ေမာ္ေတာ္ယာဥ္လုိင္းမ်ား သႀကၤန္ကာလအတြင္း ယာဥ္စီးနင္းခ ပိုေတာင္းပါက အေရးယူမည္

ေမာ္ေတာ္ယာဥ္လုိင္းမ်ား သႀကၤန္ကာလအတြင္း ယာဥ္စီးနင္းခ ပိုေတာင္းပါက အေရးယူမည္
မတ် 29, 2018
By Tachileik News Agency

သႀကၤန္ကာလအတြင္း ကားခေစ်းႏႈန္းပိုေတာင္းျခင္း အပါအဝင္ ခရီးသြားျပည္သူမ်ား အဆင္ေျပ ေခ်ာေမြ႕စြာ သြားလာႏိုင္ေရး အတြက္ ပုံမွန္ဝန္ေဆာင္မႈမ်ားႏွင့္ သတ္မွတ္ထားေသာ စည္းမ်ဥ္း စည္းကမ္းမ်ား မလုိက္နာသည့္ ကယားျပည္နယ္တြင္းမွ ယာဥ္လိုင္းမ်ားကို စားသုံးသူေရးရာဦးစီးဌာနက အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

" ကယားတစ္ခုတည္း မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ႏိုင္ငံတစ္ဝန္းလုံးေပါ့။ သႀကၤန္ကာလအတြင္းမွာ ယာဥ္လိုင္းေတြ ဝန္ေဆာင္မႈ မေပးႏိုင္တာ၊ လက္မွတ္ေတြ သတ္မွတ္ေစ်းႏႈန္းထက္ ပိုေပးရတာ၊ ပုံမွန္ေပးရမယ့္ ဝန္ေဆာင္မႈေတြမေပးတာမ်ိဳးေတြ ဒီလိုဥပေဒ ခ်ိဳးေဖာက္တဲ့ယာဥ္လိုင္းေတြကို ကြၽန္ေတာ္တို႔ အေရးယူသြားမွာပါ။ ခရီးသြား ျပည္သူေတြကလည္း မေၾကာက္ပါနဲ႔။ ဒီလိုေတြ႐ွိလာရင္ ကြၽန္ေတာ္တို႔ဆီတိုင္ၾကားေပးပါ။ ခရီးသြားျပည္သူေတြ အခြင့္ေရးအျပည့္ဝရ႐ွိဖို႔ ကြၽန္ေတာ္တို႔ ေသခ်ာ စစ္ေဆးလုပ္ေဆာင္ေပးမွာပါ " ဟု ျပည္နယ္စားသုံးသူေရး ရာဦးစီးဌာန၊ ျပည္နယ္ဦးစီးမွဴး ဦးခမ္လ်န္စြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကယားျပည္နယ္တြင္း႐ွိ ယာဥ္လိုင္းမ်ားအေနျဖင့္ ခရီးသြားျပည္သူမ်ားအား ယာဥ္စီးနင္းခ သတ္မွတ္ ႏႈန္းထက္ ပိုမိုေတာင္းခံျခင္း၊ မူလဝယ္ယူထားေသာ ခုံအမွတ္ႏွင့္ ယာဥ္စီးနင္းရာတြင္ လြဲမွား ေနျခင္း၊ ခရီးသည္အား သတ္မွတ္ေနရာသို႔ ေရာက္႐ွိေအာင္ ပို႔ေဆာင္မႈမ႐ွိျခင္း၊ ခရီးစဥ္မ်ားအား အခ်ိန္ႏွင့္ တစ္ေျပးညီ ထြက္ခြာမႈမ႐ွိျခင္း၊ လက္မွတ္ဝယ္ယူရာတြင္လည္း ေၾကာ္ျငာထားေသာေန႔ရက္တြင္ အမွန္တကယ္ဝယ္ယူရ႐ွိမႈမ႐ွိျခင္း စသည့္ ဥပေဒခ်ိဳးေဖာက္မႈမ်ား႐ွိပါက ကယားျပည္နယ္ စားသုံးသူေရးရာ ဦးစီးဌာနသို႔ အခ်ိန္ႏွင့္တေျပးညီ ဆက္သြယ္တုိင္ၾကားႏုိင္ေၾကာင္း သိရသည္။

