သီေပါ - လားရိႈးလမ္းပိုင္းတြင္ ႏြားမ်ားတင္လာသည့္ ယာဥ္ေမာင္း ေသနတ္ျဖင့္ ပစ္သတ္ခံရ

သီေပါ - လားရိႈးလမ္းပိုင္းတြင္ ႏြားမ်ားတင္လာသည့္ ယာဥ္ေမာင္း ေသနတ္ျဖင့္ ပစ္သတ္ခံရ
မတ် 31, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီး သီေပါ - လားရိႈးလမ္းပိုင္းတြင္ မတ္လ (၃၁) ရက္ေန႔ ေန႔လယ္ပိုင္းက သီေပါဘက္မွ လားရိႈးဘက္သို႔ ေမာင္းႏွင္လာၿပီး ႏြားမ်ားတင္လာသည့္ ေမာ္ေတာ္ယာဥ္အား ေသနတ္ျဖင့္ ပစ္ခတ္၍ ယာဥ္ေမာင္း ေသဆံုးသြားေၾကာင္း သိရသည္။

“ေသနတ္ပစ္ခံရတာ ဟုတ္ပါတယ္။ ယာဥ္ေမာင္းတစ္ဦး ေသဆံုးတယ္။ အခု အဲဒီျဖစ္စဥ္ကို စစ္ေဆးစံုစမ္း ေနတုန္း ျဖစ္ပါတယ္။ အေသးစိတ္ေတာ့ မသိရေသးပါဘူး ” ဟု သီေပါၿမိဳ႕ မရဲစခန္းမွ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ကုန္းသာေက်းရြာအေက်ာ္ ဆီဆံုေက်းရြာ မိုင္တိုင္အမွတ္ (၁၄၁/၅) အနီးတြင္ ေန႔လည္ (၂)နာရီဝန္းက်င္၌ သီေပါဘက္မွ လားရိႈးဘက္သို႔ ႏြားမ်ားတင္ေဆာင္ ေမာင္းႏွင္လာသည့္ (၁၂) ဘီးယာဥ္တစ္စီးအား လားရာတူအရပ္မွ အမ်ိဳးသားႏွစ္ဦး စီးနင္းလာသည့္ ဆိုင္ကယ္တစ္စီးက ေက်ာ္တက္ရာမွ အဆိုပါ ဆိုင္ကယ္မွာ လမ္းေဘးတြင္ လဲက်သြားၿပီး ဆိုင္ကယ္စီးနင္းလာသူ တစ္ဦးက (၁၂) ဘီးယာဥ္မွ ယာဥ္ေမာင္းကို ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေန႔လည္ (၂) နာရီေလာက္မွာ ကၽြန္ေတာ္တို႔ကို အေၾကာင္းၾကားလာလို႔ ေသဆံုးသူ အေလာင္းကို သြားသယ္ေပးခဲ့ ပါတယ္။ သီေပါျပည္သူ႔ေဆးရံုႀကီး ရင္ခြဲရံုကိုပို႔ေဆာင္ေပးထားတယ္” ဟု နယ္စည္းမျခား ပရဟိတလူမႈကူညီေရး အသင္း (သီေပါ)မွ ကိုမ်ိဳးက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

အဆိုပါ (၁၂)ဘီးယာဥ္ေပၚတြင္ ယာဥ္ေမာင္း (၁)ဦးႏွင့္အတူ အမ်ိဳးသား (၂ )ဦးလည္း ပါဝင္လာၿပီး ယာဥ္ေမာင္းမွာ ေသနတ္ဒဏ္ရာေၾကာင့္ အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားခဲ့ကာ က်န္ (၂)ဦးမွာ ဒဏ္ရာမရရွိခဲ့ေၾကာင္း သိရွိရသည္။

