ဂုတ္တြင္းလမ္းပိုင္းမွ လမ္းအေကြ႕ (၂၄)ခုအား နံပါတ္မ်ားသတ္မွတ္ၿပီး လမ္းပိတ္ဆို႔မႈ အေျခအေနမ်ားအား LED ဆိုင္းဘုတ္ျဖင့္ အသိေပးထား

ဂုတ္တြင္းလမ္းပိုင္းမွ လမ္းအေကြ႕ (၂၄)ခုအား နံပါတ္မ်ားသတ္မွတ္ၿပီး လမ္းပိတ္ဆို႔မႈ အေျခအေနမ်ားအား LED ဆိုင္းဘုတ္ျဖင့္ အသိေပးထား
မတ် 31, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီး ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕အၾကားရွိ ဂုတ္တြင္းလမ္းပိုင္း မွ အေကြ႔(၂၄)ခု၏ အမည္မ်ားအား ေဒသအေခၚအေဝၚ အမည္မ်ားအစား နံပါတ္စဥ္မ်ားျဖင့္ အစားထိုးသတ္မွတ္ၿပီး ယာဥ္ေၾကာရွင္းလင္းေရးကို ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

“အေကြ႔ႀကီးေတြမွာ ယာဥ္စက္ ခ်ိဳ႕ယြင္းတာမ်ိဳး၊ လမ္းေခ်ာ္တာမ်ိဳးနဲ႔ မေတာ္တဆလမ္းပိတ္ေနရင္ ေဒသအေခၚ အေဝၚေတြက်ေတာ့ လူတိုင္းက မသိၾကဘူး။ အထူးသျဖင့္ သြားေနက်မဟုတ္တဲ့သူေတြက မသိတဲ့အတြက္ ေဒသအေခၚအေဝၚေတြအစား နံပါတ္စဥ္ေတြနဲ႔ ေျပာင္းလဲသတ္မွတ္လိုက္တာျဖစ္ပါတယ္” ဟု အဆိုပါလမ္းပိုင္း အား BOT စနစ္ျဖင့္ ေဆာင္ရြက္ေနသည့္ Oriental Highway Co.ltd မွ စီမံကိန္းမန္ေနဂ်ာ ဦးသက္ေဆြ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဂုတ္တြင္းလမ္းပိုင္းတြင္ မၾကာခဏ လမ္းပိတ္ဆို႔မႈမ်ားျဖစ္ပြားသျဖင့္ ယာဥ္ေၾကာပိတ္ဆို႔မႈ ႀကီးၾကပ္ေရး ေကာ္မတီကို ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလအတြင္းက ဖြဲ႔စည္းၿပီး ယာဥ္ေၾကာရွင္းလင္းေရးအတြက္ သတင္းေပးပို႔ရ လြယ္ကူေစရန္ နံပါတ္စဥ္မ်ား အစားထိုးေျပာင္းလဲရန္ ၂၀၁၈ ခုႏွစ္ မတ္လ (၉) ရက္ေန႔တြင္ ျပဳလုပ္ခဲ့သည့္ ဒုျပည္နယ္အဆင့္ႀကီးၾကပ္မႈေကာ္မတီတြင္ အတည္ျပဳခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“အဓိကအေကြ႔ႀကီး (၂၄) ခုမွာ နံပါတ္ (၁)အေကြ႕ကေနစၿပီး နံပါတ္ (၂၄) အထိ အေကြ႔တိုင္းမွာ နံပါတ္ေတြကို စိုက္ထူေပးထားတယ္။ မေတာ္တဆ ကားပိတ္ေနတယ္ဆိုရင္ ဘယ္နံပါတ္အေကြ႔မွာ ပိတ္ေနတယ္လို႔ သိလိုက္တာနဲ႔ ခ်က္ခ်င္းေျဖရွင္းဖို႔ အျခားေကြ႔ေတြမွာ ကားေတြတား ထားတာေတြ လမ္းရွင္းတာေတြ ႀကိဳလုပ္လို႔ရတဲ့ အတြက္ လမ္းအသံုးျပဳသူေတြအတြက္ ပိုအဆင္ေျပတယ္”ဟု ျပည္ေထာင္စုလမ္းမႀကီးအား အၿမဲအသံုးျပဳ ေနသည့္ ယာဥ္ေမာင္းတစ္ဦးျဖစ္သည့္ ကိုစိုးႏိုင္က ေျပာသည္။

