တာခ်ီလိတ္ရွိ မိုင္းကိုးေဆးျဖတ္စခန္းမွ ဝါးလက္မႈထုတ္ကုန္မ်ား ေစ်းကြက္ေရာက္ရိွေရး ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနက ကူညီပံ့ပိုးေပးမည္

တာခ်ီလိတ္ရွိ မိုင္းကိုးေဆးျဖတ္စခန္းမွ ဝါးလက္မႈထုတ္ကုန္မ်ား ေစ်းကြက္ေရာက္ရိွေရး ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနက ကူညီပံ့ပိုးေပးမည္
မတ် 8, 2018
By Tachileik News Agency

မူးယစ္ေဆးျဖတ္စခန္းတြင္ ပထမဆံုးအႀကိမ္ ဖြင့္လွစ္သည့္ လက္မႈပညာသင္တန္းဆင္းပြဲအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ မိုင္းကိုးေဆးျဖတ္စခန္းတြင္ မတ္လ (၇)ရက္ေန႔က က်င္းပၿပီး ထုတ္ကုန္မ်ား ေစ်းကြက္ေရာက္ရိွေရး ဆက္လက္ကူညီေပးသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနထံမွ သိရသည္။

“မုိင္းကိုးေဆးျဖတ္စခန္းသင္တန္းသားေတြက စိတ္ဝင္တစားနဲ႔ လုပ္ၾကပါတယ္။ သူတုိ႔ တကယ္ ဆက္လုပ္မယ္ဆုိရင္ လုပ္ႏုိင္မယ့္ အေနအထားမွာ ရိွပါတယ္။ ကၽြန္ေတာ္တုိ႔ သင္တန္းအေနနဲ႔ လူထုထဲ တကယ္အသံုးဝင္တဲ့ ဝါးလက္မႈထည္ ပစၥည္း (၁၀)မ်ိဳးေလာက္အထိ သင္ေပးထားပါတယ္။ ဝါးနာရီ၊ စားပြဲတင္နာရီတို႔၊ မီးအိမ္တို႔စတဲ့ ဝါးနဲ႔လုပ္တဲ့ လက္မႈထည္ေလးေတြ ထုတ္လုပ္တတ္ေအာင္ သင္ေပးထားပါတယ္။ သူတို႔ကို ကူညီေနတဲ့ မဇၨ်ိမလူမႈကူညီေရး အသင္းရိွသလို ကၽြန္ေတာ္တုိ႔ ဘက္ကလည္း သူတို႔ထုတ္ကုန္ေတြ  ေစ်းကြက္ ေရာက္ေအာင္ ဆက္ၿပီး ကူညီေပးသြားမွာပါ။ သူတို႔ ႀကိဳးစားထုတ္လုပ္ဖို႔ပဲ ရိွပါတယ္”ဟု ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးသက္ႏိုင္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ေဆးျဖတ္စခန္းမ်ား အေနျဖင့္ ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနမွ သက္ေမြး သင္တန္းမ်ား လိုအပ္ပါက ဌာနသို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

“မိုင္းကိုးေဆးျဖတ္စခန္း အေနနဲ႔ ကၽြန္ေတာ္တုိ႔ ဌာနကေပးေနတဲ့ သက္ေမြးဝမ္းေၾကာင္းသင္တန္းေတြကို သူတို႔ စိတ္ဝင္စားမယ္ဆိုရင္ေတာ့ ဆက္ေပးမွာပါ။ သူတုိ႔ဘက္က လိုလားေနတယ္ ေပးဖို႔လိုတယ္ ဆိုရင္ေတာ့ ကၽြန္ေတာ္တုိ႔ စီစဥ္ေပးမွာပါ။ ေဆးျဖတ္စခန္းေတြကို အခုလို သင္တန္းေပးတာက ဒါက ပထမဆံုး အႀကိမ္ပါ။ ေဆးျဖတ္စခန္းေတြကို သြားေလ့လာၿပီး သင္တန္းေပးဖို႔လိုအပ္တယ္လို႔ ဆံုးျဖတ္ခဲ့ တာလည္း ဒါက ပမထမဆံုးအႀကိမ္ပါ”ဟု ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးသက္ႏိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ သင္တန္းအား စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္း၀န္ႀကီးဌာန၊ ရွမ္းျပည္နယ္အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနမွ ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီ (၂၁)ရက္ေန႔မွ မတ္လ(၇)ရက္ေန႔အထိ ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္း တစ္ခုတည္းေသာ ေဆးျဖတ္စခန္းကို မိုင္းကိုးျပည္သူ႔စစ္အဖြဲ႕က ေျမေနရာလွဴဒါန္းထားသည့္  ရန္ကုန္ရြာတြင္ တည္ေဆာက္ထားျခင္းျဖစ္ၿပီး မုိင္းကိုးျပည္သူ႔စစ္အဖြဲ႔ေခါင္းေဆာင္ ဦးက်ေလာ၏ မတည္ေထာက္ပံ့ေငြႏွင့္ မူးယစ္ေဆးျဖတ္လိုသူမ်ား၏ စရိတ္ထည့္ဝင္ေငြ ၊ လူမႈေရးအဖြဲ႕အစည္းမ်ား၏ ပံ့ပိုးေငြတို႔ျဖင့္ ရပ္တည္ေနသည့္ ရပ္ရြာအေျချပဳ ကိုယ့္အားကိုယ္ကိုး ေဆးျဖတ္စခန္းတစ္ခု ျဖစ္သည္။

