က်ိဳင္းတုံၿမိဳ႕နယ္၌ တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏုိင္ငံသားႏွစ္ဦးႏွင့္ ေခၚေဆာင္လာသူႏွစ္ဦးအား ဖမ္းဆီးရမိ

က်ိဳင္းတုံၿမိဳ႕နယ္၌ တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏုိင္ငံသားႏွစ္ဦးႏွင့္ ေခၚေဆာင္လာသူႏွစ္ဦးအား ဖမ္းဆီးရမိ
မတ် 3, 2018
By 🌸
က်ိဳင္းတုံၿမိဳ႕နယ္၊ ပါယုတ္ေက်းရြာမွ အမ်ိဳးသမီးတစ္ဦးႏွင့္ လက္ထပ္ရန္ေရာက္ရိွေနသည့္ တရုတ္ႏုိင္ငံသား အပါအဝင္ တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏုိင္ငံသားႏွစ္ဦးအား မတ္လ (၁)ရက္ေန႔တြင္ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(၁၈) က်ိဳင္းတုံမွ ရဲတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးရမိေၾကာင္း သိရသည္။

ပါယုတ္ေက်းရြာတြင္ တရုတ္ႏုိင္ငံသားနွစ္ဦး ေရာက္ရိွေနေၾကာင္းသတင္းအရ ၂၀၁၈ ခုႏွစ္ မတ္လ (၁)ရက္ေန႔ ညေန (၄)နာရီဝန္းက်င္တြင္ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(၁၈) က်ိဳင္းတုံမွ ရဲတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ရွာေဖြရာ အဆိုပါရြာမွ မနာတဲ၏ေနအိမ္၌ မနာတဲႏွင့္အတူ တ႐ုတ္နိုင္ငံသားႏွစ္ဦး၊ ေစာလမြန္ဆိုသူတို႔အား ေတြ႔ရသျခင္းျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနက အဆိုပါေလးဦးအား စစ္ေဆးရာ မနာတဲသည္ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလအတြင္းက က်ိဳင္းတုံၿမိဳ႕နယ္ ပါယုတ္ေက်းရြာမွ က်ိဳင္းတုံ-မိုင္းခတ္-မိုင္းဖ်န္လမ္းအတိုင္း တ႐ုတ္နိုင္ငံ က်ဴးေကာ္ၿမိဳ႕ ဟူနန္းေက်းရြာသို႔ တရားမဝင္သြားေရာက္ အလုပ္လုပ္ခဲ့ၿပီး တရုတ္ႏုိင္ငံသား Kya Lar ႏွင့္ လက္ထပ္ေပါင္းသင္းရန္အတြက္ ေစာလမြန္ႏွင့္အတူ တ႐ုတ္ႏိုင္ငံသား Kya Lar ပါႏွစ္ဦးအား မနာတဲ၏ မိဘမ်ားရွိသည့္ ပါယုတ္ေက်းရြာသို႔ ဆိုင္ကယ္ျဖင့္ ေခၚေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုခဲ့သည္ဟု သိရသည္။

တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏိုင္ငံသားႏွစ္ဦးႏွင့္ ၎တို႔အား ေခၚေဆာင္လာသည့္ ျမန္မာႏုိင္ငံသား ႏွစ္ဦးတို႔အား က်ိဳင္းတုံၿမိဳ႕မရဲစခန္းတြင္ (ပ)၅၆/၂၀၁၈ လဝကအက္ ၁၃(၁)/၁၃(၅)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားနှစ်ဦးနှင့် ခေါ်ဆောင်လာသူနှစ်ဦးအား ဖမ်းဆီးရမိ
**************
ကျိုင်းတုံမြို့နယ်၊ ပါယုတ်ကျေးရွာမှ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ရန်ရောက်ရှိနေသည့် တရုတ်နိုင်ငံသား အပါအဝင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားနှစ်ဦးအား မတ်လ (၁)ရက်နေ့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၈) ကျိုင်းတုံမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိကြောင်း သိရသည်။

ပါယုတ်ကျေးရွာတွင် တရုတ်နိုင်ငံသားနှစ်ဦး ရောက်ရှိနေကြောင်းသတင်းအရ ၂၀၁၈ ခုနှစ် မတ်လ (၁)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၈) ကျိုင်းတုံမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ အဆိုပါရွာမှ မနာတဲ၏နေအိမ်၌ မနာတဲနှင့်အတူ တရုတ်နိုင်ငံသားနှစ်ဦး၊ စောလမွန်ဆိုသူတို့အား တွေ့ရသခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက အဆိုပါလေးဦးအား စစ်ဆေးရာ မနာတဲသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ကျိုင်းတုံမြို့နယ် ပါယုတ်ကျေးရွာမှ ကျိုင်းတုံ-မိုင်းခတ်-မိုင်းဖျန်လမ်းအတိုင်း တရုတ်နိုင်ငံ ကျူးကော်မြို့ ဟူနန်းကျေးရွာသို့ တရားမဝင်သွားရောက် အလုပ်လုပ်ခဲ့ပြီး တရုတ်နိုင်ငံသား Kya Lar နှင့် လက်ထပ်ပေါင်းသင်းရန်အတွက် စောလမွန်နှင့်အတူ တရုတ်နိုင်ငံသား Kya Lar ပါနှစ်ဦးအား မနာတဲ၏ မိဘများရှိသည့် ပါယုတ်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားနှစ်ဦးနှင့် ၎င်းတို့အား ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသား နှစ်ဦးတို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၅၆/၂၀၁၈ လဝကအက် ၁၃(၁)/၁၃(၅)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~