က်ိဳင္းတံုတြင္ အမ်ိဳးသားတစ္ဦး တူမီးေသနတ္ ပါးစပ္ထဲ ထည့္ပစ္၍ ေသဆံုး

က်ိဳင္းတံုတြင္ အမ်ိဳးသားတစ္ဦး တူမီးေသနတ္ ပါးစပ္ထဲ ထည့္ပစ္၍ ေသဆံုး
မတ် 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ မိုင္းလပ္အုပ္စု၊ ပါဆံက်(လားဟူ)ရြာတြင္ အမ်ိဳးသားတစ္ဦး ပါးစပ္ထဲ တူမီးေသနတ္ထည့္ပစ္၍ ေသဆံုးေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာအား သြားေရာက္ စစ္ေဆးၿပီး အေလာင္းအား က်ိဳင္းတံုေဆးရံုႀကီးသို႔ ပို႔ေဆာင္စစ္ေဆးထားေၾကာင္း သိရသည္။

ပါဆံက်(လားဟူ)ရြာတြင္ အမ်ိဳးသားတစ္ဦး မိမိကိုယ္ကို တူမီးေသနတ္ျဖင့္ ပါးစပ္ထဲထည့္ၿပီး ပစ္၍ ေသဆံုးေနေၾကာင္း မိုင္းလင္းအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းရီႏြန္းက မတ္လ (၇)ရက္ေန႔ ညေန (၄)နာရီဝန္းက်င္တြင္ ရဲစခန္းသို႔ ဖုန္းဆက္ အေၾကာင္းၾကားသျဖင့္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ေအာင္ျမင့္ထြန္း၊ တာဝန္မွဴး ဒုရဲအုပ္ မင္းမင္းထြန္း၊ နယ္ထိန္း တပ္ၾကပ္ စိုင္းေအာင္ထူး၊ တပ္ၾကပ္သန္းဦးတို႔က သက္ေသမ်ားႏွင့္ အတူ ညေန (၄)နာရီခြဲတြင္ အခင္းျဖစ္ေနရာအား ေရာက္ရိွ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပါဆံက်(လားဟူ)ရြာတြင္ ေနအိမ္တစ္လံုးအေရွ႕လမ္းၾကားတြင္ ဦးက်လားဆိုသူအား ၎၏ ဝဲဘက္ေဘးနား ကပ္လွ်က္တြင္ အရွည္ (၅)ေပခန္႔ရိွသည့္ တူမီးေသနတ္ႏွင့္အတူ ဦးေခါင္းပြင့္ထြက္ေသဆံုးေနသည္ကို ေတြ႔ရေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာအား စစ္ေဆးၿပီးေနာက္ အေလာင္းအား က်ိဳင္းတံုၿမိဳ႕မ ေဆးရံုႀကီးသို႔ ပို႔ေဆာင္ကာ ေသဆံုးျခင္း အေၾကာင္းရင္းအား စစ္ေဆးထားေၾကာင္း သိရသည္။

ေသဆံုးသူမွာ ျပည္သူ႔စစ္အရံတပ္ဖြဲ႔ဝင္ တစ္ဦးျဖစ္သည္ဟု သိရေၾကာင္း အေလာင္းအား ေဆးရံုသို႔ ပို႔ေဆာင္ေပးသည့္ က်ိဳင္းတံုၿမိဳ႕မွ လူမႈေရးအသင္းအဖြဲ႕ျဖစ္သည့္ ႏွလံုးလွပိုင္ရွင္မ်ားအသင္းထံမွ သိရသည္။

အဆိုပါ ေသဆံုးမႈအား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၁၄/၂၀၁၈)ျဖင့္ အမႈေရးဖြင့္ ေဆာင္ရြက္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း
ဓါတ္ပံု - က်ဳိင္းတံုရဲစခန္း




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းလပ်အုပ်စု၊ ပါဆံကျ(လားဟူ)ရွာတွင် အမျိုးသားတစ်ဦး ပါးစပ်ထဲ တူမီးသေနတ်ထည့်ပစ်၍ သေဆုံးကြောင်း သတင်းအရ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား သွားရောက် စစ်ဆေးပြီး အလောင်းအား ကျိုင်းတုံဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးထားကြောင်း သိရသည်။

ပါဆံကျ(လားဟူ)ရွာတွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို တူမီးသေနတ်ဖြင့် ပါးစပ်ထဲထည့်ပြီး ပစ်၍ သေဆုံးနေကြောင်း မိုင်းလင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းရီနွန်းက မတ်လ (၇)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်တွင် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားသဖြင့် ကျိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်မြင့်ထွန်း၊ တာဝန်မှူး ဒုရဲအုပ် မင်းမင်းထွန်း၊ နယ်ထိန်း တပ်ကြပ် စိုင်းအောင်ထူး၊ တပ်ကြပ်သန်းဦးတို့က သက်သေများနှင့် အတူ ညနေ (၄)နာရီခွဲတွင် အခင်းဖြစ်နေရာအား ရောက်ရှိ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပါဆံကျ(လားဟူ)ရွာတွင် နေအိမ်တစ်လုံးအရှေ့လမ်းကြားတွင် ဦးကျလားဆိုသူအား၎င်း၏ ဝဲဘက်ဘေးနား ကပ်လျှက်တွင် အရှည် (၅)ပေခန့်ရှိသည့် တူမီးသေနတ်နှင့်အတူ ဦးခေါင်းပွင့်ထွက်သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

အခင်းဖြစ်နေရာအား စစ်ဆေးပြီးနောက် အလောင်းအား ကျိုင်းတုံမြို့မ ဆေးရုံကြီးသို့ ပို့ဆောင်ကာ သေဆုံးခြင်း အကြောင်းရင်းအား စစ်ဆေးထားကြောင်း သိရသည်။

သေဆုံးသူမှာ ပြည်သူ့စစ်အရံတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သည်ဟု သိရကြောင်း အလောင်းအား ဆေးရုံသို့ ပို့ဆောင်ပေးသည့် ကျိုင်းတုံမြို့မှ လူမှုရေးအသင်းအဖွဲ့ဖြစ်သည့် နှလုံးလှပိုင်ရှင်များအသင်းထံမှ သိရသည်။

အဆိုပါ သေဆုံးမှုအား ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁၄/၂၀၁၈)ဖြင့် အမှုရေးဖွင့် ဆောင်ရွက်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း
ဓာတ်ပုံ - ကျိုင်းတုံရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~