ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ အက်ဥ္းေထာင္ႏွင့္ ရဲစခန္းအခ်ဳပ္မ်ားအား စစ္ေဆး

ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ အက်ဥ္းေထာင္ႏွင့္ ရဲစခန္းအခ်ဳပ္မ်ားအား စစ္ေဆး
မတ် 12, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း)ရွိ အက်ဥ္းေထာင္ႏွင့္ ရဲစခန္းအခ်ဳပ္ခန္းမ်ားကုိ ရွမ္းျပည္နယ္ တရားလႊတ္ေတာ္ တရားသူႀကီးက မတ္လအတြင္း လိုက္လံ စစ္ေဆးေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီး ေဒၚခင္ေမတင့္သည္ တာခ်ီလိတ္ခရုိင္ တရားသူႀကီး ဦး၀င္းေအာင္ လိုက္ပါလ်က္ အက်ဥ္းသား၊ အခ်ဳပ္သားမ်ားႏွင့္ ေတြ႕ဆံုကာ ေနရာထုိင္ခင္း သက္သာ ေခ်ာင္ခ်ိမႈႏွင့္ သန္႔ရွင္းမႈ ရွိ၊ မရွိ၊ စားေသာက္ရာတြင္ သင့္တင့္မွ်တမႈ ရွိ၊ မရွိ၊ က်န္းမာေရးမေကာင္းပါက ေဆးကုသရန္ အခြင့္အေရး ရွိ၊ မရွိ စသည္တုိ႔ကုိ ၾကည့္ရႈစစ္ေဆးကာ ဥပေဒအရ ရသင့္ရထုိက္သည္မ်ား ရရွိေရး၊ အမႈစစ္ေဆးရာတြင္ ၾကန္႔ၾကာမႈ မရွိေစေရးးတုိ႔ကို စစ္ေဆးေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

မတ္လ (၁၁) ရက္ေန႔တြင္ မုိင္းျဖတ္ၿမဳိ႕မရဲစခန္းအခ်ဳပ္ခန္းႏွင့္ မုိင္းေယာင္း ၿမဳိ႕မရဲစခန္းအခ်ဳပ္ခန္းတုိ႔ကုိ သြားေရာက္စစ္ေဆးခဲ့ၿပီး မတ္လ (၇) ရက္ေန႔က မုိင္းဆတ္ အက်ဥ္းေထာင္ ႏွင့္ မုိင္းဆတ္ၿမဳိ႕မ ရဲစခန္းအခ်ဳပ္၊ မတ္လ (၈) ရက္ေန႔တြင္ မုိင္းတံုၿမဳိ႕မရဲစခန္း အခ်ဳပ္ခန္း၊ မတ္လ (၉) ရက္ေန႔က တာခ်ီလိတ္ၿမဳိ႕မရဲစခန္းအခ်ဳပ္ခန္းႏွင့္ ၀မ္ပံုနယ္ေျမရဲစခန္း အခ်ဳပ္ခန္း၊ မတ္လ (၁၀) ရက္ေန႔တြင္ က်ဳိင္းလပ္နယ္ေျမရဲစခန္းအခ်ဳပ္ခန္း၊ မုိင္းပါလွ်ဳိးနယ္ေျမ ရဲစခန္းအခ်ဳပ္ခန္း ၊ မုိင္းလင္းနယ္ေျမ ရဲစခန္းအခ်ဳပ္ခန္းႏွင့္ တာေလနယ္ေျမရဲစခန္းအခ်ဳပ္ခန္း တုိ႔ကုိ သြားေရာက္ ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။

သတင္း - ေ၀ယံလင္း
ဓါတ္ပံု - တရားရံုး




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အကျဉ်းထောင်နှင့် ရဲစခန်းအချုပ်ခန်းများကို ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးက မတ်လအတွင်း လိုက်လံ စစ်ဆေးနေကြောင်း သိရသည်။

ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်မေတင့်သည် တာချီလိတ်ခရိုင် တရားသူကြီး ဦးဝင်းအောင် လိုက်ပါလျက် အကျဉ်းသား၊ အချုပ်သားများနှင့် တွေ့ဆုံကာ နေရာထိုင်ခင်း သက်သာ ချောင်ချိမှုနှင့် သန့်ရှင်းမှု ရှိ၊ မရှိ၊ စားသောက်ရာတွင် သင့်တင့်မျှတမှု ရှိ၊ မရှိ၊ ကျန်းမာရေးမကောင်းပါက ဆေးကုသရန် အခွင့်အရေး ရှိ၊ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးကာ ဥပဒေအရ ရသင့်ရထိုက်သည်များ ရရှိရေး၊ အမှုစစ်ဆေးရာတွင် ကြန့်ကြာမှု မရှိစေရေးတို့ကို စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ (၁၁) ရက်နေ့တွင် မိုင်းဖြတ်မြို့မရဲစခန်းအချုပ်ခန်းနှင့် မိုင်းယောင်း မြို့မရဲစခန်းအချုပ်ခန်းတို့ကို သွားရောက်စစ်ဆေးခဲ့ပြီး မတ်လ (၇) ရက်နေ့က မိုင်းဆတ် အကျဉ်းထောင် နှင့် မိုင်းဆတ်မြို့မ ရဲစခန်းအချုပ်၊ မတ်လ (၈) ရက်နေ့တွင် မိုင်းတုံမြို့မရဲစခန်း အချုပ်ခန်း၊ မတ်လ (၉) ရက်နေ့က တာချီလိတ်မြို့မရဲစခန်းအချုပ်ခန်းနှင့် ဝမ်ပုံနယ်မြေရဲစခန်း အချုပ်ခန်း၊ မတ်လ (၁၀) ရက်နေ့တွင် ကျိုင်းလပ်နယ်မြေရဲစခန်းအချုပ်ခန်း၊ မိုင်းပါလျှိုးနယ်မြေ ရဲစခန်းအချုပ်ခန်း၊ မိုင်းလင်းနယ်မြေ ရဲစခန်းအချုပ်ခန်းနှင့် တာလေနယ်မြေရဲစခန်းအချုပ်ခန်း တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - တရားရုံး 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~