ေနာင္ခ်ိဳတိုးဂိတ္ႏွင့္ ေက်ာက္မဲတိုးဂိတ္တို႔ တြင္ LED ဆိုင္းဘုတ္တစ္ခုစီ စိုက္ထူထားကာ ရုတ္တရက္ လမ္းပိတ္ဆို႔မႈမ်ားရွိပါက ယာဥ္ေမာင္းမ်ားႀကိဳတင္သိရွိႏိုင္ရန္ ယာဥ္ေၾကာအေျခအေနကို ေဖၚျပေပးထားၿပီး လမ္းတေလွ်ာက္ ယာဥ္ေၾကာအေျခအေနျပ ဆုိင္းဘုတ္မ်ားကို မူဆယ္ဘက္အထိ ထပ္တိုး လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

“LED ဘုတ္ကေတာ့ မူဆယ္ နဲ႔ ကြတ္ခိုင္မွာ ထပ္ထားဖို႔ လုပ္ေဆာင္ေနတယ္။ အဓိကက ေနာင္ခ်ိဳဘက္မွာ ျဖစ္ေနတဲ့ လမ္းအေျခအေနကို မူဆယ္ဘက္အပိုင္းထိ အခ်ိန္နဲ႔တစ္ေျပးညီ သိရွိေစဖို႔နဲ႔ မူဆယ္ဘက္က အေျခ အေနကို ေနာင္ခ်ိဳဘက္အထိတစ္ခ်ိန္တည္းမွာ သိရွိေအာင္ရည္ရြယ္လုပ္ေဆာင္တာပါ။ မလိုအပ္ဘဲ လမ္းမွာ အခ်ိန္မကုန္ေစဖို႔နဲ႔ ခရီးသြားျပည္သူေတြ အဆင္ေျပေစဖို႔လုပ္ေဆာင္တာျဖစ္ပါတယ္” ဟု စီမံကိန္းမန္ေနဂ်ာ ဦးသက္ေဆြက ေျပာသည္။

ဂုတ္တြင္းလမ္းပိုင္းတံတားသစ္ႏွင့္ ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္းပိုင္းတည္ေဆာက္မႈမွာ အခ်ိန္ သံုးႏွစ္ခန္႔ အနည္းဆံုး ၾကာျမင့္မည္ျဖစ္သျဖင့္ ယာဥ္ေၾကာပိတ္ဆို႔မႈကို ေျဖရွင္းရန္ ယခုအစီအစဥ္အား လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

