မယ္ဆိုင္ၿမိဳ႕ရွိ အမွတ္(၁)တံတား၀န္းက်င္တြင္ စည္းကမ္းတက် မရပ္တန္႔သည့္ ဆုိင္ကယ္မ်ားအား အေရးယူေန၊ တာခ်ီလိတ္မွ သြားေရာက္မည့္ ဆိုင္ကယ္မ်ား သတိျပဳရန္လို

မယ္ဆိုင္ၿမိဳ႕ရွိ အမွတ္(၁)တံတား၀န္းက်င္တြင္ စည္းကမ္းတက် မရပ္တန္႔သည့္ ဆုိင္ကယ္မ်ားအား အေရးယူေန၊ တာခ်ီလိတ္မွ သြားေရာက္မည့္ ဆိုင္ကယ္မ်ား သတိျပဳရန္လို
မတ် 29, 2018
By Tachileik News Agency

ထိုင္း - ျမန္မာနယ္စပ္၊ မယ္ဆိုင္ၿမိဳ႕ဘက္ ျမန္မာ - ထိုင္းခ်စ္ၾကည္ေရး အမွတ္(၁)တံတား ထိပ္ရွိ ဆိုင္ကယ္ ရပ္ရန္ ေနရာမ်ားတြင္ စည္းကမ္းတက် မရပ္တန္႔သည့္ ဆိုင္ကယ္မ်ားႏွင့္ သတ္မွတ္ေနရာမ်ားတြင္ မရပ္တန္႔သည့္ ဆိုင္ကယ္မ်ားအား အေရးယူမႈမ်ားကို မတ္လ၏ ေနာက္ဆံုးပတ္က စ၍ လုပ္ေဆာင္ ေနလ်က္ရွိေၾကာင္း သိရသည္။

"ဒီေနရာက ဆိုင္ကယ္ေတြ စည္းကမ္းတက် မရပ္တာဘဲျဖစ္ျဖစ္ သတ္မွတ္မ်ဥ္းမွာ မရပ္တာဘဲျဖစ္ျဖစ္၊ ယာဥ္ထိန္းက ေတြ႕တာနဲ႔ ကားနဲ႔စခန္းကို သယ္သြားတာ၊ အဲ့လိုအခါမ်ဳိးမွာဆိုရင္ နည္းနည္းၾကာမွ ေရာက္လာတဲ့ ဆိုင္ကယ္ပိုင္ရွင္အေနနဲ႔ သူတုိ႔ ဆိုင္ကယ္ေပ်ာက္သြားတယ္ထင္ၿပီး ရွာေနေရာ၊ စခန္းကို ယူသြားတယ္ဆိုတာ သိေတာ့မွ စခန္းမွာ လိုက္ၿပီးယူရတာေတြရွိတယ္"ဟု မယ္ဆုိင္ၿမိဳ႕နယ္ ျမန္မာႏိုင္ငံသား ေစ်းသည္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မတ္လ(၂၉)ရက္ေန႔ နံနက္ပိုင္းကလည္း တာခ်ီလိတ္ မွ မယ္ဆိုင္အ၀င္ မယ္ဆိုင္ဘက္အျခမ္း အမွတ္(၁)တံတားထိပ္တြင္ စည္းကမ္းမလိုက္နာဘဲ ရပ္တန္႔သည့္ ဆိုင္ကယ္မ်ားအား မယ္ဆိုင္ယာဥ္ထိန္းရဲမွ ကားျဖင့္ သယ္ေဆာင္သြားေၾကာင္း သိရသည္။

မယ္ဆိုင္ၿမိဳ႕ဘက္ အမွတ္(၁)တံတားထိပ္၀န္းက်င္ ဘယ္/ညာႏွစ္ဖက္တြင္ ဆိုင္ကယ္မ်ား စည္းကမ္းတက် ရပ္တန္႔ေရးအတြက္ သတ္မွတ္မ်ဥ္းမ်ား ေရးဆြဲထားၿပီး၊ သတ္မွတ္ေနရာတြင္ မရပ္တန္႔ပါက အေရးယူမည္ျဖစ္ေၾကာင္း သိရွိရသည္။

ဓါတ္ပံု - ဦးထြန္း(မယ္ဆိုင္)


~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်း - မြန်မာနယ်စပ်၊ မယ်ဆိုင်မြို့ဘက် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတား ထိပ်ရှိ ဆိုင်ကယ် ရပ်ရန် နေရာများတွင် စည်းကမ်းတကျ မရပ်တန့်သည့် ဆိုင်ကယ်များနှင့် သတ်မှတ်နေရာများတွင် မရပ်တန့်သည့် ဆိုင်ကယ်များအား အရေးယူမှုများကို မတ်လ၏ နောက်ဆုံးပတ်က စ၍ လုပ်ဆောင် နေလျက်ရှိကြောင်း သိရသည်။

"ဒီနေရာက ဆိုင်ကယ်တွေ စည်းကမ်းတကျ မရပ်တာဘဲဖြစ်ဖြစ် သတ်မှတ်မျဉ်းမှာ မရပ်တာဘဲဖြစ်ဖြစ်၊ ယာဉ်ထိန်းက တွေ့တာနဲ့ ကားနဲ့စခန်းကို သယ်သွားတာ၊ အဲ့လိုအခါမျိုးမှာဆိုရင် နည်းနည်းကြာမှ ရောက်လာတဲ့ ဆိုင်ကယ်ပိုင်ရှင်အနေနဲ့ သူတို့ ဆိုင်ကယ်ပျောက်သွားတယ်ထင်ပြီး ရှာနေရော၊ စခန်းကို ယူသွားတယ်ဆိုတာ သိတော့မှ စခန်းမှာ လိုက်ပြီးယူရတာတွေရှိတယ်"ဟု မယ်ဆိုင်မြို့နယ် မြန်မာနိုင်ငံသား ဈေးသည်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းကလည်း တာချီလိတ် မှ မယ်ဆိုင်အဝင် မယ်ဆိုင်ဘက်အခြမ်း အမှတ်(၁)တံတားထိပ်တွင် စည်းကမ်းမလိုက်နာဘဲ ရပ်တန့်သည့် ဆိုင်ကယ်များအား မယ်ဆိုင်ယာဉ်ထိန်းရဲမှ ကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

မယ်ဆိုင်မြို့ဘက် အမှတ်(၁)တံတားထိပ်ဝန်းကျင် ဘယ်/ညာနှစ်ဖက်တွင် ဆိုင်ကယ်များ စည်းကမ်းတကျ ရပ်တန့်ရေးအတွက် သတ်မှတ်မျဉ်းများ ရေးဆွဲထားပြီး၊ သတ်မှတ်နေရာတွင် မရပ်တန့်ပါက အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဦးထွန်း(မယ်ဆိုင်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~