ၿငိမ္းခ်မ္းေရးေဖၚေဆာင္မႈလုပ္ငန္းစဥ္တြင္ KNPP ဆက္လက္ပါဝင္ႏုိင္ေရး ေဆြးေႏြးမည္

ၿငိမ္းခ်မ္းေရးေဖၚေဆာင္မႈလုပ္ငန္းစဥ္တြင္ KNPP ဆက္လက္ပါဝင္ႏုိင္ေရး ေဆြးေႏြးမည္
မတ် 6, 2018
By 🌸
ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP)အေနျဖင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈလုပ္ငန္းစဥ္တြင္ ဆက္လက္ ပါဝင္နုိင္ေရးကိစၥမ်ားႏွင့္ UNFC ၏ အဆိုျပဳခ်က္ (၈) ခ်က္ထဲမွ ေၾကလည္မႈမရရွိေသးသည့္အခ်က္မ်ားကို ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း မတ္လ (၆)ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာသည္။

KNPP မွ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးအဖြဲ႔ႏွင့္ NRPC (အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန)မွ ၿငိမ္းခ်မ္းေရးေကာ္မရွင္ (PC) တို႔၏ အလြတ္သေဘာေဆြးေႏြးပြဲကို ၂၀၁၈ ခုနွစ္ မတ္လ (၇) ရက္ေန႔၊ နံနက္ (၁၀) နာရီအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕ ရွိ NRPC ရံုး၌ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အလြတ္သေဘာ ေဆြးေႏြးပြဲ၌ ျပည္နယ္အဆင့္နွင့္ ျပည္ေထာင္စုအဆင့္တုိ႔တြင္ နွစ္ဖက္အၾကား ခ်ဳပ္ဆိုခဲ့ေသာ သေဘာတူညီခ်က္မ်ားကို ဆက္လက္အေကာင္အထည္ေဖာ္နုိင္ရန္ ေဆြးေႏြးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလုပ်ငန်းစဉ်တွင် KNPP ဆက်လက်ပါဝင်နိုင်ရေး  ဆွေးနွေးမည်
*********
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွင် ဆက်လက် ပါဝင်နိုင်ရေးကိစ္စများနှင့် UNFC ၏ အဆိုပြုချက် (၈) ချက်ထဲမှ ကြေလည်မှုမရရှိသေးသည့်အချက်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း မတ်လ (၆)ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

KNPP မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန)မှ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့၏ အလွတ်သဘောဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် မတ်လ (၇) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ရန်ကုန်မြို့ ရှိ NRPC ရုံး၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလွတ်သဘော ဆွေးနွေးပွဲ၌ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် နှစ်ဖက်အကြား ချုပ်ဆိုခဲ့သော သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~