လားရိႈးၿမိဳ႕မွ မူးယစ္ေဆးျဖတ္စခန္းတြင္ ေဆးျဖတ္သူပိုမ်ားလာ၍ ေဆးျဖတ္သင္တန္းအႀကိမ္ေရတုိးမည္

လားရိႈးၿမိဳ႕မွ မူးယစ္ေဆးျဖတ္စခန္းတြင္ ေဆးျဖတ္သူပိုမ်ားလာ၍ ေဆးျဖတ္သင္တန္းအႀကိမ္ေရတုိးမည္
မတ် 10, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ရွိ တစ္ခုတည္းေသာ ျပန္လည္ထူေထာင္ေရးစခန္းျဖစ္သည့္ လားရိႈးၿမိဳ႕မွ မူးယစ္ေဆးျဖတ္ျခင္းႏွင့္ ျပန္လည္ထူေထာင္ေရးစခန္းတြင္ မူးယစ္ေဆးျဖတ္လိုသူမ်ားလာေနသျဖင့္ ေဆးျဖတ္ႏွင့္ျပန္လည္ထူေထာင္ေရးအႀကိမ္ေရ တိုးျမႇင့္ေဆာင္ရြက္ရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။

အဆိုပါစခန္းတြင္  (လားရႈိး)သို႔ လာေရာက္၍ မူးယစ္ေဆးျဖတ္လိုသူ မ်ားျပားလာမႈေၾကာင့္ ယခင္က ဘ႑ာႏွစ္ တစ္ႏွစ္လွ်င္ မူးယစ္ေဆးျဖတ္ျခင္းႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းအား (၃)ႀကိမ္ ေဆာင္ရြက္ေနရာမွ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္မွစ၍ (၅)ႀကိမ္အထိ တိုးျမႇင့္ေဆာင္ရြက္သြားရန္ ျပင္ဆင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ပံုမွန္အေနနဲ႔ကေတာ့ တစ္ႏွစ္ကို သင္တန္းက သံုးႀကိမ္ဖြင့္တာေပါ့။ ဒါေပမဲ့ ေနာက္ပိုင္းမွာ စခန္းကိုလာၿပီး ဆက္သြယ္တဲ၊့ ေဆးျဖတ္ခ်င္သူေတြ လာအေၾကာင္းၾကားတာမ်ားလာတဲ့အတြက္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ကေနစၿပီး တစ္ႏွစ္ကို သင္တန္း ငါးႀကိမ္ေပးႏိုင္ဖို႔ရာ လ်ာထားတယ္။ တင္ျပထားတယ္” ဟု လူမႈဝန္ထမ္းဦးစီးဌာန (လားရိႈး)ျပန္လည္ထူေထာင္ေရးစခန္းမွ စခန္းမန္ေနဂ်ာ ဦးခုိင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသအေနျဖင့္ အဆိုပါေဆးျဖတ္စခန္းတစ္ခုသာရိွသျဖင့္ လားရိႈးၿမိဳ႕နယ္အတြင္းရွိ ေဒသမ်ားအျပင္ ေက်ာက္မဲ၊ နမၼတူ၊ သီေပါၿမိဳ႕နယ္မ်ားကပါ လာေရာက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီစခန္းက တကယ္ရည္ရြယ္တာက (၁၀) ဦးဆံ့ပဲလုပ္ထားတာ။ စခန္းကိုလာၿပီး ေဆးျဖတ္ခ်င္တယ္ဆိုၿပီး လာေမးၾကသူေတြမ်ားတဲ့အတြက္ ေနာက္ပိုင္းမွာ (၂၅) ဦးထိလက္ခံၿပီး ေဆးျဖတ္တာ၊ ျပန္လည္ထူေထာင္တာ လုပ္ေပးတာျဖစ္ပါတယ္။ ျပန္လည္ထူေထာင္ေရးသင္တန္းနဲ႔ ပတ္သက္လာရင္ေတာ့ ေနရာေရာ၊ ဒီကဝန္ထမ္းေရာ၊ ေထာက္ပံ့မႈေရာ လိုအပ္ေနတုန္းပဲ” ဟု လူမႈဝန္ထမ္းဦးစီးဌာန (လားရိႈး)ျပန္လည္ထူေထာင္ေရးစခန္းမွ စခန္းမန္ေနဂ်ာ ဦးခုိင္ဝင္းက ေျပာသည္။

အဆိုပါေဆးျဖတ္စခန္းမွ ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၁၇) ရက္ေန႔အထိ သင္တန္း (၅၂) ႀကိမ္ဖြင့္လွစ္ခဲ့ၿပီး သင္တန္းဆင္းသူဦးေရ (၆၅၀) ခန္႔ရွိေၾကာင္း သိရသည္။

