႐ွားေတာၿမိဳ႕ ပညာေရးဝန္ထမ္းအိမ္ယာ ေဆာက္လုပ္ေနသည့္ေနရာမွာ ေကထ်ိဳးဘိုးဘာသာေရးအဖြဲ႔ပိုင္ ေျမမဟုတ္

႐ွားေတာၿမိဳ႕ ပညာေရးဝန္ထမ္းအိမ္ယာ ေဆာက္လုပ္ေနသည့္ေနရာမွာ ေကထ်ိဳးဘိုးဘာသာေရးအဖြဲ႔ပိုင္ ေျမမဟုတ္
မတ် 1, 2018
By Tachileik News Agency

ကယားျပည္နယ္ ရွားေတာၿမိဳ႕နယ္ ႐ွားေတာၿမိဳ႕တြင္ ပညာေရးဝန္ထမ္းအိမ္ယာ ေဆာက္လုပ္ေနေသာ ေနရာမွာ ေကထ်ိဳးဘိုးဘာသာေရးအဖြဲ႕က ကန္႔ကြက္ေနသည့္ အတိုင္း ၎တို႔ ဘာသာေရးအဖြဲ႕ပိုင္ ေျမေနရာ မဟုတ္ဘဲ ေဘာလံုးကြင္းေျမေနရာတြင္သာ ေဆာက္လုပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

"သူတို႔ ကန္႔ကြက္တာ သူတို႔မွားတယ္။ သူတို႔မသိဘဲ ကန္႔ကြက္တယ္။ အမွန္က သူတို႔သိရင္ ေကထ်ိဳးဘိုးနယ္ေျမနဲ႔ ဘာမွမဆုိင္ဘူး။ ၂၀၁၃ ကတည္းက လႊတ္ေတာ္ရဲ႕ သေဘာတူညီခ်က္နဲ႔ ေဘာလုံးကြင္း ႐ွာပါဆိုၿပီးမွ အဲဒီေနရာမွာ (၆) ဧကကို ႐ွာထားတယ္။ ၿပီးေတာ့ ၂၀၁၆ ကြၽန္ေတာ္တို႔ တာဝန္ မယူခင္ေလးမွာ ေဘာလုံးကြင္း ေျမေပးမိန္႔ေပးတယ္။ ေဘာလုံးကြင္း ေျမေနရာထဲမွာပဲ ေဆာက္တယ္ခင္ဗ်။ ေကထ်ိဳးဘိုးေျမေနရာမွာ မေဆာက္ဘူး။ ေကထိ်ဳးဘိုးေျမေနရာက သုံးဧကခြဲ ႐ွိတယ္။ သူ႔ဟာသူ ႐ွိေနတယ္။ ဒါေပမဲ့ နီးေတာ့နီးတာေပါ့။ အခုကန္႔ကြက္တဲ့ ကေလးေတြ လူငယ္ေတြက ေသခ်ာစာ မဖက္မိဘဲ ေကထ်ိဳးဘိုးေျမေနရာဆိုၿပီး ကန္႔ကြက္တယ္။ စာထဲမွာ ေသခ်ာစစ္လိုက္ရင္ ေကထိ်ဳးဘိုး ေျမလုံးဝ မဟုတ္ပါဘူး ။ အစိုးရစီမံခန္႔ခြဲခြင့္႐ွိတဲ့ ေဘာလုံးကြင္းေျမေနရာမွာ လုပ္တာပါ ။ ေဒသခံေတြကုိ နစ္နာေစမယ့္အလုပ္ ကြၽန္ေတာ္တို႔ မလုပ္ခိုင္းပါဘူးေပါ့။ ေျဖ႐ွင္းေပးမွာပါ"ဟု ကယားျပည္နယ္ သဘာဝသယံဇာတႏွင့္ သတၱဳတြင္းဝန္ႀကီး ဦးတီရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

႐ွားေတာၿမိဳ႕႐ွိ အမ်ားျပည္သူပိုင္ ေကထ်ိဳးဘိုးေျမေနရာတြင္ အစိုးရဌာနဆိုင္ရာ ဝန္ထမ္းအိမ္ယာမ်ား ေဆာက္လုပ္ေနျခင္းအား ေဒသခံျပည္သူမ်ား၊ ေဖစိုးေလးလူငယ္ ၊ၿမိဳ႕နယ္ေကထ်ိဳးဘိုး ေဂါပကအဖြဲ႔ခ်ဳပ္ တို႔အား ႀကိဳတင္ညိႇႏိႈင္းေဆာင္ရြက္ျခင္း မ႐ွိဘဲ ေကထ်ိဳးဘိုးမိသားစုမ်ား၏ သာသနာေျမ ၊ ႐ုိးရာ ယဥ္ေက်းမႈအား ထိန္းသိမ္းထားေသာေနရာ၊ ပြဲလမ္းသဘင္မ်ား ႏွစ္စဥ္က်င္းပေသာ ေျမေနမ်ား ျဖစ္ေသာေၾကာင့္ ကန္႔ကြက္ေၾကာင္း ေဖစိုးေလးလူငယ္ႏွင့္ ၿမိဳ႕နယ္ေကထ်ိဳးဘိုး ေကာ္မတီက ကန္႔ကြက္စာတင္ျပထားျခင္းျဖစ္သည္။

