ဟောင်ကောင်မှ အကောက်ခွန်မဲ့ တင်သွင်းလာသည့် ရွှေထည်ပစ္စည်းများ ရန်ကုန်လေဆိပ်တွင် ထပ်မံဖမ်းမိ

ဟောင်ကောင်မှ အကောက်ခွန်မဲ့ တင်သွင်းလာသည့် ရွှေထည်ပစ္စည်းများ ရန်ကုန်လေဆိပ်တွင် ထပ်မံဖမ်းမိ
မတျ 8, 2018
By Tachileik News Agency



အဆိုပါ ရွှေထည်ပစ္စည်းများအား လေဆိပ်အကောက်ခွန်ဦးစီးဌာနက သိမ်းဆည်းလိုက်ပြီး ပစ္စည်းပိုင်ရှင်အနေဖြင့် တားဆီးသည့်နေ့မှ (၁၄) ရက်အတွင်း အကောက်ခွန်ဦးစီးဌာန၊ ကာကွယ်ရေးဌာနခွဲ၌ တရားဝင်တင်သွင်းခွင့် အထောက်အထား စာရွက်စာတမ်းများနှင့်အတူ ထုချေရှင်းလင်း၍ ကိုက်ညီမှန်ကန်ပါက ထုတ်ယူခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

အလားတူပင် မတ်လ (၄) ရက်နေ့က Dragon Air လေကြောင်းလိုင်းဖြင့် ဟောင်ကောင်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လိုက်ပါလာသည့် မြန်မာနိုင်ငံသား ခရီးသည်နှစ်ဦးထံက စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ (၇၁၂၉၀)ရှိ  အကောက်ခွန်မဲ့ ရွှေဖြူလက်ဝတ်ရတနာများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓါတ်ပုံ - ပြည်ထဲရေး


~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်နိုင်ငံ ဟောင်ကောင်လေဆိပ်မှ တဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံသူတစ်ဦးထံက အကောက်ခွန်မဲ့ ရွှေထည်ပစ္စည်းများကို မတ်လ (၇)ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သိမ်းဆည်းရမိကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-2 ပြည်ပဆိုက်ရောက်တွင် ၂၀၁၈ ခုနှစ် မတ်လ (၇)ရက်နေ့ ညနေ (၄)နာရီ (၂၀)မိနစ်ဝန်းကျင်က X-Ray စက်ဖြတ်သန်းသည့် ဒေါ်သင်းသင်းခိုင်၏ ခရီးဆောင်အိတ် အတွင်းမှ ရွှေထည်ပစ္စည်းများ ဖြစ်သည့် ရွှေဆွဲကြိုး (၅) ကုံး၊ ဘယက် (၇) ကုံး၊ လက်ကောက် (၁) ကွင်း၊ ဟန်းချိန်း (၃) ကွင်း၊ နားဆွဲ (၇) စုံနှင့် (၁) ဖက်၊ လက်စွပ် (၃) ကွင်း တို့အား စစ်ဆေးတွေ့ရသဖြင့် လေဆိပ်အကောက်ခွန် ဦးစီးဌာနက စစ်ဆေးရာ ဟောင်ကောင်မှ ဝယ်ယူလာပြီး အကောက်ခွန်မဲ့တင်သွင်းလာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု သိရသည်။

အဆိုပါ ရွှေထည်ပစ္စည်းများအား လေဆိပ်အကောက်ခွန်ဦးစီးဌာနက သိမ်းဆည်းလိုက်ပြီး ပစ္စည်းပိုင်ရှင်အနဖြေင့် တားဆီးသည့်နေ့မှ (၁၄) ရက်အတွင်း အကောက်ခွန်ဦးစီးဌာန၊ ကာကွယ်ရေးဌာနခွဲ၌ တရားဝင်တင်သွင်းခွင့် အထောက်အထား စာရွက်စာတမ်းများနှင့်အတူ ထုချေရှင်းလင်း၍ ကိုက်ညီမှန်ကန်ပါက ထုတ်ယူခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

အလားတူပင် မတ်လ (၄) ရက်နေ့က Dragon Air လေကြောင်းလိုင်းဖြင့် ဟောင်ကောင်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လိုက်ပါလာသည့် မြန်မာနိုင်ငံသား ခရီးသည်နှစ်ဦးထံက စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ (၇၁၂၉၀)ရှိ အကောက်ခွန်မဲ့ ရွှဖြေူလက်ဝတ်ရတနာများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~