေတာင္သူမ်ားအတြက္ ေျမယာေလ်ာ္ေၾကးရယူရန္ သေဘာတူသည့္ ေတာင္သူ မ်ားထဲမွ (၅၄) ဦးအား ပထမအသုတ္ ေျမယာေလ်ာ္ေၾကးမ်ားကို မတ္လ (၃၀)ရက္ေန႔က ေနာင္ခ်ိဳၿမိဳ႕ ႏွင့္ ေက်ာက္မဲၿမိဳ႕တို႔တြင္ ေပးအပ္ေၾကာင္း သိရသည္။

“ဒီပထမအသုတ္မွာ ေနာင္ခ်ဳိၿမိဳ႕နယ္ထဲက ေက်းရြာအုပ္စုတစ္ခုက ေျမယာေလ်ာ္ေၾကးရယူဖို႔ သေဘာတူတဲ့ ေတာင္သူ (၄၉)  ဦးနဲ႔ သေဘာမတူတဲ့ ေတာင္သူ (၃) ဦးကို ေျမယာေလ်ာ္ေၾကးေငြ ေပးအပ္တာ ျဖစ္ပါတယ္။ ဒီေန႔ ေပးအပ္တာက စုစုေပါင္း ၅၁.၇၇ ဧကအတြက္ပဲ ေပးအပ္တာျဖစ္ပါတယ္” ဟု ေနာင္ခ်ိဳၿမိဳ႕နယ္ လမ္းဦးစီးဌာနမွ တာဝန္ခံအင္ဂ်င္နီယာ(ယာယီ) ေဒၚႏွင္းဝါလြင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္စီမံကိန္းအတြက္ လမ္းႏွင့္တံတားနယ္နိမိတ္တြင္ ပါဝင္ေနသည့္ ေတာင္ယာ၊ လယ္ယာေျမမ်ားအတြက္ ေျမယာေလ်ာ္ေၾကးအျဖစ္ တစ္ဧကလ်ွင္ ေငြက်ပ္ သိန္း (၁၀၀)ႏွင့္ (၃) ႏွစ္စာအတြက္ သီးႏွံေလ်ာ္ေၾကး က်ပ္ (၈) သိန္းစီ ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းရွိ လံုးရံုးေက်းရြာအုပ္စု၊ ငုကၡေလးေက်းရြာအုပ္စု၊ နားရႈိးရပ္ကြက္၊ ေတာင္ရပ္ကြက္၊ မ်က္ခ်င္းႏုေက်းရြာအုပ္စု ႏွင့္ ကုန္းစံေက်းရြာအုပ္စုတို႔ရွိ စီမံကိန္းအတြင္း က်ေရာက္ေျမဧက (၃၂၉.၇၄) ဧကရိွသည့္အနက္ မတ္လ (၃၀) ရက္ေန႔တြင္ မ်က္ခ်င္းႏုေက်းရြာအုပ္စုမွ ေတာင္သူ (၅၂) ဦးတို႔၏ ေျမဧက (၅၁.၇၇) ဧကအတြက္ ပထမအသုတ္အျဖစ္ က်ပ္ (၆၇၃၆၅၁၂၆၈) ( က်ပ္သိန္း ေျခာက္ေထာင့္ခုႏွစ္ရာ သံုးဆယ့္ေျခာက္သိန္းေက်ာ္) ကို ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္စီမံကိန္းအတြင္း ပါဝင္သည့္ေျမမ်ားမွာ စပါး၊ ေျပာင္း ႏွင့္ ႀကံတို႔ကို စိုက္ပ်ိဳးေနသည့္ ေတာင္ယာ၊ လယ္ယာေျမမ်ားျဖစ္ေၾကာင္း သိရသည္။

အဆိုပါစီမံကိန္းအတြက္ သိမ္းဆည္းရမည့္ ေနာင္ခ်ိဳၿမိဳ႕နယ္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ စိုက္ပိ်ဳးေျမဧက (၄၉၉.၇၇) ဧကအတြက္ စုစုေပါင္း က်ပ္သိန္းေပါင္း (၆၀၀၀၀)ေက်ာ္ကို ေျမယာေလ်ာ္ေၾကး ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဂုတ္တြင္းတံတားသစ္အျဖစ္ ေလးလမ္းသြား အရွည္ (၈၈၇)မီတာရိွမည့္ သံမဏိႀကိဳးဆိုင္းတံတားအား ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ (၇၂/၅) မွ (၉၂/၅) အထိ တည္ေဆာက္မည္ျဖစ္ၿပီး ေနာင္ခ်ိဳၿမိဳ႕နယ္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္တို႔မွ စုစုေပါင္း ေက်းရြာအုပ္စု (၉) ခုကို ျဖတ္သန္း သြားမည္ ျဖစ္ေၾကာင္း တံတားအားတာဝန္ယူတည္ေဆာက္မည့္ Oriental Highway Co.ltd ၏ စီမံကိန္းမန္ေနဂ်ာထံမွ သိရသည္။