မူးယစ္ေဆးျဖတ္ျခင္းကို အခ်ိန္ႏွစ္ပတ္အတြင္း လုပ္ေဆာင္ေပးေနၿပီး ျပန္လည္ထူေထာင္ျခင္းႏွင့္ စိတ္ပိုင္းဆိုင္ရာေဆြးေႏြးမႈမ်ားကို အခ်ိန္သံုးပတ္ လုပ္ေဆာင္ေပးေနျခင္းျဖစ္ရာ သင္တန္းတစ္ႀကိမ္လွ်င္ ရက္သတၱပတ္ငါးပတ္အထိ ၾကာျမင့္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့မှ မူးယစ်ဆေးဖြတ်စခန်းတွင် ဆေးဖြတ်သူပိုများလာ၍ ဆေးဖြတ်သင်တန်းအကြိမ်ရေတိုးမည်
*****************
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ တစ်ခုတည်းသော ပြန်လည်ထူထောင်ရေးစခန်းဖြစ်သည့် လားရှိုးမြို့မှ မူးယစ်ဆေးဖြတ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးစခန်းတွင် မူးယစ်ဆေးဖြတ်လိုသူများလာနေသဖြင့် ဆေးဖြတ်နှင့်ပြန်လည်ထူထောင်ရေးအကြိမ်ရေတိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါစခန်းတွင်  (လားရှိုး)သို့ လာရောက်၍ မူးယစ်ဆေးဖြတ်လိုသူ များပြားလာမှုကြောင့် ယခင်က ဘဏ္ဍာနှစ် တစ်နှစ်လျှင် မူးယစ်ဆေးဖြတ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးသင်တန်းအား (၃)ကြိမ် ဆောင်ရွက်နေရာမှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ (၅)ကြိမ်အထိ တိုးမြှင့်ဆောင်ရွက်သွားရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

“ပုံမှန်အနေနဲ့ကတော့ တစ်နှစ်ကို သင်တန်းက သုံးကြိမ်ဖွင့်တာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ စခန်းကိုလာပြီး ဆက်သွယ်တဲ၊့ ဆေးဖြတ်ချင်သူတွေ လာအကြောင်းကြားတာများလာတဲ့အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကနေစပြီး တစ်နှစ်ကို သင်တန်း ငါးကြိမ်ပေးနိုင်ဖို့ရာ လျာထားတယ်။ တင်ပြထားတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာန (လားရှိုး)ပြန်လည်ထူထောင်ရေးစခန်းမှ စခန်းမန်နေဂျာ ဦးခိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအနေဖြင့် အဆိုပါဆေးဖြတ်စခန်းတစ်ခုသာရှိသဖြင့် လားရှိုးမြို့နယ်အတွင်းရှိ ဒေသများအပြင် ကျောက်မဲ၊ နမ္မတူ၊ သီပေါမြို့နယ်များကပါ လာရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။
“ဒီစခန်းက တကယ်ရည်ရွယ်တာက (၁၀) ဦးဆံ့ပဲလုပ်ထားတာ။ စခန်းကိုလာပြီး ဆေးဖြတ်ချင်တယ်ဆိုပြီး လာမေးကြသူတွေများတဲ့အတွက် နောက်ပိုင်းမှာ (၂၅) ဦးထိလက်ခံပြီး ဆေးဖြတ်တာ၊ ပြန်လည်ထူထောင်တာ လုပ်ပေးတာဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးသင်တန်းနဲ့ ပတ်သက်လာရင်တော့ နေရာရော၊ ဒီကဝန်ထမ်းရော၊ ထောက်ပံ့မှုရော လိုအပ်နေတုန်းပဲ” ဟု လူမှုဝန်ထမ်းဦးစီးဌာန (လားရှိုး)ပြန်လည်ထူထောင်ရေးစခန်းမှ စခန်းမန်နေဂျာ ဦးခိုင်ဝင်းက ပြောသည်။

အဆိုပါဆေးဖြတ်စခန်းမှ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့အထိ သင်တန်း (၅၂) ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းသူဦးရေ (၆၅၀) ခန့်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဖြတ်ခြင်းကို အချိန်နှစ်ပတ်အတွင်း လုပ်ဆောင်ပေးနေပြီး ပြန်လည်ထူထောင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုများကို အချိန်သုံးပတ် လုပ်ဆောင်ပေးနေခြင်းဖြစ်ရာ သင်တန်းတစ်ကြိမ်လျှင် ရက်သတ္တပတ်ငါးပတ်အထိ ကြာမြင့်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~