မူးယစ္ေမွာင္ခို၊ ေငြမဲခဝါခ်၊ လူကုန္ကူး၊ သဘာဝရင္းျမစ္ တရားမဝင္ကုန္သြယ္မႈမ်ားႏွင့္ အဂတိလုိက္စားမႈမ်ား အေၾကာင္း ဘန္ေကာက္ အဆင့္ျမင့္ ညီလာခံတြင္ ျမန္မာက ဦးေဆာင္ေဆြးေႏြး

မူးယစ္ေမွာင္ခို၊ ေငြမဲခဝါခ်၊ လူကုန္ကူး၊ သဘာဝရင္းျမစ္ တရားမဝင္ကုန္သြယ္မႈမ်ားႏွင့္ အဂတိလုိက္စားမႈမ်ား အေၾကာင္း ဘန္ေကာက္ အဆင့္ျမင့္ ညီလာခံတြင္ ျမန္မာက ဦးေဆာင္ေဆြးေႏြး
မတ် 7, 2018
By Tachileik News Agency

မူးယစ္ေဆးဝါးေမွာင္ခိုမႈ၊ ေငြမဲခဝါခ်မႈ၊ လူကုန္ကူးမႈ၊ သဘာဝအရင္းအျမစ္ တရားမဝင္ကုန္သြယ္မႈတို႔ႏွင့္ ဆက္စပ္ ေနသည့္ အဂတိလိုက္စားမႈမ်ား အေၾကာင္းကို ျမန္မာနိုင္ငံ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္က ထုိင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ မတ္လ (၅)ရက္ေန႔က က်င္းပသည့္ အဆင့္ျမင့္ ညီလာခံ၌ ဦးေဆာင္ ေဆြးေႏြးေၾကာင္း သိရသည္။

အဆိုပါ ျပစ္မႈမ်ားသည္ အေရွ႕ေတာင္အာရွေဒသ၏ တရားဥပေဒစိုးမိုးေရး၊ စဉ္ဆက္ မျပတ္ ဖြံ႔ၿဖိဳး တိုးတက္ေရးနွင့္ ေဒသတြင္း လူ႔အဖြဲ႕အစည္း၏ ေဘးကင္း လံုျခံဳေရးကို အဟန္႔အတားျဖစ္ေစေၾကာင္း၊ ေဒသတြင္းရွိ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး အဖြဲ႔အစည္းအမ်ား အေနျဖင့္ အဆိုပါျပစ္မႈမ်ားကို အျခား ဆက္ႏြယ္ေနသည့္ တာဝန္ရွိ အဖြဲ႕အစည္းမ်ားနွင့္ အတူတကြ ပူးေပါင္းလက္တြဲ ေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း ထည့္သြင္းေဆြးေႏြးခဲ့သည္ဟု သိရသည္။