ႀကီးၾကပ္မႈေကာ္မတီအေနျဖင့္ ႀကိဳတင္ကာကြယ္စီမံျခင္း၏ လုပ္ငန္းတာဝန္မ်ားအေနျဖင့္ ယာဥ္အႏၱရာယ္ ကင္းရွင္းေစေရးအတြက္ လက္ကမ္းစာေစာင္မ်ားျဖန္႔ေဝရာတြင္ ျမန္မာ၊ တရုတ္၊ ရွမ္း စသည့္ ဘာသာစကား (၃)မ်ိဳးျဖင့္ျဖန္႔ေဝျခင္း၊ ေနာင္ခ်ိဳၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕ႏွင့္ ကြတ္ခိုင္ၿမိဳ႕တို႔ရွိ OHC တိုးဂိတ္မ်ားတြင္ LED ဆိုင္းဘုတ္ မ်ားတပ္ဆင္၍ ဂုတ္တြင္းႏွင့္ကြတ္ခိုင္လမ္းပိုင္းအတြင္း လက္ရွိျဖစ္ေပၚေနသည့္ ယာဥ္လမ္းေၾကာင္းအေျခအေန မ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီတင္ျပႏိုင္ရန္ စီမံေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ႀကီးၾကပ္မႈေကာ္မတီတြင္ ျပည္နယ္ဒုတိယအုပ္ခ်ဳပ္ေရး၊ ျပည္နယ္ဒုတိယရဲတပ္ဖြဲ႔၊ တြဲဖက္ျပည္နယ္ ညႊန္ၾကားေရးမွဴး၊ စီမံကိန္းဦးစီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန၊ ရွမ္း/ေျမာက္ ရွိ သတင္းမီဒီယာ အဖြဲ႔ဝင္မ်ား၊ Oriental Highway Co.ltd ႏွင့္ အမွတ္(၂၀)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႔ခြဲမွဴးရံုးတို႔ ပါဝင္သည့္ အဖြဲ႔ဝင္ (၁၈) ဦး၊ ေက်ာက္မဲခရိုင္အဆင့္ ႀကီးၾကပ္မႈေကာ္မတီတြင္ အဖြဲ႔ဝင္ (၁၃)ဦး၊ မူဆယ္ ခရိုင္အဆင့္ ႀကီးၾကပ္မႈေကာ္မတီတြင္ အဖြဲ႔ဝင္အင္အား (၁၄)ဦးတို႔ျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြားရှိ ဂုတ်တွင်းလမ်းပိုင်း မှ အကွေ့(၂၄)ခု၏ အမည်များအား ဒေသအခေါ်အဝေါ် အမည်များအစား နံပါတ်စဉ်များဖြင့် အစားထိုးသတ်မှတ်ပြီး ယာဉ်ကြောရှင်းလင်းရေးကို ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။

“အကွေ့ကြီးတွေမှာ ယာဉ်စက် ချို့ယွင်းတာမျိုး၊ လမ်းချော်တာမျိုးနဲ့ မတော်တဆလမ်းပိတ်နေရင် ဒေသအခေါ် အဝေါ်တွေကျတော့ လူတိုင်းက မသိကြဘူး။ အထူးသဖြင့် သွားနေကျမဟုတ်တဲ့သူတွေက မသိတဲ့အတွက် ဒေသအခေါ်အဝေါ်တွေအစား နံပါတ်စဉ်တွေနဲ့ ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်” ဟု အဆိုပါလမ်းပိုင်း အား BOT စနစ်ဖြင့် ဆောင်ရွက်နေသည့် Oriental Highway Co.ltd မှ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဂုတ်တွင်းလမ်းပိုင်းတွင် မကြာခဏ လမ်းပိတ်ဆို့မှုများဖြစ်ပွားသဖြင့် ယာဉ်ကြောပိတ်ဆို့မှု ကြီးကြပ်ရေး ကော်မတီကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖွဲ့စည်းပြီး ယာဉ်ကြောရှင်းလင်းရေးအတွက် သတင်းပေးပို့ရ လွယ်ကူစေရန် နံပါတ်စဉ်များ အစားထိုးပြောင်းလဲရန် ၂၀၁၈ ခုနှစ် မတ်လ (၉) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဒုပြည်နယ်အဆင့်ကြီးကြပ်မှုကော်မတီတွင် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဓိကအကွေ့ကြီး (၂၄) ခုမှာ နံပါတ် (၁)အကွေ့ကနေစပြီး နံပါတ် (၂၄) အထိ အကွေ့တိုင်းမှာ နံပါတ်တွေကို စိုက်ထူပေးထားတယ်။ မတော်တဆ ကားပိတ်နေတယ်ဆိုရင် ဘယ်နံပါတ်အကွေ့မှာ ပိတ်နေတယ်လို့ သိလိုက်တာနဲ့ ချက်ချင်းဖြေရှင်းဖို့ အခြားကွေ့တွေမှာ ကားတွေတား ထားတာတွေ လမ်းရှင်းတာတွေ ကြိုလုပ်လို့ရတဲ့ အတွက် လမ်းအသုံးပြုသူတွေအတွက် ပိုအဆင်ပြေတယ်”ဟု ပြည်ထောင်စုလမ်းမကြီးအား အမြဲအသုံးပြု နေသည့် ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုစိုးနိုင်က ပြောသည်။

