မိုင်းဆတ်မြို့၌ MPT က 4G အင်တာနက်လိုင်း ရောင်းချတော့မည်
မိုင်းဆတ်မြို့၌ MPT က 4G အင်တာနက်လိုင်း ရောင်းချတော့မည်
မတျ 31, 2018
By Tachileik News Agency
MPT သည် ယခင်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နေရာမှ လက်ရှိတွင် ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းများကို ဝန်ဆောင်မှုပေးနေသည့် KDDI Sumitomo ကုမ္ပဏီဖြင့် ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံအတွင်း ဆက်သွယ်ရေးလိုင်း လေးခုရှိသည့်အနက် အကြီးဆုံး ဆက်သွယ်ရေးကွန်ရက်ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
မိုဘိုင်းရေဒီယိုစခန်းနှင့် ရေဒီယိုစခန်းတာဝါတိုင်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်မန်နေဂျာ ဦးသိန်းဌေးမြင့်၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်တို့ တက်ရောက်ကြကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် MPT က 4G အင်တာနက်လိုင်း ရောင်းချနိုင်ရန် လုပ်ဆောင်နေကြောင်း MPT၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်မန်နေဂျာ ဦးသိန်းဌေးမြင့်ထံမှ သိရသည်။
MPT သည် ယခင်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နေရာမှ လက်ရှိတွင် ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းများကို ဝန်ဆောင်မှုပေးနေသည့် KDDI Sumitomo ကုမ္ပဏီဖြင့် ပူးပေါင်း ဆောင်ရွက်နခြေင်းဖြစ်ပြီး နိုင်ငံအတွင်း ဆက်သွယ်ရေးလိုင်း လေးခုရှိသည့်အနက် အကြီးဆုံး ဆက်သွယ်ရေးကွန်ရက်ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
ဂျပန်ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ပြီးနောက် နှစ်နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တာဝါတိုင် (၈၀၀၀)ကျော်စိုက်ထူခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တာဝါတိုင် (၁၁၇)တိုင် စိုက်ထူခဲ့ကြောင်း သိရသည်။ MPT က ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများဖြစ်သည့် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့တွင် 4G အင်တာနက်လိုင်း ရောင်းချနိုင်ခဲ့ပြီး မိုင်းဆတ်မြို့တွင် ထပ်မံတိုးချဲ့ရန် ကြိုးစားနခြေင်းဖြစ်သည်။
မိုဘိုင်းရေဒီယိုစခန်းနှင့် ရေဒီယိုစခန်းတာဝါတိုင်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်မန်နေဂျာ ဦးသိန်းဌေးမြင့်၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် မို်င်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်တို့ တက်ရောက်ကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - သန်းဇော်(မိုင်းဆတ်)
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~