သတင္း/ဓါတ္ပံု -  ေနၿဖိဳးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ်စီမံကိန်းအတွက် မြေယာနစ်နာရသည့် တောင်သူများအတွက် မြေယာလျော်ကြေးရယူရန် သဘောတူသည့် တောင်သူ များထဲမှ (၅၄) ဦးအား ပထမအသုတ် မြေယာလျော်ကြေးများကို မတ်လ (၃၀)ရက်နေ့က နောင်ချိုမြို့ နှင့် ကျောက်မဲမြို့တို့တွင် ပေးအပ်ကြောင်း သိရသည်။

“ဒီပထမအသုတ်မှာ နောင်ချိုမြို့နယ်ထဲက ကျေးရွာအုပ်စုတစ်ခုက မြေယာလျော်ကြေးရယူဖို့ သဘောတူတဲ့ တောင်သူ (၄၉) ဦးနဲ့ သဘောမတူတဲ့ တောင်သူ (၃) ဦးကို မြေယာလျော်ကြေးငွေ ပေးအပ်တာ ဖြစ်ပါတယ်။ ဒီနေ့ ပေးအပ်တာက စုစုပေါင်း ၅၁.၇၇ ဧကအတွက်ပဲ ပေးအပ်တာဖြစ်ပါတယ်” ဟု နောင်ချိုမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ(ယာယီ) ဒေါ်နှင်းဝါလွင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ်စီမံကိန်းအတွက် လမ်းနှင့်တံတားနယ်နိမိတ်တွင် ပါဝင်နေသည့် တောင်ယာ၊ လယ်ယာမြေများအတွက် မြေယာလျော်ကြေးအဖြစ် တစ်ဧကလျှင် ငွေကျပ် သိန်း (၁၀၀)နှင့် (၃) နှစ်စာအတွက် သီးနှံလျော်ကြေး ကျပ် (၈) သိန်းစီ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်းရှိ လုံးရုံးကျေးရွာအုပ်စု၊ ငုက္ခလေးကျေးရွာအုပ်စု၊ နားရှိုးရပ်ကွက်၊ တောင်ရပ်ကွက်၊ မျက်ချင်းနုကျေးရွာအုပ်စု နှင့် ကုန်းစံကျေးရွာအုပ်စုတို့ရှိ စီမံကိန်းအတွင်း ကျရောက်မြေဧက (၃၂၉.၇၄) ဧကရှိသည့်အနက် မတ်လ (၃၀) ရက်နေ့တွင် မျက်ချင်းနုကျေးရွာအုပ်စုမှ တောင်သူ (၅၂) ဦးတို့၏ မြေဧက (၅၁.၇၇) ဧကအတွက် ပထမအသုတ်အဖြစ် ကျပ် (၆၇၃၆၅၁၂၆၈) ( ကျပ်သိန်း ခြောက်ထောင့်ခုနှစ်ရာ သုံးဆယ့်ခြောက်သိန်းကျော်) ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ်စီမံကိန်းအတွင်း ပါဝင်သည့်မြေများမှာ စပါး၊ ပြောင်း နှင့် ကြံတို့ကို စိုက်ပျိုးနေသည့် တောင်ယာ၊ လယ်ယာမြေများဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းအတွက် သိမ်းဆည်းရမည့် နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေဧက (၄၉၉.၇၇) ဧကအတွက် စုစုပေါင်း ကျပ်သိန်းပေါင်း (၆၀၀၀၀)ကျော်ကို မြေယာလျော်ကြေး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂုတ်တွင်းတံတားသစ်အဖြစ် လေးလမ်းသွား အရှည် (၈၈၇)မီတာရှိမည့် သံမဏိကြိုးဆိုင်းတံတားအား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၇၂/၅) မှ (၉၂/၅) အထိ တည်ဆောက်မည်ဖြစ်ပြီး နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့မှ စုစုပေါင်း ကျေးရွာအုပ်စု (၉) ခုကို ဖြတ်သန်း သွားမည် ဖြစ်ကြောင်း တံတားအားတာဝန်ယူတည်ဆောက်မည့် Oriental Highway Co.ltd၏ စီမံကိန်းမန်နေဂျာထံမှ သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~