နောင်ချိုတိုးဂိတ်နှင့် ကျောက်မဲတိုးဂိတ်တို့ တွင် LED ဆိုင်းဘုတ်တစ်ခုစီ စိုက်ထူထားကာ ရုတ်တရက် လမ်းပိတ်ဆို့မှုများရှိပါက ယာဉ်မောင်းများကြိုတင်သိရှိနိုင်ရန် ယာဉ်ကြောအခြေအနေကို ဖော်ပြပေးထားပြီး လမ်းတလျှောက် ယာဉ်ကြောအခြေအနပြေ ဆိုင်းဘုတ်များကို မူဆယ်ဘက်အထိ ထပ်တိုး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“LED ဘုတ်ကတော့ မူဆယ် နဲ့ ကွတ်ခိုင်မှာ ထပ်ထားဖို့ လုပ်ဆောင်နေတယ်။ အဓိကက နောင်ချိုဘက်မှာ ဖြစ်နေတဲ့ လမ်းအခြေအနေကို မူဆယ်ဘက်အပိုင်းထိ အချိန်နဲ့တစ်ပြေးညီ သိရှိစေဖို့နဲ့ မူဆယ်ဘက်က အခြေ အနေကို နောင်ချိုဘက်အထိတစ်ချိန်တည်းမှာ သိရှိအောင်ရည်ရွယ်လုပ်ဆောင်တာပါ။ မလိုအပ်ဘဲ လမ်းမှာ အချိန်မကုန်စေဖို့နဲ့ ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့လုပ်ဆောင်တာဖြစ်ပါတယ်” ဟု စီမံကိန်းမန်နေဂျာ ဦးသက်ဆွေက ပြောသည်။

ဂုတ်တွင်းလမ်းပိုင်းတံတားသစ်နှင့် နောင်ချိုမြို့ရှောင်လမ်းပိုင်းတည်ဆောက်မှုမှာ အချိန် သုံးနှစ်ခန့် အနည်းဆုံး ကြာမြင့်မည်ဖြစ်သဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ယခုအစီအစဉ်အား လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ကြီးကြပ်မှုကော်မတီအနဖြေင့် ကြိုတင်ကာကွယ်စီမံခြင်း၏ လုပ်ငန်းတာဝန်များအနဖြေင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြန်မာ၊ တရုတ်၊ ရှမ်း စသည့် ဘာသာစကား (၃)မျိုးဖြင့်ဖြန့်ဝခြေင်း၊ နောင်ချိုမြို့၊ ကျောက်မဲမြို့နှင့် ကွတ်ခိုင်မြို့တို့ရှိ OHC တိုးဂိတ်များတွင် LED ဆိုင်းဘုတ် များတပ်ဆင်၍ ဂုတ်တွင်းနှင့်ကွတ်ခိုင်လမ်းပိုင်းအတွင်း လက်ရှိဖြစ်ပေါ်နေသည့် ယာဉ်လမ်းကြောင်းအခြေအနေ များကို အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြီးကြပ်မှုကော်မတီတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေး၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့၊ တွဲဖက်ပြည်နယ် ညွှန်ကြားရေးမှူး၊ စီမံကိန်းဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရှမ်း/မြောက် ရှိ သတင်းမီဒီယာ အဖွဲ့ဝင်များ၊ Oriental Highway Co.ltd နှင့် အမှတ်(၂၀)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးတို့ ပါဝင်သည့် အဖွဲ့ဝင် (၁၈) ဦး၊ ကျောက်မဲခရိုင်အဆင့် ကြီးကြပ်မှုကော်မတီတွင် အဖွဲ့ဝင် (၁၃)ဦး၊ မူဆယ် ခရိုင်အဆင့် ကြီးကြပ်မှုကော်မတီတွင် အဖွဲ့ဝင်အင်အား (၁၄)ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~