ျမန္မာနိုင္ငံ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္ ဥကၠ႒နွင့္အဖြဲ႔သည္ ၂၀၁၈ ခုႏွစ္ မတ္လ (၅)ရက္ေန႔တြင္ ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ ကုလသမဂၢ ဗဟိုအစည္းအေဝးဌာန၌ မူးယစ္ေဆးဝါးနွင့္ ျပစ္မႈဆိုင္ရာ ကုလသမဂၢရံုး နွင့္ ထိုင္းနိုင္ငံ တရားမွ်တမႈဌာနတို႔ ပူးေပါင္းက်င္းပသည့္ စဥ္ဆက္မျပတ္ ဖြံ႔ၿဖိဳး တိုးတက္ေရး၊ ျပစ္မႈတားဆီးကာကြယ္ေရးနွင့္ လူ႔အဖြဲ႕အစည္း ေဘးကင္းလံုၿခံဳေရး အဆင့္ျမင့္ညီလာခံသို႔ တက္ေရာက္ေနရာ အေရွ႕ေတာင္အာရွေဒသ တရားဥပေဒစိုးမိုးေရး အေပၚ စိန္ေခၚမႈမ်ား ေခါင္းစဉ္ျဖင့္ အဆိုပါ အေၾကာင္းအရာမ်ားအား ေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ညီလာခံသို႔ အာရွနွင့္ပစိဖိတ္ေဒသအတြင္းရွိ တရားဥပေဒစိုးမိုးေရး အဖြဲ႔အစည္းမ်ား၊ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရးအဖြဲ႔အစည္းမ်ား၊ တာဝန္ရွိပုဂၢိဳလ္မ်ား၊ ပညာရွင္မ်ား၊ ေလ့လာသူမ်ား တက္ေရာက္ခဲ့ျပီး ထိုင္းဘုရင့္သမီးေတာ္ မင္းသမီး ဘာဂ်ာရာကစ္တီရာဟာ မဟီေဒါ (Princess Bajrakityabha Mahidol)နွင့္ မူးယစ္ေဆးဝါးနွင့္ျပစ္မႈ ဆိုင္ရာ ကုလသမဂၢရံုးမွ အမႈေဆာင္ဒါရိုက္တာ မစၥတာ ယူရီဖီဒိုေတာ့ဗ္ (Mr. Yury Fedotov) တို႔ တက္ေရာက္ဖြင့္လွစ္ အမွာစကားေျပာၾကားခဲ့ေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း
ဓါတ္ပံု - ACC Myanmar




~~~~~~~~⊰❂ unicode ~~~~~~~~

မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ငွေမဲခဝါချမှု၊ လူကုန်ကူးမှု၊ သဘာဝအရင်းအမြစ် တရားမဝင်ကုန်သွယ်မှုတို့နှင့် ဆက်စပ် နေသည့် အဂတိလိုက်စားမှုများ အကြောင်းကို မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မတ်လ (၅)ရက်နေ့က ကျင်းပသည့် အဆင့်မြင့် ညီလာခံ၌ ဦးဆောင် ဆွေးနွေးကြောင်း သိရသည်။

အဆိုပါ ပြစ်မှုများသည် အရှေ့တောင်အာရှဒေသ၏ တရားဥပဒေစိုးမိုးရေး၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသတွင်း လူ့အဖွဲ့အစည်း၏ ဘေးကင်း လုံခြုံရေးကို အဟန့်အတားဖြစ်စေကြောင်း၊ ဒေသတွင်းရှိ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းအများ အနဖြေင့် အဆိုပါပြစ်မှုများကို အခြား ဆက်နွယ်နေသည့် တာဝန်ရှိ အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်ရန် လိုအပ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ၂၀၁၈ ခုနှစ် မတ်လ (၅)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကုလသမဂ္ဂ ဗဟိုအစည်းအဝေးဌာန၌ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး နှင့် ထိုင်းနိုင်ငံ တရားမျှတမှုဌာနတို့ ပူးပေါင်းကျင်းပသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး၊ ပြစ်မှုတားဆီးကာကွယ်ရေးနှင့် လူ့အဖွဲ့အစည်း ဘေးကင်းလုံခြုံရေး အဆင့်မြင့်ညီလာခံသို့ တက်ရောက်နေရာ အရှေ့တောင်အာရှဒေသ တရားဥပဒေစိုးမိုးရေး အပေါ် စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် အဆိုပါ အကြောင်းအရာများအား ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံသို့ အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ လေ့လာသူများ တက်ရောက်ခဲ့ပြီး ထိုင်းဘုရင့်သမီးတော် မင်းသမီး ဘာဂျာရာကစ်တီရာဟာ မဟီဒေါ (Princess Bajrakityabha Mahidol)နှင့် မူးယစ်ဆေးဝါးနှင့်ပြစ်မှု ဆိုင်ရာ ကုလသမဂ္ဂရုံးမှ အမှုဆောင်ဒါရိုက်တာ မစ္စတာ ယူရီဖီဒိုတော့ဗ် (Mr. Yury Fedotov) တို့ တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - ACC Myanmar

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~