လားရိႈး - တန္႔ယန္းလမ္းခြဲတြင္ အိမ္စီးယာဥ္တစ္စီး ပက္လက္လန္တိမ္းေမွာက္

လားရိႈး - တန္႔ယန္းလမ္းခြဲတြင္ အိမ္စီးယာဥ္တစ္စီး ပက္လက္လန္တိမ္းေမွာက္
မတ် 12, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕နယ္ လားရိႈး-တန္႔ယန္းလမ္းခြဲအနီးတြင္ မတ္လ (၁၂) ရက္ေန႔ မြန္းလြဲပိုင္းက အိမ္စီးေမာ္ေတာ္ယာဥ္တစ္စီး ပက္လက္လန္တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသားတစ္ဦးေနရာတြင္ ေသဆံုးၿပီး တစ္ဦးဒဏ္ရာရရွိသြားေၾကာင္း သိရသည္။

“ကားေပၚမွာ လူႏွစ္ဦးပါတယ္။ တစ္ဦးကေတာ့ ေနရာမွာတင္ေသဆံုးတယ္။ တစ္ဦးက ပြန္းပဲ့ဒဏ္ရာ ရရွိထားတယ္။ အရွိန္လြန္ၿပီးေမွာက္တယ္လို႔ထင္တာပဲ။ ကားကေတာ့ ပက္လက္လန္ေနတဲ့အေနအထားနဲ႔ ေတြ႔ရတယ္” ဟု ယာဥ္မေတာ္တဆမႈျဖစ္ပြားမႈမွ လူနာမ်ားအား လာေရာက္ကူညီသယ္ေဆာင္ေပးသည့္ ေရႊလိႈင္ေမတၱာလူမႈကူညီကယ္ဆယ္ေရး ကြန္ယက္မွ ဦးစိုင္းညီညီဟန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးဘက္မွ တန္႔ယန္းဘက္သို႔ သြားေနသည့္ ယာဥ္အမွတ္ YGN 4G-6357 Vigo ယာဥ္မွာ လားရိႈးၿမိဳ႕အထြက္ရွိ လြယ္လြမ့္ေက်းရြာအနီးတြင္ ပက္လက္လန္တိမ္းေမွာက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ေသဆံုးသူမွာ ေနာင္မြန္ေက်းရြာတြင္ေနထိုင္သူ ဦးေက်ာက္ဆံဆိုသူျဖစ္ေၾကာင္းသိရၿပီး ဒဏ္ရာရရွိသူအား လားရိႈးျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

ယာဥ္မေတာ္တဆမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ လားရိႈးယာဥ္ထိန္းရဲတပ္ဖြဲ႔မွ စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး အမႈဖြင့္ေဆာင္ရြက္ထားၿပီး အခင္းျဖစ္ပြားရာေနရာသို႔ လားရိႈးၿမိဳ႕ ေရႊေၾကးစည္လူမႈကူညီေရးအသင္းႏွင့္ ေရႊလိႈင္ေမတၱာလူမႈကူညီ ကယ္ဆယ္ေရး ကြန္ယက္တို႔က လူနာမ်ား ေဆးရံုပို႔ႏုိင္ရန္ ကူညီခဲ့ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေရႊလိႈင္ေမတၱာလူမႈကူညီကယ္ဆယ္ေရးကြန္ယက္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုး - တန့်ယန်းလမ်းခွဲတွင် အိမ်စီးယာဉ်တစ်စီး ပက်လက်လန်တိမ်းမှောက်
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် လားရှိုး-တန့်ယန်းလမ်းခွဲအနီးတွင် မတ်လ (၁၂) ရက်နေ့ မွန်းလွဲပိုင်းက အိမ်စီးမော်တော်ယာဉ်တစ်စီး ပက်လက်လန်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးနေရာတွင် သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

“ကားပေါ်မှာ လူနှစ်ဦးပါတယ်။ တစ်ဦးကတော့ နေရာမှာတင်သေဆုံးတယ်။ တစ်ဦးက ပွန်းပဲ့ဒဏ်ရာ ရရှိထားတယ်။ အရှိန်လွန်ပြီးမှောက်တယ်လို့ထင်တာပဲ။ ကားကတော့ ပက်လက်လန်နေတဲ့အနေအထားနဲ့ တွေ့ရတယ်” ဟု ယာဉ်မတော်တဆမှုဖြစ်ပွားမှုမှ လူနာများအား လာရောက်ကူညီသယ်ဆောင်ပေးသည့် ရွှေလှိုင်မေတ္တာလူမှုကူညီကယ်ဆယ်ရေး ကွန်ယက်မှ ဦးစိုင်းညီညီဟန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးဘက်မှ တန့်ယန်းဘက်သို့ သွားနေသည့် ယာဉ်အမှတ် YGN 4G-6357 Vigo ယာဉ်မှာ လားရှိုးမြို့အထွက်ရှိ လွယ်လွမ့်ကျေးရွာအနီးတွင် ပက်လက်လန်တိမ်းမှောက်နေခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ နောင်မွန်ကျေးရွာတွင်နေထိုင်သူ ဦးကျောက်ဆံဆိုသူဖြစ်ကြောင်းသိရပြီး ဒဏ်ရာရရှိသူအား လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်၍ လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့မှ စစ်ဆေးမှုများပြုလုပ်ပြီး အမှုဖွင့်ဆောင်ရွက်ထားပြီး အခင်းဖြစ်ပွားရာနေရာသို့ လားရှိုးမြို့ ရွှေကြေးစည်လူမှုကူညီရေးအသင်းနှင့် ရွှေလှိုင်မေတ္တာလူမှုကူညီ ကယ်ဆယ်ရေး ကွန်ယက်တို့က လူနာများ ဆေးရုံပို့နိုင်ရန် ကူညီခဲ့ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရွှေလှိုင်မေတ္တာလူမှုကူညီကယ်ဆယ်ရေးကွန်ယက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~