အဆိုပါ ေဆးျဖတ္စခန္းတြင္ လက္ရိွအခ်ိန္တြင္ ေဆးျဖတ္ေနသူ (၆၈)ဦးရိွေနၿပီး ေဆးျဖတ္ၿပီး ေနရပ္ျပန္ရန္ႏွင့္ ျပန္လည္ေခၚေဆာင္မည့္သူ မရိွ၍ စခန္းတြင္ ဆက္လက္ေနထုိင္သူ (၂၀)ေက်ာ္ကိုလည္း ေဆးျဖတ္စခန္းက တာဝန္ယူထားေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ
ဓါတ္ပံု - ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာန




~~~~~~~~⊰❂ unicode ~~~~~~~~


မူးယစ်ဆေးဖြတ်စခန်းတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်သည့် လက်မှုပညာသင်တန်းဆင်းပွဲအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုင်းကိုးဆေးဖြတ်စခန်းတွင် မတ်လ (၇)ရက်နေ့က ကျင်းပပြီး ထုတ်ကုန်များ ဈေးကွက်ရောက်ရှိရေး ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

“မိုင်းကိုးဆေးဖြတ်စခန်းသင်တန်းသားတွေက စိတ်ဝင်တစားနဲ့ လုပ်ကြပါတယ်။ သူတို့ တကယ် ဆက်လုပ်မယ်ဆိုရင် လုပ်နိုင်မယ့် အနေအထားမှာ ရှိပါတယ်။ ကျွန်တော်တို့ သင်တန်းအနေနဲ့ လူထုထဲ တကယ်အသုံးဝင်တဲ့ ဝါးလက်မှုထည် ပစ္စည်း (၁၀)မျိုးလောက်အထိ သင်ပေးထားပါတယ်။ ဝါးနာရီ၊ စားပွဲတင်နာရီတို့၊ မီးအိမ်တို့စတဲ့ ဝါးနဲ့လုပ်တဲ့ လက်မှုထည်လေးတွေ ထုတ်လုပ်တတ်အောင် သင်ပေးထားပါတယ်။ သူတို့ကို ကူညီနေတဲ့ မဇ္ဇျိမလူမှုကူညီရေး အသင်းရှိသလို ကျွန်တော်တို့ ဘက်ကလည်း သူတို့ထုတ်ကုန်တွေ ဈေးကွက် ရောက်အောင် ဆက်ပြီး ကူညီပေးသွားမှာပါ။ သူတို့ ကြိုးစားထုတ်လုပ်ဖို့ပဲ ရှိပါတယ်”ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဆေးဖြတ်စခန်းများ အနဖြေင့် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သက်မွေး သင်တန်းများ လိုအပ်ပါက ဌာနသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

“မိုင်းကိုးဆေးဖြတ်စခန်း အနေနဲ့ ကျွန်တော်တို့ ဌာနကပေးနေတဲ့ သက်မွေးဝမ်းကြောင်းသင်တန်းတွေကို သူတို့ စိတ်ဝင်စားမယ်ဆိုရင်တော့ ဆက်ပေးမှာပါ။ သူတို့ဘက်က လိုလားနေတယ် ပေးဖို့လိုတယ် ဆိုရင်တော့ ကျွန်တော်တို့ စီစဉ်ပေးမှာပါ။ ဆေးဖြတ်စခန်းတွေကို အခုလို သင်တန်းပေးတာက ဒါက ပထမဆုံး အကြိမ်ပါ။ ဆေးဖြတ်စခန်းတွေကို သွားလေ့လာပြီး သင်တန်းပေးဖို့လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ တာလည်း ဒါက ပမထမဆုံးအကြိမ်ပါ”ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သင်တန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ (၂၁)ရက်နေ့မှ မတ်လ(၇)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း တစ်ခုတည်းသော ဆေးဖြတ်စခန်းကို မိုင်းကိုးပြည်သူ့စစ်အဖွဲ့က မြေနေရာလှူဒါန်းထားသည့် ရန်ကုန်ရွာတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မိုင်းကိုးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးကျလော၏ မတည်ထောက်ပံ့ငွေနှင့် မူးယစ်ဆေးဖြတ်လိုသူများ၏ စရိတ်ထည့်ဝင်ငွေ၊ လူမှုရေးအဖွဲ့အစည်းများ၏ ပံ့ပိုးငွေတို့ဖြင့် ရပ်တည်နေသည့် ရပ်ရွာအခြပြေု ကိုယ့်အားကိုယ်ကိုး ဆေးဖြတ်စခန်းတစ်ခု ဖြစ်သည်။

အဆိုပါ ဆေးဖြတ်စခန်းတွင် လက်ရှိအချိန်တွင် ဆေးဖြတ်နေသူ (၆၈)ဦးရှိနပြေီး ဆေးဖြတ်ပြီး နေရပ်ပြန်ရန်နှင့် ပြန်လည်ခေါ်ဆောင်မည့်သူ မရှိ၍ စခန်းတွင် ဆက်လက်နေထိုင်သူ (၂၀)ကျော်ကိုလည်း ဆေးဖြတ်စခန်းက တာဝန်ယူထားကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~