
မတျ 9, 2018
By 🌸



သတင်း #ဖီးနစ်

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးနည်းပညာတက္ကသိုလ်၏ ဒုတိအကြိမ် ကျောင်းတွင်းသင်္ကြန်ကျင်းပ
****************
မကွေးနည်းပညာတက္ကသိုလ်တွင် မတ်လ(၉)ရက်နေ့က ကျောင်းတွင်းသင်္ကြန်ကို ဒုတိယမြောက်နှစ်အဖြစ် ကျင်းပရာ မကွေးတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့ကလည်း ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။

"မကွေးမှာက သင်္ကြန်ပွဲတော်ဆိုတာ ကျင်းပတယ်ဆိုရုံပဲရှိတော့တာမို့ မြို့ပေါ်ကရော နယ်က ကျောင်းသူကျောင်းသားတွေပါ အရမ်းပျော်ကြပါတယ်။ အခုလို ကျောင်းတွင်းသင်္ကြန်ပွဲတော် ကျင်းပဖြစ်တော့ ကျောင်းသူကျောင်းသားအချင်းချင်း ပိုမိုချစ်ခင်ရင်းနှီးမှုရရှိစေပြီး ကျောင်းသားဘဝမှာ အမှတ်တရဖြစ်စေပါတယ်"ဟု မကွေးနည်းပညာတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သည့် မနွေးနွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောင်းတွင်းသင်္ကြန်ဖြစ်သော်လည်း ကျောင်းသူကျောင်းသားများလည်း လာရောက်ပူးပေါင်း၍ ရေပက်ဆော့ကစားခြင်း၊ သင်္ကြန်ရိုးရာ ယိမ်းအက၊ အလှများဖြင့် ဖျော်ဖြေခြင်း၊ စတုဒီသာများ ကျွေးမွေးခြင်းတို့ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~