
မတျ 9, 2018
By 🌸



သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်ထဲရေး

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ် - မိုင်းတုံကားလမ်းတွင် ဘိန်းဖြူသယ်လာသည့် လူငယ်နှစ်ဦးအား ဖမ်းဆီးရမိ
*******************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်း မိုင်းဆတ် - မိုင်းတုံကားလမ်းတွင် ဘိန်းဖြူသယ်ဆောင်လာသည့် လူငယ်နှစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-မိုင်းတုံသွား ကားလမ်း (၁၂) မိုင် ခြေတော်ရာ ဇရပ်သွားလမ်းဆုံအနီးတွင် မတ်လ (၈) ရက်နေ့ နေ့လယ် (၁၁)နာရီ အချိန်က မော်တော်ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်နှစ်ဦးထံမှ ဘိန်းဖြူ အလေးချိန် (၆၉၀)ဂရမ်အား သိမ်းဆည်းရမိကြောင်း သိရသည်။

ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၁၈)နှစ်အရွယ် လူငယ်နှစ်ဦးဖြစ်သည့် ကျမောနှင့် လီဆာတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~