ဇနီးႏွင့္ ငါးႏွစ္အရြယ္ သမီးျဖစ္သူကို သတ္ၿပီး ထြက္ေျပးေနသူအား ေတာထဲမွ ဖမ္းဆီးရမိ

ဇနီးႏွင့္ ငါးႏွစ္အရြယ္ သမီးျဖစ္သူကို သတ္ၿပီး ထြက္ေျပးေနသူအား ေတာထဲမွ ဖမ္းဆီးရမိ
မတ် 29, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ မိုင္းေနာ့/ဖာတေက်းရြာအုပ္စု၊ ပန္ေမာက္ရြာမွ ေနအိမ္တစ္လံုးတြင္ ဇနီးႏွင့္ အသက္ငါးႏွစ္အရြယ္ သမီးျဖစ္သူတို႔အား သတ္၍ေနအိမ္ေသာ့ပိတ္ထားခဲ့ကာ ထြက္ေျပးေနသူကို က်ိဳင္းတံုၿမိဳ႕မရဲစခန္းက မတ္လ (၂၉)ရက္ေန႔တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဇနီးျဖစ္သူ ေယထႏွင့္ သမီးျဖစ္သူ ေယမိန္းတို႔ကို သတ္ၿပီးထြက္ေျပးေနသည့္ အားဖာ(ခ)အားရိႈ႕အား ရဲတပ္ဖြဲ႕က က်ိဳင္းတံုၿမိဳ႕ လြယ္ေမြအုပ္စု၊ ဟိုလတ္(၁)ရြာ ေတာထဲတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပန္ေမာက္ရြာမွ မေယထ၏ေနအိမ္မွာ သံုးရက္ခန္႔ ေသာ့ပိတ္ထားသည္ကို ေတြ႔ရၿပီး ၾကမ္းျပင္မွ ေသြးမ်ားက်ေနသည္ကို တစ္ရြာတည္းေနသူက သတိထားမိသျဖင့္ မေယထ၏ ဖခင္ရိွရာ မိုင္းဇင္းအုပ္စု ဂ်ိဴးျဖဴရြာသို႔ ေက်းရြာသားတစ္ဦးက မတ္လ (၂၈)ရက္ေန႔တြင္ သြားေရာက္အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူ မေယထ၏ ဖခင္ျဖစ္သူက သားျဖစ္သူအားေခၚေဆာင္ၿပီး ပန္ေမာက္ရြာမွ သမီးျဖစ္သူ၏ ေနအိိမ္သို႔ သြားေရာက္ကာ ရြာသားမ်ားႏွင့္အတူ ေသာ့ဖ်က္ဝင္ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေနအိမ္တြင္ သမီးျဖစ္သူႏွင့္ ေျမးျဖစ္သူတို႔မွာ ေနအိမ္ဧည့္ခန္းတြင္ ဓါးဒဏ္ရာမ်ားျဖင့္ ေသဆံုးေနၿပီး ေစာင္မ်ားအုပ္ထားသည္ကို ေတြ႔ရသျဖင့္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းသို႔ မတ္လ (၂၉)ရက္ေန႔တြင္ တုိင္ၾကားခဲ့ကာ အေလာင္းမ်ားအား ႏွလံုးလွပိုင္ရွင္မ်ား နာေရးကူညီမႈအသင္းက ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

မေယထသည္ မတ္လ (၂၆)ရက္ေန႔က သမီးျဖစ္သူ၊ ခင္ပြန္းျဖစ္သူ အားဖာ(ခ)အားရိႈ႕တုိ႔ႏွင့္အတူ လယ္ယာလုပ္ငန္းသြားေရာက္ လုပ္ကိုင္ၿပီး ညေနပိုင္းတြင္ ေနအိမ္ျပန္လာကာ ခ်က္ျပဳတ္စားေသာက္ၿပီးေနာက္ စကားမ်ားရန္ျဖစ္ ထုရိုက္သံမ်ား ၾကားခဲ့ရသည္ဟု အိမ္နီးခ်င္းမ်ားထံမွ သိရသည္။