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီး ဂုတ္တြင္းႏွင့္ ေက်ာက္မဲၿမိဳ႕အၾကားတြင္လည္း ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလႏွင့္ မတ္လ အတြင္း ႏြားမ်ားတင္ေဆာင္လာသည့္ ယာဥ္အုပ္စုမ်ားကို ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဒဏ္ရာရသူ (၃)ဦး ႏွင့္ ေသဆံုးသူ (၁)ဦးရွိခဲ့ၿပီး ျဖစ္စဥ္တိုင္းတြင္ မည္သည့္ လက္နက္ကိုင္အဖြဲ႔မွ ပစ္ခတ္သည္ မွန္း မသိရွိရေၾကာင္း သိရသည္။

သတင္း  - ေနၿဖိဳးျမင့္
ဓါတ္ပံု -  နယ္စည္းမျခား ပရဟိတလူမႈကူညီေရး အသင္း (သီေပါ)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး သီပေါ - လားရှိုးလမ်းပိုင်းတွင် မတ်လ (၃၁) ရက်နေ့ နေ့လယ်ပိုင်းက သီပေါဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာပြီး နွားများတင်လာသည့် မော်တော်ယာဉ်အား သေနတ်ဖြင့် ပစ်ခတ်၍ ယာဉ်မောင်း သေဆုံးသွားကြောင်း သိရသည်။

“သေနတ်ပစ်ခံရတာ ဟုတ်ပါတယ်။ ယာဉ်မောင်းတစ်ဦး သေဆုံးတယ်။ အခု အဲဒီဖြစ်စဉ်ကို စစ်ဆေးစုံစမ်း နေတုန်း ဖြစ်ပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး ” ဟု သီပေါမြို့ မရဲစခန်းမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ကုန်းသာကျေးရွာအကျော် ဆီဆုံကျေးရွာ မိုင်တိုင်အမှတ် (၁၄၁/၅) အနီးတွင် နေ့လည် (၂)နာရီဝန်းကျင်၌ သီပေါဘက်မှ လားရှိုးဘက်သို့ နွားများတင်ဆောင် မောင်းနှင်လာသည့် (၁၂) ဘီးယာဉ်တစ်စီးအား လားရာတူအရပ်မှ အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးက ကျော်တက်ရာမှ အဆိုပါ ဆိုင်ကယ်မှာ လမ်းဘေးတွင် လဲကျသွားပြီး ဆိုင်ကယ်စီးနင်းလာသူ တစ်ဦးက (၁၂) ဘီးယာဉ်မှ ယာဉ်မောင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နေ့လည် (၂) နာရီလောက်မှာ ကျွန်တော်တို့ကို အကြောင်းကြားလာလို့ သေဆုံးသူ အလောင်းကို သွားသယ်ပေးခဲ့ ပါတယ်။ သီပေါပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကိုပို့ဆောင်ပေးထားတယ်” ဟု နယ်စည်းမခြား ပရဟိတလူမှုကူညီရေး အသင်း (သီပေါ)မှ ကိုမျိုးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါ (၁၂)ဘီးယာဉ်ပေါ်တွင် ယာဉ်မောင်း (၁)ဦးနှင့်အတူ အမျိုးသား (၂ )ဦးလည်း ပါဝင်လာပြီး ယာဉ်မောင်းမှာ သေနတ်ဒဏ်ရာကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကာ ကျန် (၂)ဦးမှာ ဒဏ်ရာမရရှိခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းနှင့် ကျောက်မဲမြို့အကြားတွင်လည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လ အတွင်း နွားများတင်ဆောင်လာသည့် ယာဉ်အုပ်စုများကို သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသူ (၃)ဦး နှင့် သေဆုံးသူ (၁)ဦးရှိခဲ့ပြီး ဖြစ်စဉ်တိုင်းတွင် မည်သည့် လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်သည် မှန်း မသိရှိရကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - နယ်စည်းမခြား ပရဟိတလူမှုကူညီရေး အသင်း (သီပေါ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~