ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထိုင္သူ ေလးဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထိုင္သူ ေလးဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
မတ် 12, 2018
By 🌸
ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံထားရသည့္ ျမန္မာႏိုင္ငံသား (၄)ဦးအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏိုင္ငံမွတာဝန္ရိွသူမ်ားက မတ္လ (၁၂)ရက္ေန႔တြင္ လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။

တာခ်ီလိတ္နယ္စပ္မွတစ္ဆင့္ ထုိင္းႏုိင္ငံမွ ျပန္လည္လႊဲေျပာင္းေပးသည့္ တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံ ျမန္မာႏုိင္ငံသားဦးေရမွာ ယခုလႊဲေျပာင္းေပးလာသူမ်ားအပါအဝင္၂၀၁၈ ခုႏွစ္အတြင္း စုစုေပါင္း (၁၁၂)ဦးရိွၿပီး အမ်ိဳးသား (၈၉)ဦးႏွင့္ အမ်ိဳးသမီး (၂၃)ဦးပါဝင္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံမွ ျပန္လည္လႊဲေျပာင္းေပးလာသည့္ ျမန္မာႏိုင္ငံသားမ်ားကို ျမန္မာႏုိင္ငံဖက္မွ ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီး ဌာန ၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရး ႏွင့္ျပည္သူ႕အင္အား ဆုိင္ရာဌာနတို႔က စိစစ္လက္ခံၿပီး ၎တို႔ ေနရပ္အသီးသီးသို႔ ျပန္ႏုိင္ေရး ကူညီေပးေနေၾကာင္း သိရသည္။

ယင္းကဲ့သို႔ လႊဲေျပာင္းလာသည့္ ျမန္မာႏုိင္ငံသားမ်ားမွာ မိမိတို႔ဆႏၵျဖင့္ ျပန္လာသူမ်ား မဟုတ္ၾကဘဲ ထုိင္းႏုိင္ငံတြင္ ေနထိုင္ခြင့္သက္တမ္း ေက်ာ္လြန္ေနထိုင္ျခင္း၊ အေထာက္အထားမရွိဘဲ ေနထုိင္ျခင္းစသည္တုိ႕ေၾကာင့္ ဖမ္းဆီးၿပီး ျပန္လႊဲေပးလာသူမ်ားျဖစ္သည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ၿမိဳ႕နယ္ေထြအုပ္

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သူ လေးဦးကို တာချီလိတ်သို့ လွှဲပြောင်း
************
ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၄)ဦးအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှတာဝန်ရှိသူများက မတ်လ (၁၂)ရက်နေ့တွင် လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။

တာချီလိတ်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးသည့် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံ မြန်မာနိုင်ငံသားဦးရေမှာ ယခုလွှဲပြောင်းပေးလာသူများအပါအဝင်၂၀၁၈ ခုနှစ်အတွင်း စုစုပေါင်း (၁၁၂)ဦးရှိပြီး အမျိုးသား (၈၉)ဦးနှင့် အမျိုးသမီး (၂၃)ဦးပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံဖက်မှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဆိုင်ရာဌာနတို့က စိစစ်လက်ခံပြီး ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်နိုင်ရေး ကူညီပေးနေကြောင်း သိရသည်။

ယင်းကဲ့သို့ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများမှာ မိမိတို့ဆန္ဒဖြင့် ပြန်လာသူများ မဟုတ်ကြဘဲ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေထိုင်ခြင်း၊ အထောက်အထားမရှိဘဲ နေထိုင်ခြင်းစသည်တို့ကြောင့် ဖမ်းဆီးပြီး ပြန်လွှဲပေးလာသူများဖြစ်သည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #မြို့နယ်ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~