ကြတ္ခိုင္ၿမိဳ႕နယ္ ကြတ္ခိုင္ - ေကာင္းခါးလမ္းတြင္ စိတ္ၾကြရူးသြပ္ေဆးျပား ၁၈ သိန္းေက်ာ္သယ္လာသူႏွစ္ဦးအား ဖမ္းမိ

ကြတ္ခိုင္ၿမိဳ႕နယ္ ကြတ္ခိုင္ - ေကာင္းခါးလမ္းတြင္ စိတ္ၾကြရူးသြပ္ေဆးျပား ၁၈ သိန္းေက်ာ္သယ္လာသူႏွစ္ဦးအား ဖမ္းမိ
မတ် 9, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခုိင္ၿမိဳ႕နယ္ ခိုလုံေက်းရြာ ကြတ္ခိုင္-ေကာင္းခါးသြား ကားလမ္းတြင္ စိတ္ၾကြရူးသြပ္ေဆးျပား (၁၈)သိန္းေက်ာ္သယ္လာသူႏွစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၂)မူဆယ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ကြတ္ခိုင္ၿမိဳ႕နယ္၊ ခိုလုံေက်းရြာ၊ ယူကလစ္ေတာအနီး၊ ကြတ္ခိုင္-ေကာင္းခါးသြား ကားလမ္းတြင္ မတ္လ (၈) ရက္ေန႔ ညေန (၆)နာရီ (၄၅)မိနစ္က ေတြ႔ရသည့္ ေမာ္ေတာ္ယာဥ္တစ္စီးအား ရွာေဖြရာ ေမာ္ေတာ္ယာဥ္၏ေနာက္ခန္းရွိ ဆာလာအိတ္ (၁၁) အိတ္ အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၈၂၄၀၀၀) ျပားကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားသယ္ေဆာင္လာသည့္ အသက္(၃၀)အရြယ္ မ်ိဳးေဇာ္ထြန္း(ခ)မင္းသူႏွင့္ အသက္ (၂၉)ႏွစ္အရြယ္ ေနလင္းေအာင္(ခ)ရန္အားခ်န္တို႔အား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
ကွတ်ခိုင်မြို့နယ် ကွတ်ခိုင် - ကောင်းခါးလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်းကျော်သယ်လာသူနှစ်ဦးအား ဖမ်းမိ
***************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ခိုလုံကျေးရွာ ကွတ်ခိုင်-ကောင်းခါးသွား ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၈)သိန်းကျော်သယ်လာသူနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာ၊ ယူကလစ်တောအနီး၊ ကွတ်ခိုင်-ကောင်းခါးသွား ကားလမ်းတွင် မတ်လ (၈) ရက်နေ့ ညနေ (၆)နာရီ (၄၅)မိနစ်က တွေ့ရသည့် မော်တော်ယာဉ်တစ်စီးအား ရှာဖွေရာ မော်တော်ယာဉ်၏နောက်ခန်းရှိ ဆာလာအိတ် (၁၁) အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၈၂၄၀၀၀) ပြားကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများသယ်ဆောင်လာသည့် အသက်(၃၀)အရွယ် မျိုးဇော်ထွန်း(ခ)မင်းသူနှင့် အသက် (၂၉)နှစ်အရွယ် နေလင်းအောင်(ခ)ရန်အားချန်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~