မေကြးတြင္ ေတာင္သူလယ္သမားေန႔ အထိမ္းအမွတ္ဂုဏ္ျပဳပြဲ ဂြတ္ဒ္ဘရားသားစ္ကုမၸဏီက က်င္းပ

မေကြးတြင္ ေတာင္သူလယ္သမားေန႔ အထိမ္းအမွတ္ဂုဏ္ျပဳပြဲ ဂြတ္ဒ္ဘရားသားစ္ကုမၸဏီက က်င္းပ
မတ် 3, 2018
By 🌸
မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕ တုိင္းအားကစားကြင္းတြင္ ေတာင္သူလယ္သမားေန႔အထိမ္းအမွတ္ ဂုဏ္ျပဳပြဲအျဖစ္ ဂြတ္ဒ္ဘရားသားစ္ကုမၸဏီက မတ္လ(၃)ရက္ေန႔၌ က်င္းပေနၿပီး ကုမၸဏီ၏ထုတ္ကုန္မ်ား ျပသျခင္းႏွင့္ စိုက္ပ်ိဳးေရးပညာရွင္မ်ား၏ ေဟာေျပာမႈမ်ား ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

"ကုမၸဏီက ပထမဆံုးပဲြကို မေကြးတိုင္းမွာ ဘာေၾကာင္႔ျပဳလုပ္ရသလဲဆိုရင္ အျခားျပည္နယ္၊ တိုင္းမ်ားနဲ႔စာရင္ ေတာင္သူေတြစုစည္းမႈ အားေကာင္းမယ္လို႔ ယံုၾကည္တာေၾကာင္႔ရယ္၊ ရာသီဥတုေဖာက္ျပန္မႈကို ျပင္းထန္စြာ ခံစားရေလ႔ရိွတဲ႔ေဒသျဖစ္လို႔ ရာသီဥတုနွင္႔ေလ်ာ္ညီတဲ႔ စိုက္ပ်ိဳးေရးသံုးပစၥည္းေတြကို မွန္ကန္စြာ အသံုးျပဳႏိုင္ေစဖို႔ အသိပညာေပးမႈ လိုအပ္တယ္လို႔ ယူဆတာေၾကာင္႔ မေကြးၿမိဳ႕ကို ေရြးခ်ယ္ရတာပါ"ဟု GOOD BROTHERS' CO.,LTD ၏ အမႈေဆာင္အရာရိွခ်ဳပ္ J.RAHIMAN က ေျပာသည္။

မတ္လ(၂)ရက္ေန႔တြင္ က်ေရာက္သည့္ ေတာင္သူလယ္သမားေန႔အထိမ္းအမွတ္အျဖစ္ အဆိုပါပြဲအား က်င္းပျခင္းျဖစ္ေၾကာင္း  သိရၿပီး ဖြင့္ပြဲအခမ္းအနားသို႔ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒၊ ခ်င္းတိုင္းရင္းသားေရးရာ ဝန္ႀကီးတို႔ တက္ေရာက္ၾကသည္။

အဆိုပါပဲြေတာ္အား နံက္(၉)နာရီမွ ည(၉)နာရီအထိ က်င္းပသြားမည္ျဖစ္ၿပီး ပထမဆံုးေရာက္ရိွလာသူ (၃၅၀၀) အား ျပည္တြင္းခရီးသြား ေလယာဥ္လက္မွတ္မ်ား၊ တီဗြီ၊ ေရခဲေသတၱာ စသည္႔ ပစၥည္း(၅၇)မ်ိဳးပါရိွေသာ ကံစမ္းမဲကူပြန္မ်ား ေပးမည္ျဖစ္ၿပီး ပဲြေတာ္တြင္ စိုက္ပ်ိဳးေရးပညာရပ္ဆုိင္ရာ ပါေမာကၡမ်ား၊ ပညာရွင္မ်ားအား ဖိတ္ၾကား၍ က်န္းမာေရး၊ စိုက္ပ်ိဳးေရးနည္းပညာႏွင္႔ စိုက္ပ်ိဳးေရးအသိပညာေပး ေဟာေျပာျခင္းမ်ား ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

 ကေလးမ်ားအတြက္ ဂိမ္းကစားျခင္း အစီအစဥ္မ်ား၊ ႏိုင္ငံေက်ာ္ မ်က္လွည္႔ ပညာရွင္ႏွင္႔ ႏိုင္ငံေက်ာ္အဆိုေတာ္မ်ား၏ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားလည္း ထည့္သြင္းထားေၾကာင္း သိရသည္။

