ျပည္ထဲေရးအမည္ေပါက္မျဖစ္ေသးသည့္ ရန္ကင္းေက်းရြာ လမ္းေဖါက္လုပ္ေရးအတြက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္က က်ပ္သိန္း ၁၀၀ လွဴဒါန္း

ျပည္ထဲေရးအမည္ေပါက္မျဖစ္ေသးသည့္ ရန္ကင္းေက်းရြာ လမ္းေဖါက္လုပ္ေရးအတြက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္က က်ပ္သိန္း ၁၀၀ လွဴဒါန္း
မတ် 13, 2018
By Tachileik News Agency

ျပည္ထဲေရးတြင္ အမည္ မေပါက္ေသးသည့္ ရွမ္း - ကယားနယ္စပ္ရွိ လမ္းပန္းဆက္သြယ္ေရး ခက္ခဲေသာ ေဒသျဖစ္ေသာ ရန္ကင္းေက်းရြာတြင္ ရာသီမေရြးသြားလာႏုိင္သည့္ လမ္း၊ တံတားလုပ္ငန္း ေဆာင္ရြက္ရန္ ေငြက်ပ္ သိန္း(၁၀၀)ကို ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈက မတ္လ (၁၂)ရက္ေန႔တြင္ လွဴဒါန္းေၾကာင္း သိရသည္။

လမ္းပန္းဆက္သြယ္ေရးခက္ခဲသည့္ ဝမ္ေငါ့ေက်းရြာမွ ရန္ကင္းေက်းရြာအထိ ခန္႕မွန္း ( ၄ ) မုိင္ (၃) ဖာလုံအား ရာသီမေရြးသြားလာႏုိင္သည့္ လမ္းေဖာက္လုပ္ရန္ႏွင့္ တံတားငယ္(၂၂)စင္းတည္ေဆာက္ရန္ လိုအပ္ေနရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴးတုိ႕၏ အနီးကပ္ႀကီးၾကပ္မႈ၊ ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္၏ ၾသ၀ါဒကုိခံယူၿပီး ရြာသူ/ ရြာသားမ်ား၏ လုပ္အားေပါင္းစပ္ ေဆာင္ရြက္ႏုိင္ေရးအတြက္ ယင္းကဲ့သို႔ လွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။

လြဳိင္ေကာ္ၿမိဳ႕နယ္၊ တီးလုံေက်းရြာအုပ္စု ရန္ကင္းေက်းရြာတြင္ ေက်းရြာနယ္နိမိတ္၊ လမ္း၊ တံတား ငယ္ ေဖာက္လုပ္ေပးရန္ႏွင့္ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊ ေရ၊ မီး စီမံေဆာင္ရြက္ေပးႏုိင္ေရးအတြက္ ေက်းရြာသူ/ သားမ်ားကိုယ္စား ရန္ကင္းေက်းရြာတာဝန္ခံကိုယ္စားလွယ္မ်ားက စုစည္းတင္ျပခဲ့ရာ ကယားျပည္နယ္အစုိးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိ၊ လြဳိင္ေကာ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ လြဳိင္လင္ေလးၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴးတုိ႕ႏွင့္အတူ ေတြ႔ဆံုေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

လြဳိင္လင္ေလးၿမိဳ႕ႏွင့္ (၁၃) မုိင္ခန္႔အကြာရိွ ရန္ကင္းေက်းရြာတြင္ အိမ္ေျခ(၂၂) အိမ္၊ လူဦးေရ (၉၂) ဦး၊ ဘုန္းေတာ္ႀကီးေက်ာင္း (၁) ေက်ာင္းရိွၿပီး ေက်ာင္းသားေက်ာင္းသူ (၂၅)ဦးအတြက္ ကုိယ္ထူကုိယ္ထ စာသင္ေက်ာင္းေဆာင္ (၁) ေဆာင္အား ဘုန္းေတာ္ႀကီးေက်ာင္း၀င္းအတြင္း ေဆာက္လ်က္ရိွေၾကာင္း သိရသည္။

သတင္း #အင္မို္င္ခ
ဓါတ္ပံု - ကယားျပည္နယ္အစုိးရအဖြဲ႕ရုံး

~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်ထဲရေးတွင် အမည် မပေါက်သေးသည့် ရှမ်း - ကယားနယ်စပ်ရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသဖြစ်သော ရန်ကင်းကျေးရွာတွင် ရာသီမရွေးသွားလာနိုင်သည့် လမ်း၊ တံတားလုပ်ငန်း ဆောင်ရွက်ရန် ငွေကျပ် သိန်း(၁၀၀)ကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မတ်လ (၁၂)ရက်နေ့တွင် လှူဒါန်းကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝမ်ငေါ့ကျေးရွာမှ ရန်ကင်းကျေးရွာအထိ ခန့်မှန်း ( ၄ ) မိုင် (၃) ဖာလုံအား ရာသီမရွေးသွားလာနိုင်သည့် လမ်းဖောက်လုပ်ရန်နှင့် တံတားငယ်(၂၂)စင်းတည်ဆောက်ရန် လိုအပ်နေရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့အုပ်ချုပ်ရေးမှူးတို့၏ အနီးကပ်ကြီးကြပ်မှု၊ ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်၏ သြဝါဒကိုခံယူပြီး ရွာသူ/ ရွာသားများ၏ လုပ်အားပေါင်းစပ် ဆောင်ရွက်နိုင်ရေးအတွက် ယင်းကဲ့သို့ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်၊ တီးလုံကျေးရွာအုပ်စု ရန်ကင်းကျေးရွာတွင် ကျေးရွာနယ်နိမိတ်၊ လမ်း၊ တံတား ငယ် ဖောက်လုပ်ပေးရန်နှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ရေ၊ မီး စီမံဆောင်ရွက်ပေးနိုင်ရေးအတွက် ကျေးရွာသူ/ သားများကိုယ်စား ရန်ကင်းကျေးရွာတာဝန်ခံကိုယ်စားလှယ်များက စုစည်းတင်ပြခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွိုင်လင်လေးမြို့အုပ်ချုပ်ရေးမှူးတို့နှင့်အတူ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

လွိုင်လင်လေးမြို့နှင့် (၁၃) မိုင်ခန့်အကွာရှိ ရန်ကင်းကျေးရွာတွင် အိမ်ခြေ(၂၂) အိမ်၊ လူဦးရေ (၉၂) ဦး၊ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းရှိပြီး ကျောင်းသားကျောင်းသူ (၂၅)ဦးအတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဆောင် (၁) ဆောင်အား ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဆောက်လျက်ရှိကြောင်း သိရသည်။

သတင်း #အင်မို်င်ခ
ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~