မိုင်းယောင်းမြို့တွင် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ ဆေးကုပေး

မိုင်းယောင်းမြို့တွင် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ ဆေးကုပေး
မတျ 27, 2018
By Tachileik News Agency

(၇၃)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် အမှတ်(၃၁၁)ခြေမြန်တပ်ရင်းမှ နယ်လှည့်ဆေးကုသရေးအဖွဲ့က တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စုတွင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် (၈၁)ဦးအား ဆေးဝါးကုသပေးခဲ့ကြောင်း သိရသည်။

နယ်လှည့်ဆေးကုသရေးအဖွဲ့အား အမှတ်(၃၁၁)ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇေယျာဝင်းမှ  ဦးစီးကာ မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ကျေးရွာ အုပ်စု၊ စံပြကျေးရွာတွင် စံပြကျေးရွာ အပါအ၀င် အနီးပတ်ဝန်းကျင်မှ သက်ကြီးရွယ်အိုများနှင့်လူကြီးလူငယ် စုစုပေါင်း(၈၁)ဦးအား အခမဲ့ ဆေးဝါးကုသပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့မှ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သွေးတိုးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ မျက်စိနာရောဂါ၊ အရေပြားရောဂါ၊ ဖျားနာရောဂါ နှင့် အထွေထွေရောဂါများအား စမ်းသပ်စစ်ဆေး ကုသပေးခဲ့ပြီး သက်ကြီးရွယ်အို ဘိုးဘွားများအား ကုသိုလ်ဖြစ် အာဟာရပြည့်ကြက်ဥများ ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ - ရတုဆက်



~~~~~~~~⊰❂ unicode ~~~~~~~~

(၇၃)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် အမှတ်(၃၁၁)ခြမြေန်တပ်ရင်းမှ နယ်လှည့်ဆေးကုသရေးအဖွဲ့က တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စုတွင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် (၈၁)ဦးအား ဆေးဝါးကုသပေးခဲ့ကြောင်း သိရသည်။

နယ်လှည့်ဆေးကုသရေးအဖွဲ့အား အမှတ်(၃၁၁)ခြမြေန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇေယျာဝင်းမှ ဦးစီးကာ မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ကျေးရွာ အုပ်စု၊ စံပြကျေးရွာတွင် စံပြကျေးရွာ အပါအဝင် အနီးပတ်ဝန်းကျင်မှ သက်ကြီးရွယ်အိုများနှင့်လူကြီးလူငယ် စုစုပေါင်း(၈၁)ဦးအား အခမဲ့ ဆေးဝါးကုသပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့မှ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သွေးတိုးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ မျက်စိနာရောဂါ၊ အရပြေားရောဂါ၊ ဖျားနာရောဂါ နှင့် အထွေထွေရောဂါများအား စမ်းသပ်စစ်ဆေး ကုသပေးခဲ့ပြီး သက်ကြီးရွယ်အို ဘိုးဘွားများအား ကုသိုလ်ဖြစ် အာဟာရပြည့်ကြက်ဥများ ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ရတုဆက်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~