အဆိုပါကုမၸဏီသည္ ယခင္က လယ္ယာသံုးစက္ပစၥည္းကို ေရာင္းခ်ျခင္းျဖစ္ေသာ္လည္း ယခုအခါ ေတာင္သူမ်ား၏ လုပ္ငန္းေဆာင္တာလိုအပ္ခ်က္မ်ားကိုအေျခခံ၍ ဝန္ေဆာင္မႈေပးသည္႔ကုမၸဏီအျဖစ္ တိုးခ်ဲ႕လုိက္ၿပီး ေျမဆီ၊ ေျမၾသဇာ၊ မ်ိဳးေစ့၊ စက္ပစၥည္း စသည္ တို႔ကိုဝယ္ယူႏိုင္ရန္ အေသးစား ေငြေခ်းလုပ္ငန္းက စိုက္ပ်ိဳးစရိတ္ကို (၂.၅)ရာခိုင္ႏွဳန္းအတိုးျဖင္႔ ထုတ္ေခ်းေပးျခင္း လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတွင် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ဂုဏ်ပြုပွဲ ဂွတ်ဒ်ဘရားသားစ်ကုမ္ပဏီက ကျင်းပ
**********************
မကွေးတိုင်းဒေသကြီး မကွေးမြို့ တိုင်းအားကစားကွင်းတွင် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ဂုဏ်ပြုပွဲအဖြစ် ဂွတ်ဒ်ဘရားသားစ်ကုမ္ပဏီက မတ်လ(၃)ရက်နေ့၌ ကျင်းပနေပြီး ကုမ္ပဏီ၏ထုတ်ကုန်များ ပြသခြင်းနှင့် စိုက်ပျိုးရေးပညာရှင်များ၏ ဟောပြောမှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

"ကုမ္ပဏီက ပထမဆုံးပွဲကို မကွေးတိုင်းမှာ ဘာကြောင့်ပြုလုပ်ရသလဲဆိုရင် အခြားပြည်နယ်၊ တိုင်းများနဲ့စာရင် တောင်သူတွေစုစည်းမှု အားကောင်းမယ်လို့ ယုံကြည်တာကြောင့်ရယ်၊ ရာသီဥတုဖောက်ပြန်မှုကို ပြင်းထန်စွာ ခံစားရလေ့ရှိတဲ့ဒေသဖြစ်လို့ ရာသီဥတုနှင့်လျော်ညီတဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေကို မှန်ကန်စွာ အသုံးပြုနိုင်စေဖို့ အသိပညာပေးမှု လိုအပ်တယ်လို့ ယူဆတာကြောင့် မကွေးမြို့ကို ရွေးချယ်ရတာပါ"ဟု GOOD BROTHERS' CO.,LTD ၏ အမှုဆောင်အရာရှိချုပ် J.RAHIMAN က ပြောသည်။

မတ်လ(၂)ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် အဆိုပါပွဲအား ကျင်းပခြင်းဖြစ်ကြောင်း  သိရပြီး ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးတို့ တက်ရောက်ကြသည်။

အဆိုပါပွဲတော်အား နံက်(၉)နာရီမှ ည(၉)နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ပထမဆုံးရောက်ရှိလာသူ (၃၅၀၀) အား ပြည်တွင်းခရီးသွား လေယာဉ်လက်မှတ်များ၊ တီဗွီ၊ ရေခဲသေတ္တာ စသည့် ပစ္စည်း(၅၇)မျိုးပါရှိသော ကံစမ်းမဲကူပွန်များ ပေးမည်ဖြစ်ပြီး ပွဲတော်တွင် စိုက်ပျိုးရေးပညာရပ်ဆိုင်ရာ ပါမောက္ခများ၊ ပညာရှင်များအား ဖိတ်ကြား၍ ကျန်းမာရေး၊ စိုက်ပျိုးရေးနည်းပညာနှင့် စိုက်ပျိုးရေးအသိပညာပေး ဟောပြောခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 ကလေးများအတွက် ဂိမ်းကစားခြင်း အစီအစဉ်များ၊ နိုင်ငံကျော် မျက်လှည့် ပညာရှင်နှင့် နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေရေးအစီအစဉ်များလည်း ထည့်သွင်းထားကြောင်း သိရသည်။

အဆိုပါကုမ္ပဏီသည် ယခင်က လယ်ယာသုံးစက်ပစ္စည်းကို ရောင်းချခြင်းဖြစ်သော်လည်း ယခုအခါ တောင်သူများ၏ လုပ်ငန်းဆောင်တာလိုအပ်ချက်များကိုအခြေခံ၍ ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီအဖြစ် တိုးချဲ့လိုက်ပြီး မြေဆီ၊ မြေသြဇာ၊ မျိုးစေ့၊ စက်ပစ္စည်း စသည် တို့ကိုဝယ်ယူနိုင်ရန် အသေးစား ငွေချေးလုပ်ငန်းက စိုက်ပျိုးစရိတ်ကို (၂.၅)ရာခိုင်နှုန်းအတိုးဖြင့် ထုတ်ချေးပေးခြင်း လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~