ဖမ္းဆီးရမိသည့္ အားဖာ(ခ)အားရိႈ႕၏ ထြက္ဆိုခ်က္အရ ၎မွာ စိတ္မထိန္းနိုင္ဘဲ ဇနီးႏွင့္ သမီးတို႔အား ဓါးျဖင့္ ခုတ္သတ္ခဲ့သည္ဟု ထြက္ဆိုေၾကာင္း သိရသည္။

အဆိုပါအမႈအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ) ၉၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ႏွလံုးလွပိုင္ရွင္မ်ားအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
ဇနီးနှင့် ငါးနှစ်အရွယ် သမီးဖြစ်သူကို သတ်ပြီး ထွက်ပြေးနေသူအား တောထဲမှ ဖမ်းဆီးရမိ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ မိုင်းနော့/ဖာတကျေးရွာအုပ်စု၊ ပန်မောက်ရွာမှ နေအိမ်တစ်လုံးတွင် ဇနီးနှင့် အသက်ငါးနှစ်အရွယ် သမီးဖြစ်သူတို့အား သတ်၍နေအိမ်သော့ပိတ်ထားခဲ့ကာ ထွက်ပြေးနေသူကို ကျိုင်းတုံမြို့မရဲစခန်းက မတ်လ (၂၉)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ဇနီးဖြစ်သူ ယေထနှင့် သမီးဖြစ်သူ ယေမိန်းတို့ကို သတ်ပြီးထွက်ပြေးနေသည့် အားဖာ(ခ)အားရှို့အား ရဲတပ်ဖွဲ့က ကျိုင်းတုံမြို့ လွယ်မွေအုပ်စု၊ ဟိုလတ်(၁)ရွာ တောထဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပန်မောက်ရွာမှ မယေထ၏နေအိမ်မှာ သုံးရက်ခန့် သော့ပိတ်ထားသည်ကို တွေ့ရပြီး ကြမ်းပြင်မှ သွေးများကျနေသည်ကို တစ်ရွာတည်းနေသူက သတိထားမိသဖြင့် မယေထ၏ ဖခင်ရှိရာ မိုင်းဇင်းအုပ်စု ဂျိူးဖြူရွာသို့ ကျေးရွာသားတစ်ဦးက မတ်လ (၂၈)ရက်နေ့တွင် သွားရောက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ မယေထ၏ ဖခင်ဖြစ်သူက သားဖြစ်သူအားခေါ်ဆောင်ပြီး ပန်မောက်ရွာမှ သမီးဖြစ်သူ၏ နေအိိမ်သို့ သွားရောက်ကာ ရွာသားများနှင့်အတူ သော့ဖျက်ဝင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်တွင် သမီးဖြစ်သူနှင့် မြေးဖြစ်သူတို့မှာ နေအိမ်ဧည့်ခန်းတွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေပြီး စောင်များအုပ်ထားသည်ကို တွေ့ရသဖြင့် ကျိုင်းတုံမြို့မရဲစခန်းသို့ မတ်လ (၂၉)ရက်နေ့တွင် တိုင်ကြားခဲ့ကာ အလောင်းများအား နှလုံးလှပိုင်ရှင်များ နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မယေထသည် မတ်လ (၂၆)ရက်နေ့က သမီးဖြစ်သူ၊ ခင်ပွန်းဖြစ်သူ အားဖာ(ခ)အားရှို့တို့နှင့်အတူ လယ်ယာလုပ်ငန်းသွားရောက် လုပ်ကိုင်ပြီး ညနေပိုင်းတွင် နေအိမ်ပြန်လာကာ ချက်ပြုတ်စားသောက်ပြီးနောက် စကားများရန်ဖြစ် ထုရိုက်သံများ ကြားခဲ့ရသည်ဟု အိမ်နီးချင်းများထံမှ သိရသည်။

ဖမ်းဆီးရမိသည့် အားဖာ(ခ)အားရှို့၏ ထွက်ဆိုချက်အရ ၎င်းမှာ စိတ်မထိန်းနိုင်ဘဲ ဇနီးနှင့် သမီးတို့အား ဓါးဖြင့် ခုတ်သတ်ခဲ့သည်ဟု ထွက်ဆိုကြောင်း သိရသည်။

အဆိုပါအမှုအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၉၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #နှလုံးလှပိုင်ရှင်များအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~