ယခင္အစိုးရ လက္ထက္က အဆိုပါ ေျမေနရာအား အားကစားႏွင့္ကာယပညာဦးစီးဌာနပိုင္ေျမအျဖစ္ ေကထိ်ဳးဘိုး ေဂါပကမွ သေဘာတူၿပီး KNPP အပါအဝင္ သက္ဆိုင္ရာအဖြဲ႕မ်ားျဖင့္ တိုင္းတာ စစ္ေဆးအတည္ျပဳေပးခဲ့ျခင္းျဖစ္ၿပီး ယခုအခါ ဝန္ထမ္းအိမ္ယာတည္ေဆာက္မႈမွာ ေကထ်ိဳးဘိုးေျမထဲ က်ဴးေက်ာ္ေနသည္ဟုဆိုကာ ကန္႔ကြက္ထားသျဖင့္ လုပ္ငန္းေဆာင္ရြက္ေနမႈအား ခတၱရပ္နားထားေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း





~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ရှားတောမြို့နယ် ရှားတောမြို့တွင် ပညာရေးဝန်ထမ်းအိမ်ယာ ဆောက်လုပ်နေသော နေရာမှာ ကေထျိုးဘိုးဘာသာရေးအဖွဲ့က ကန့်ကွက်နေသည့် အတိုင်း၎င်းတို့ ဘာသာရေးအဖွဲ့ပိုင် မြေနေရာ မဟုတ်ဘဲ ဘောလုံးကွင်းမြေနေရာတွင်သာ ဆောက်လုပ်နခြေင်းဖြစ်ကြောင်း သိရသည်။

"သူတို့ ကန့်ကွက်တာ သူတို့မှားတယ်။ သူတို့မသိဘဲ ကန့်ကွက်တယ်။ အမှန်က သူတို့သိရင် ကေထျိုးဘိုးနယ်မြေနဲ့ ဘာမှမဆိုင်ဘူး။ ၂၀၁၃ ကတည်းက လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ဘောလုံးကွင်း ရှာပါဆိုပြီးမှ အဲဒီနေရာမှာ (၆) ဧကကို ရှာထားတယ်။ ပြီးတော့ ၂၀၁၆ ကျွန်တော်တို့ တာဝန် မယူခင်လေးမှာ ဘောလုံးကွင်း မြေပေးမိန့်ပေးတယ်။ ဘောလုံးကွင်း မြေနေရာထဲမှာပဲ ဆောက်တယ်ခင်ဗျ။ ကေထျိုးဘိုးမြေနေရာမှာ မဆောက်ဘူး။ ကေထျိုးဘိုးမြေနေရာက သုံးဧကခွဲ ရှိတယ်။ သူ့ဟာသူ ရှိနေတယ်။ ဒါပေမဲ့ နီးတော့နီးတာပေါ့။ အခုကန့်ကွက်တဲ့ ကလေးတွေ လူငယ်တွေက သေချာစာ မဖက်မိဘဲ ကေထျိုးဘိုးမြေနေရာဆိုပြီး ကန့်ကွက်တယ်။ စာထဲမှာ သေချာစစ်လိုက်ရင် ကေထျိုးဘိုး မြေလုံးဝ မဟုတ်ပါဘူး။ အစိုးရစီမံခန့်ခွဲခွင့်ရှိတဲ့ ဘောလုံးကွင်းမြေနေရာမှာ လုပ်တာပါ။ ဒေသခံတွေကို နစ်နာစေမယ့်အလုပ် ကျွန်တော်တို့ မလုပ်ခိုင်းပါဘူးပေါ့။ ဖြေရှင်းပေးမှာပါ"ဟု ကယားပြည်နယ် သဘာဝသယံဇာတနှင့် သတ္တုတွင်းဝန်ကြီး ဦးတီရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှားတောမြို့ရှိ အများပြည်သူပိုင် ကေထျိုးဘိုးမြေနေရာတွင် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်နခြေင်းအား ဒေသခံပြည်သူများ၊ ဖေစိုးလေးလူငယ်၊မြို့နယ်ကေထျိုးဘိုး ဂေါပကအဖွဲ့ချုပ် တို့အား ကြိုတင်ညှိနှိုင်းဆောင်ရွက်ခြင်း မရှိဘဲ ကေထျိုးဘိုးမိသားစုများ၏ သာသနာမြေ၊ ရိုးရာ ယဉ်ကျေးမှုအား ထိန်းသိမ်းထားသောနေရာ၊ ပွဲလမ်းသဘင်များ နှစ်စဉ်ကျင်းပသော မြေနေများ ဖြစ်သောကြောင့် ကန့်ကွက်ကြောင်း ဖေစိုးလေးလူငယ်နှင့် မြို့နယ်ကေထျိုးဘိုး ကော်မတီက ကန့်ကွက်စာတင်ပြထားခြင်းဖြစ်သည်။

ယခင်အစိုးရ လက်ထက်က အဆိုပါ မြေနေရာအား အားကစားနှင့်ကာယပညာဦးစီးဌာနပိုင်မြေအဖြစ် ကေထျိုးဘိုး ဂေါပကမှ သဘောတူပြီး KNPP အပါအဝင် သက်ဆိုင်ရာအဖွဲ့များဖြင့် တိုင်းတာ စစ်ဆေးအတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဝန်ထမ်းအိမ်ယာတည်ဆောက်မှုမှာ ကေထျိုးဘိုးမြေထဲ ကျူးကျော်နေသည်ဟုဆိုကာ ကန့်ကွက်ထားသဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအား ခတ္တရပ်နားထားကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~