ယာဥ္လိုင္းမ်ား အေနျဖင့္ စည္းကမ္းခ်ိဳးေဖါက္မႈမ်ားရိွပါက သႀကၤန္ကာလသာမက အျခားအခ်ိန္မ်ားတြင္လည္း ကယားျပည္နယ္ စားသုံးသူေရးရာဦးစီးဌာနသို႔ တိုင္ၾကားႏုိင္ေၾကာင္း သိရသည္။

တုိင္ၾကားႏုိင္သည့္ ဖုန္းနံပါတ္မ်ားမွာ ၀၈၃-၂၂၂၁၀၀၅၊ ၀၈၃-၂၂၂၁၄၉၇ ႏွင့္ ၀၉၄၃၀၈၂၇၁၄ တို႔ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

သင်္ကြန်ကာလအတွင်း ကားခဈေးနှုန်းပိုတောင်းခြင်း အပါအဝင် ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေး အတွက် ပုံမှန်ဝန်ဆောင်မှုများနှင့် သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ မလိုက်နာသည့် ကယားပြည်နယ်တွင်းမှ ယာဉ်လိုင်းများကို စားသုံးသူရေးရာဦးစီးဌာနက အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

" ကယားတစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံတစ်ဝန်းလုံးပေါ့။ သင်္ကြန်ကာလအတွင်းမှာ ယာဉ်လိုင်းတွေ ဝန်ဆောင်မှု မပေးနိုင်တာ၊ လက်မှတ်တွေ သတ်မှတ်ဈေးနှုန်းထက် ပိုပေးရတာ၊ ပုံမှန်ပေးရမယ့် ဝန်ဆောင်မှုတွေမပေးတာမျိုးတွေ ဒီလိုဥပဒေ ချိုးဖောက်တဲ့ယာဉ်လိုင်းတွေကို ကျွန်တော်တို့ အရေးယူသွားမှာပါ။ ခရီးသွား ပြည်သူတွေကလည်း မကြောက်ပါနဲ့။ ဒီလိုတွေရှိလာရင် ကျွန်တော်တို့ဆီတိုင်ကြားပေးပါ။ ခရီးသွားပြည်သူတွေ အခွင့်ရေးအပြည့်ဝရရှိဖို့ ကျွန်တော်တို့ သေချာ စစ်ဆေးလုပ်ဆောင်ပေးမှာပါ " ဟု ပြည်နယ်စားသုံးသူရေး ရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကယားပြည်နယ်တွင်းရှိ ယာဉ်လိုင်းများအနဖြေင့် ခရီးသွားပြည်သူများအား ယာဉ်စီးနင်းခ သတ်မှတ် နှုန်းထက် ပိုမိုတောင်းခံခြင်း၊ မူလဝယ်ယူထားသော ခုံအမှတ်နှင့် ယာဉ်စီးနင်းရာတွင် လွဲမှား နခြေင်း၊ ခရီးသည်အား သတ်မှတ်နေရာသို့ ရောက်ရှိအောင် ပို့ဆောင်မှုမရှိခြင်း၊ ခရီးစဉ်များအား အချိန်နှင့် တစ်ပြေးညီ ထွက်ခွာမှုမရှိခြင်း၊ လက်မှတ်ဝယ်ယူရာတွင်လည်း ကြော်ငြာထားသောနေ့ရက်တွင် အမှန်တကယ်ဝယ်ယူရရှိမှုမရှိခြင်း စသည့် ဥပဒေချိုးဖောက်မှုများရှိပါက ကယားပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနသို့ အချိန်နှင့်တပြေးညီ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

ယာဉ်လိုင်းများ အနဖြေင့် စည်းကမ်းချိုးဖောက်မှုများရှိပါက သင်္ကြန်ကာလသာမက အခြားအချိန်များတွင်လည်း ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များမှာ ဝ၈၃-၂၂၂၁၀၀၅၊ ဝ၈၃-၂၂၂၁၄၉၇ နှင့် ဝ၉၄၃၀၈၂၇၁၄ တို့ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~